တိုးတက်လာသည့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး ကဏ္ဍကို ပြည်ပလုပ်ငန်းရှင်များ အလေးထားစောင့်ကြည့်

တိုးတက်လာသည့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး ကဏ္ဍကို ပြည်ပလုပ်ငန်းရှင်များ အလေးထားစောင့်ကြည့် - Property News in Myanmar from iMyanmarHouse.com
4 Jun 2014 10:28 am တွင် တင်ခဲ့သည်
1160 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ ပြောင်းလဲလာသည့် နိုင်ငံရေးနှင့် စီးပွားရေးများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများက တစ်နေ့တခြား ပိုမိုစိတ်ဝင်စားလျက် ရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့သောပြောင်းလဲမှုများထဲတွင် မြန်မာ နိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အိမ် ခြံမြေကဏ္ဍသည်လည်း တစ်ခုအပါဝင်ဖြစ်ရာ ယခုအခါတွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်လာသည်ကို တွေ့ရသည်။

ထိုကဲ့သို့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ၏စီးပွားရေး အချက်အချာကျ သည့် ရန်ကုန်မြို့သည်လည်း ပြည်တွင်းပြည်ပ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ မျက်စိကျရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့၏ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းသည် နိုင်ငံတော်၏ နိုင်ငံရေး နှင့် စီးပွားရေးပွင့်လင်းမှု ပိုရရှိပါက နိုင်ငံတကာ က စိတ်ဝင်တစားနှင့် ရင်းနှီးမြှုပ်နှံမှုမှာ ပိုမိုတိုးတက်လာနိုင်ကြောင်း နိုင်ငံတကာ လုပ်ငန်းရှင်များနှင့် ပညာရှင်များက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့တွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဆိုင်ရာဆွေးနွေးပွဲများနှင့် နည်းပညာပြပွဲများ နိုင်ငံတကာကလာရောက် ဦးဆောင်၍ ကျင်းပမှုများလည်း အများအပြားရှိလာခဲ့ပြီး ယင်းကဲ့သို့ ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုများအတွက် အခွင့်အလမ်းများ ပိုမိုရလာနိုင်ကြောင်း မေလ ၂၆ ရက်နေ့နှင့် ၂၇ ရက် နေ့အတွင်းကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အိမ်ခြံမြေနှင့် မြို့ပြတည်ဆောက်မှုဆိုင်ရာ ဆွေးနွေးပွဲကိုစီစဉ်ကျင်းပသည့် စင်ကာပူ နိုင်ငံ Sphere ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Chua Weeကပြောသည်။

"လက်ရှိလူဦးရေ သန်း ၆၀ နီးပါးနဲ့အတူ စီးပွားရေးအရှိန်အဟုန်မြင့်မြင့်တိုးတက်နေတဲ့မြန်မာနိုင်ငံက အခြေခံ အဆောက်အအုံနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ တိုးတက်ဖို့အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ လွန်ခဲ့ တဲ့ နှစ်နှစ်အတွင်းမှာ ရန်ကုန်နဲ့ မန္တလေးအိမ် ဈေးနှုန်းတွေ ခုန်တက်ခဲ့တာကို ကြည့်ရင်သိသာ ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ဆောက်လုပ် ရေးကဏ္ဍကလည်း အဆောက်အအုံတွေ အရှိန် အဟုန်နဲ့ တည်ဆောက်နေကြပါတယ်။ ဒီလိုမျိုး အရှိန်အဟုန်မြင့်တက်နေတဲ့အချိန်မှာ နိုင်ငံတကာက နည်းပညာတွေအတွေးအခေါ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုပိုင်းက ပိုမိုအောင်မြင်နိုင်မှာဖြစ်တဲ့အတွက် ပြပွဲ တွေ ဆွေးနွေးပွဲတွေက ဒီအခွင့်အလမ်းတွေ ဖန်တီးပေးမှာပါ" ဟု ၎င်းကပြောသည်။

ထို့ပြင် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုသည်လည်း စီးပွားရေးကဏ္ဍတွင် အရေးပါလာသည့်အလျောက်လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု ပိုင်းမြင့်တက်လာခဲ့မှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်း များလည်းအဆမတန်ကြီးမြင့်မှုများ ဖြစ်ပေါ် ခဲ့သည်။ ရန်ကုန်မြို့တွင်းရှိ မြေဈေးနှုန်းများ သည် တစ်စတုရန်းမီတာလျှင် 'ကန်' ဒေါ်လာ ၁,၀၀၀ မှ ၃,၀၀၀ အတွင်းရှိသည်။

