ဝန်ထမ်းများအား အိမ်ရာများကို အများဆုံးကျပ် ၉၀၀၀ နှုန်းဖြင့် ငှားပေးမှုများရှိသော်လည်း နေအိမ်လိုင်းခန်းမရ

ဝန်ထမ်းများအား အိမ်ရာများကို အများဆုံးကျပ် ၉၀၀၀ နှုန်းဖြင့် ငှားပေးမှုများရှိသော်လည်း နေအိမ်လိုင်းခန်းမရ - Property News in Myanmar from iMyanmarHouse.com
4 Jun 2014 10:40 am တွင် တင်ခဲ့သည်
662 ကြိမ် ကြည့်ရှု့ပြီး
အစိုးရ၀န်ထမ်များအား ပြည်သူ့အိမ်ရာနှင့် ၀န်ထမ်းအိမ်ရာများကို အနိမ့်ဆုံးငွေကျပ် ၁၇၀၀ မှ အများဆုံးကျပ် ၉၀၀၀ နှုန်းဖြင့် ငှားပေးထားသော်လည်း နေအိမ်လိုင်းခန်းမရရှိသည့် ၀န်ထမ်းများအား ငှားရမ်းခများ ခံစားခွင့်ပြုပေးရန် အစီအစဉ်မရှိသေးကြောင်း သမ္မရုံးဝန်ကြီး ဌာန(၂)မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောကြားသည်။

နေပြည်တော်တွင် မေ ၃၀ ရက်က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ ၌ မွန်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီမြင့်ဧ။် အောက်ခြေနှင့်အလယ်အလတ်အဆင့် နိုင်ငံဝန်ထမ်းများအတွက် သားသမီးများ ပညာရေး၊ မိသားစု၊ ကျန်းမာရေးနှင့် နေထိုင်ရေးတို့အတွက် ရေရှည်စနစ်တကျ ကူညီဖြေရှင်းနိုင်မည့် အစီအမံများဖြင့် ဆောင်ရွက်ရန် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အိမ်ငှားချထားရာတွင် သက်ဆိုင်ရာမြို့များရှိ ဒေသန္တရအစိုးရများက ဦးစီး ၍ ၀န်ထမ်းများဧ။် ဌာနရာထူးနှင့် လုပ်သက်အလိုက် စိစစ်ခွင့်ပြုပေးခြင်းဖြစ်ပြီး မိမိတို့ တာဝန်ထမ်းဆောင်သည့် မြို့နယ်တွင် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း နေထိုင်ခွင့်ရှိပါတယ်။ နေအိမ်လိုင်းခန်းမရရှိသည့် နိုင်ငံ့ဝန်ထမ်းများအား သက်ဆိုင်ရာဒေသနှုန်းထားအလိုက် အိမ်ငှားရမ်းခများ ခံစားခွင့်ပြုပေးရန် အစီအစဉ်မရှိသေးပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဖြေကြားသည်။

လက်ရှိတွင် ၀န်ထမ်းများဧ။် လစာငွေသည် စားရေးနှင့်ဝတ်ရေးတို့အတွက် လုံလောက်သော်လည်း သားသမီးများဧ။် ပညာရေး၊ မိသားစုကျန်းမာရေးနှင့် နေထိုင်ရေးတို့အတွက် ဘ၀အာမခံချက်နည်းပါးလျက် ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီမြင့်က ပြောကြားသည်။

မူလတန်းအဆင့်ရှိ ကျောင်းသားအားလုံးကို တစ်ဦးလျှင် ဗလာစာအုပ် ခြောက်အုပ်နှုန်းနှင့် ငွေကျပ်တစ်ထောင်နှုန်း ထောက်ပံ့ပေးမည် ဖြစ်ပြီး ယခု ၂၀၁၄−၂၀၁၅ ပညာသင်နှစ်မှစ၍ အလယ်တန်းကျောင်းသားအားလုံးကို အခမဲ့ပညာသင်ယူခွင့် ပြုထားကြောင်း သမ္မရုံးဝန်ကြီးဌာန(၂)မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောကြားသည်။

အစိုးရမှ နိုင်ငံဝန်ထမ်းများအား အတိုင်းအတာတစ်ခုအထိ လစာတိုးပေးခဲ့သော်လည်း ကုန်ဈေးနှုန်းမြင့်တက်လာမှုများကြောင့် ၀န်ထမ်းများနှင့်အတူ သာမန်ပြည်သူများ၊ အခြေခံလူတန်းစားများမှာ ပိုမိုခံစားနေရကြောင်း ဒေါ်ရီရီမြင့်က ပြောကြားသည်။

Credit: Shwe Property

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service