အစိုးရပါဝင်ခြင်းမရှိပါက တန်ဖိုးနည်းအိမ်ရာများ ဈေးနှုန်းမြင့်တက်မှုကို ထိန်းရန် မလွယ်ဟုဆို

အစိုးရပါဝင်ခြင်းမရှိပါက တန်ဖိုးနည်းအိမ်ရာများ ဈေးနှုန်းမြင့်တက်မှုကို ထိန်းရန် မလွယ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
4 Jun 2014 6:13 pm တွင် တင်ခဲ့သည်
963 ကြိမ် ကြည့်ရှု့ပြီး
အစိုးရပါဝင်ခြင်းမရှိပါက ရောင်းလိုအားနှင့် ၀ယ်လိုအားမျှတသည့် အခြေအနေ ဖန်တီးပေးနိုင်မည်မဟုတ်ဘဲ တန်ဖိုးနည်းအိမ်ရာများ ရောင်းချပြီး နောက်ပိုင်း ဈေးမြင့်တက်လာခြင်းကို ထိန်းချုပ်နိုင်မည်မဟုတ်ဟု တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌဦးကိုကိုထွေးက မဇ်္ဈိမကို ပြောသည်။

မေလ ၃၁ ရက်က ကျင်းပသော တော်ဝင်မိသားစု၏ အလက(၄)စမ်းချောင်း ကျောင်းဆောင်သစ် ပေးအပ် လှူဒါန်းပွဲတွင် တွေ့ဆုံစဉ် မုဒိတာတန်ဖိုးနည်းအိမ်ရာ (၃) စီမံကိန်းဆောက်လုပ်မှုနှင့် စပ်လျဉ်း၍ မဇ်္ဈိမ၏ မေးမြန်းမှုကို ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

ဦးကိုကိုထွေးက “မုဒိတာအိမ်ရာ(၁) နဲ့ (၂)က အခန်းတွေ ရောင်းတာ ကုန်သလောက်ဖြစ်သွားပြီ။ မုဒိတာ အိမ်ရာ(၃)ကို ဆက်လုပ်ဖို့ စီစဉ်ထားတယ်။ အခုထိ မုဒိတာ (၃) အတွက် မြေနေရာက အခက်အခဲ ရှိနေတယ်။ ဈေးတက်လာတဲ့ကိစ္စက ရောင်းနိုင်တဲ့အခန်းက နည်းပြီး ၀ယ်မယ့်သူ များနေတယ်။ ဒါကို လိုအပ်တဲ့ ပမာဏအတိုင်း အခန်းများများ ရောင်းနိုင်ဖို့ အစိုးရက ပါဝင်ဖို့ လိုတယ်”ဟု ပြောသည်။

ထို့အပြင် တန်ဖိုးနည်းအိမ်ရာ အများစုသည် စတင်ရောင်းချစဉ်ကပင် ကျပ်သိန်း ရာကျော်နေခြင်းဖြစ်ရာ အခြေခံလူတန်းစားများ ၀ယ်ယူနိုင်ရန် လက်လှမ်းမမီဘဲ ဖြစ်နေပြီး အခြေခံလူတန်းစားများအားလုံး ၀ယ်ယူနိုင်ရန်အတွက်ဆိုပါက သီးခြားစီမံကိန်းများဖြင့် တည်ဆောက်နိုင်ရန် လိုအပ်မည်ဟု ၎င်းက ဆက်ပြောသည်။

ဦးကိုကိုထွေးကပင် “အခြေခံလူတန်းစားတွေ အားလုံးအတွက် ကျပ်သိန်း လေးငါးဆယ်လောက်နဲ့ နေဖို့ အဆင်ပြေတယ်ဆိုတဲ့ အိမ်ရာကုန်ကျစရိတ်ကို တွက်ပြီး ဒီဇိုင်းဆွဲထားတာ ရှိတယ်။ အစိုးရအနေနဲ့တကယ်တမ်း အခြေခံလူတန်းစားအသီးသီးကို တိုက်ခန်းနဲ့နေစေချင်တယ်ဆိုရင် ဖြစ်လာမှာပဲလေ ”ဟု ပြောသည်။

မုဒိတာအိမ်ရာ(၁)နှင့်(၂)တို့၏ အခန်းများ စတင်ရောင်းချစဉ်က အခန်း တစ်ခန်လျှင် ကျပ်သိန်း ၁၅၀ မှ ကျပ် ၁၆၅ သိန်း ၀န်းကျင်ဈေးများဖြင့် ရောင်းချခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် မြေညီထပ်အခန်း ဈေးသည် ကျပ်သိန်း ၇၀၀ ကျော် ၀န်းကျင် ပေါက်ဈေးရှိလာသည်ဟု ဆိုသည်။

စီးပွားရေးပညာရှင် ဦးလှမောင် က “တရုတ်က မြန်မာနိုင်ငံထက် လူဦးရေ အများကြီး ပိုပါတယ်။ ဒါပေမဲ့ အခြေခံလူတန်းစားတွေ အားလုံးနီးပါး တိုက်ခန်း ပိုင်ဆိုင်နိုင်အောင် အစိုးရက စနစ်တကျ လုပ်ပေးနိုင်ခဲ့တယ်။ မြန်မာမှာလည်း အစိုးရအနေနဲ့ တကယ်တမ်းလုပ်ရင် ဖြစ်ပါတယ်။ လယ်ယာတွေနဲ့ ကင်းတဲ့ မြေလွတ်တွေ အများကြီးကို အိမ်ရာစီမံကိန်းတွေဖြစ်အောင် လုပ်ပေးရင် ဖြစ်နိုင်တာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ မုဒိတာအိမ်ရာ(၁) နှင့် (၂) ၊ ဗိုလ်ဗထူးအိမ်ရာနှင့် အခြားသော ဆောက်လုပ်ရောင်းချပြီး တန်ဖိုးနည်း အိမ်ရာများအားလုံး၏ အခန်းအရေအတွက် စုစုပေါင်းမှာ နှစ်သောင်းပင် မပြည့်ခြင်းမရှိသေးရာ ရန်ကုန်မြို့နေ လူဦးရေနှင့်နှိုင်းယှဉ်လျှင် များစွာ လိုအပ်နေသေးသည်။

အခြားတစ်ဖက်တွင်လည်း တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရတို့က ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်။

ရန်ကုန်နှင့် မန္တလးမြို့တို့တွင် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ လုပ်ဆောင်နေသည့်အပြင် အခြားပြည်နယ်နှင့် တိုင်းတို့ရှိမြို့ကြီးများတွင်ပါ အိမ်ရာစီမံကိန်းများ လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်သည်။

Credit: Mizzima Burmese

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service