သီလဝါတွင် ဆိပ်ခံတံတားများနှင့်ဂိုဒေါင်များ တည်ဆောက်ရန် ညှိနှိုင်း

သီလဝါတွင် ဆိပ်ခံတံတားများနှင့်ဂိုဒေါင်များ တည်ဆောက်ရန် ညှိနှိုင်း - Property News in Myanmar from iMyanmarHouse.com
6 Jun 2014 5:19 pm တွင် တင်ခဲ့သည်
598 ကြိမ် ကြည့်ရှု့ပြီး
သီလဝါဆိပ်ကမ်းတွင် ဆိပ်ခံတံတားနှင့်ဂိုဒေါင်များ တည်ဆောက်ရန်အတွက် မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း (MAPCO) က ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း MAPCO ၏ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က မေလ ၃ ရက်၌ှ Summit Parkview ဟိုတယ်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ပြည်ပလုပ်ငန်းရှင်များနှင့်အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနအဖွဲ့ တို့တွေ့ဆုံပွဲ၌ ပြောသည်။

”MIC မှာ နောက်ဆုံးစာချုပ်ချုပ်ဖို့အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေပါတယ်။ တည်ဆောက် ရေး လုပ်ငန်းတွေ မစခင်မှာပဲ တင်ဒါအောင်မြင်တဲ့ကုမ္ပဏီကို ကြေညာပေးသွားမယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

သီလဝါဆိပ်ကမ်း မြေကွက်အမှတ် ၂၈ ပေါ်ရှိ ၃၇ ဧကကျော်ကျယ်ဝန်းသည့် မြေနေရာပေါ်တွင် ဆိပ်ကမ်းများ၊ နွေမိုးဆောင်း အသုံးပြုကာ ကုန်တင်နိုင်သည့် သယ်ယူပို့ဆောင်ရေးစနစ်များအပြင် ကုန်ပစ္စည်း များ ထားသိုရန်အတွက်ဂိုဒေါင်များကိုပါ ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများအတွက်လည်း အမေရိကန်ဒေါ်လာ သန်း ၃ဝ မှ ၄ဝ ကြား ကုန်ကျစရိတ် ရှိနိုင်ကြောင်း သိရသည်။

လယ်ယာထွက်ကုန်များကိုပြည်ပ နိုင်ငံများသို့ တင်ပို့ရာတွင်လက်ရှိ ဆိပ်ကမ်း အများစုမှာ မိုးရာသီ၌ တင်ပို့နိုင်ရန် အခက်အခဲများရှိနေသဖြင့် မြန်မာ့လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်းက သီလဝါဒေသတွင် သုံးရာသီပတ်လုံး စဉ်ဆက်မပြတ် အသုံးချနိုင်သည့် ဆိပ်ခံတံတားများ၊ သယ်ယူပို့ဆောင်ရေးစနစ်များအပြင် ကုန်သိုလှောင်ရုံများကိုပါ ထည့်သွင်းတည်ဆောက်နိုင်ရန် လျာထားခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် ပြည်တွင်း၊ ပြည်ပမှ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုလွှာများ ပေးပို့ထားကြပြီး တင်ဒါ တင်သွင်းသည့်လုပ်ငန်းရှင်၊ ကုမ္ပဏီ ကိုးခုရှိကြောင်းသိရသည်။

”တင်ဒါလာလျှောက်တဲ့ ကုမ္ပဏီတွေထဲက လေးဖွဲ့ကိုတော့ ဆန်ခါတင်ရွေးထားတယ်။ အပြီးသတ် ပေးမယ့် ကုမ္ပဏီတော့ မရွေးရသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းမှု ပြီးစီးပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် အပြီးသတ် စာချုပ် ချုပ်ဆိုကာ တည်ဆောက်ရေးလုပ်ငန်းများကို တင်ဒါရရှိသည့် ကုမ္ပဏီက အမြန်ဆုံးတည်ဆောက်သွား မည်ဖြစ်ပြီး ယင်းဆိပ်ကမ်းအား မည်သူမဆို အခကြေးငွေပေး၍ အသုံးပြုနိုင်ကာ ကုန်ပစ္စည်းများ တင်ပို့နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ ဆိပ်ကမ်းအများစုမှာ မြို့ပြဧရိယာအတွင်း တည်ရှိကာကျဉ်းမြောင်းခြင်း၊ ကုန်ပစ္စည်းများ စုပုံသည့် ဧပြီလနှင့် မေလတို့တွင်ထားသိုရန် အခက်အခဲများရှိခြင်းတို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် သင်္ဘောတင်ရက်ရရှိရန် စောင့်ဆိုင်းရသည့်အတွက် ယခုကဲ့သို့ အများပြည်သူတို့ အသုံးပြုနိုင်သည့် ဆိပ်ကမ်း သစ်များ ထပ်မံတည်ဆောက်ခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုပိုမိုမှန်ကန် မြန်ဆန်လာစေနိုင်မည်ဖြစ်ကြောင်း ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များထံမှ သိရသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service