မြေသိမ်းမှုများ ဖြေရှင်းရန် ခက်ခဲနေ

မြေသိမ်းမှုများ ဖြေရှင်းရန် ခက်ခဲနေ - Property News in Myanmar from iMyanmarHouse.com
7 Jun 2014 12:31 pm တွင် တင်ခဲ့သည်
1045 ကြိမ် ကြည့်ရှု့ပြီး
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိကျေးရွာများတွင် ပြည်နယ်အတွင်းရှိငြိမ်းချမ်းရေးလက်နက်ကိုင် အမည်ခံစီးပွားရေးသမားများ သိမ်းဆည်းထားသည့် မြေကိစ္စမှာ ဖြေရှင်းရန်ခက်ခဲနေကြောင်း ၈၈ ကရင်မျိုး ဆက်ကျောင်းသားအစည်းအရုံးက မေလ ၃ဝ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

”ခြိမ်းခြောက်ပြီး သိမ်းယူတာတွေလည်း ရှိတယ်။ PC အဖွဲ့ကပြန်ပေးဆွဲတာတွေပါ လုပ်ဆောင်နေ တယ်။ ကရင်ပြည်သူတွေကလည်းမတိုင်ရဲဘူး။ ကျွန်တော်တို့ကတော့စစ်တပ်၊ ရဲတို့ကိုတော့ အကြောင်း ကြားထားတယ်။ ဒါတွေဟာ ဘားအံမြို့နယ်နဲ့ တစ်မိုင်ပတ်လည်မှာ ရှိတဲ့ရွာမှာဖြစ်သွားတာ”ဟု ၈၈ ကရင် မျိုးဆက်ကျောင်းသားအစည်းအရုံးမှရုံးပိုင်းဆိုင်ရာတာဝန်ခံ ဦးငြိမ်းသူကပြောသည်။

ဦးဇင်းဦးတေ အဖွဲ့ဆိုပြီး အမည်ခံ သိမ်းဆည်းမှုများလည်း ရှိရာ ကရင်ပြည်နယ်တွင် လှိုင်းဘွဲ့၊ ဘားအံ တစ်ဝိုက်နှင့် မြဝတီတွင် ထိုကဲ့သို့မြေသိမ်းမှုများသည်ဟု ၎င်း အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးစောမောင်ကြီးက ပြောသည်။

”ကိုယ့်လယ်ကို ပြန်ရချင်တာပေါ့။ KNU/KNLA-PC အဖွဲ့ကကျွန်တော့လယ် ၉ ဒသမ ၇၄ ဧက ကို သိမ်းသွားတယ်။ ဒီနှစ်ထဲမှာသင်္ကြန်မတိုင်ခင်ကပါ”ဟု ဘားအံမြို့နယ်၊ ထားဝယ်အောင် ရွာတွင်နေထိုင်သည့် ဦးစောထွန်းအောင်ရွှေက ပြောသည်။

ဦးစောထွန်းအောင်ရွှေကို မြဝတီမြို့သို့ ဖမ်းခေါ်သွားပြီး KNU/KNLA-PC (အမှတ်-၇ဝ၉) တပ်ရင်းရုံး ရှိသည့် အမှတ် (၄) ရပ်ကွက်အောင်မြင်ရွှေဘို အ-မ-က ကျောင်းရှေ့ရုံး၌ ၎င်းတို့ အသင့်ရိုက်ထားသည့် စာချုပ်တွင် လက်မှတ်ထိုး၊ လက်ဗွေနှိပ်ပြီးမှ ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါ ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် လယ်မြေသိမ်းခြင်းနှင့် ပတ်သက်ပြီး KNU/KNLA-PC ကို ဆက်သွယ်မေးမြန်းခဲ့ရာထိုကဲ့သို့ လယ်မြေသိမ်းမှုများမရှိကြောင်း KNU/KNLA-PC ဘားအံ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောအောင်ချစ်က ပြောသည်။

ခြံကလေးကျေးရွာတွင် မြငွေးကြွယ်လင်း ကုမ္ပဏီမှ သိမ်းဆည်းထားသည့် လယ်မြေ ၁,ဝ၁၁ ဧကရှိပြီး ၂ဝ၁၃ ခုနှစ်၊ မေလ၌ ၎င်းလယ်မြေပေါ်တွင် ရေကန် ၃၄ ကန် တူးထားသည်ဟု အဆိုပါကျေးရွာမှ ဒေသခံ ဦးဇင်းခေမာက ပြောသည်။

ခြံကလေးကျေးရွာသည် ဘားအံနှင့် ၁၅ မိုင်ဝေးပြီး ကရင်နှင့် မွန်ပြည်နယ်သွားသို့ သွားသည့် အဖျောက်လမ်းတွင် ရှိသည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service