ယင်းကဲ့သို့ ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးကြီးမြင့်မှုများကြောင့် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုပိုင်းတွင် အခက်အခဲများဖြစ်လာသည့်အတွက် နိုင်ငံတော်အစိုးရက ယင်းကဲ့သို့မြင့်မားနေမှုကို တည်ငြိမ်စေရန် ပူးပေါင်းပါဝင်ဆောင်ရွက်ပါက ပိုမိုအဆင်ပြေနိုင်ကြောင်း ၎င်းကပြောသည်။

"ရန်ကုန်မြို့က အိမ်ခြံမြေကဏ္ဍက စီးပွားရေးပိုင်းမှာ အဓိကကျတာကို တွေ့လာရပါတယ်။ အဓိကကျလာမှုနဲ့အတူ အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှုကလည်း ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ အရေးပါလာပါတယ်။ ဒီလို အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုက လူတွေကို စိုးရမ်ပူပန်မှုဖြစ်စေပါတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမြင့်တက်လာမှုနဲ့အတူ ဈေးတွေပါ မြင့်တက်လာတာကတော့ မကောင်းဘူးလို့ထင်ပါတယ်။ အဲ့ဒါကြောင့် အစိုးရကလည်း ဒီအတွက် တည်ငြိမ်တဲ့ ဈေးနှုန်း တွေ ဖြစ်လာအောင်ပူးပေါင်းပါဝင်ဆောင်ရွက် ပေးမယ်လို့ ယုံကြည်ပါတယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းပိုင်းတွင် လည်း နိုင်ငံတကာက လုပ်ငန်းရှင်များသည်မြန်မာနိုင်ငံတွင် ယခုထက်ပိုမိုကာရင်းနှီးမြှုပ်နှံ နိုင်ရန် မြန်မာနိုင်ငံတွင်ပြုလုပ်သည့် ပြပွဲ၊ဆွေးနွေးပွဲများမှတစ်ဆင့် ဈေးကွက်အတွင်းလေ့လာကာ နိုင်ငံတော်အစိုးရ၏ စီးပွားရေး အခွင့်အလမ်းပွင့်လင်းမှုကိုလည်း ဆက်လက် စောင့်ကြည့်နေကြောင်း ပြည်ပဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

"ကျွန်မတို့ရဲ့လုပ်ငန်းကို မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်မှာ စပြီးရုံးခွဲဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ကဆောက်လုပ်ရေးပိုင်းမှာရော အိမ်ခြံမြေပိုင်းမှာပါ ပြောင်းလဲ မှုတွေအများကြီး ဖြစ်ပေါ်နေတဲ့အတွက် ကိုယ့်ရဲ့လုပ်ငန်းကို လည်းဒီမှာလာပြီးတိုးချဲ့နေတာပါ။ ပြပွဲလာရောက် ပြသတာလည်းနှစ်ကြိမ်ရှိပါပြီ။ ဒီက လုပ်ငန်းရဲ့ အခြေအနေကတော့ တဖြည်းဖြည်းပဲ သွားနေပါတယ်။ ကျွန်မတို့က လုပ်ငန်းဆက်ပြီး တိုးချဲ့ဖို့ကို ဒီနိုင်ငံရဲ့နိုင်ငံရေး စီးပွားရေး ပွင့်လင်းမှုကိုပဲ စောင့်ကြည့်နေတာပါ။ မြေဈေး တွေအရမ်းမြင့်တာကိုလည်း စောင့်ကြည့်နေ ပါတယ်။ လာမယ့် နိုင်ငံရေးအပြောင်းအလဲမှာ မြန်မာအစိုးရက ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကို စောင့်ကြည့်နေမှာပါ" ဟုမေလ ၂၂ ရက် နှင့် ၂၃ ရက်နေ့တို့တွင် ကျင်းပခဲ့သော Build Tech Yangon 2014 ပြပွဲတွင်လာရောက်ပြသ သည့် စင်ကာပူနိုင်ငံက ဆောက်လုပ်ရေး ကရိန်း ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ရန်ကုန်မြို့၏ မြေဈေးနှုန်း ကြီးမြင့် ခြင်းသည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု၏ အကျိုး မြတ်ကောင်းရရှိမှုတို့ကြောင့် ဈေးနှုန်းကစား သူများကြောင့်လည်း မြေဈေးနှုန်းများ မြင့်တက် နေရခြင်းဖြစ်ကြောင်း အိုးအိမ်ဦးစီးဌာန မြို့ပြ နှင့် ဒေသစီမံကိန်းဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အေးကပြောသည်။

"မြေဈေးတွေ ကြီးမြင့်လာတာ ဈေးကစား သူတွေကြောင့်လည်း ပါပါတယ်။ ဒီအပေါ်မှာ မြှုပ်နှံတဲ့အခါ အချိန်တိုအတွင်းမှာ အကျိုး အမြတ်များများလည်းရတယ်။ တခြားရင်းနှီး မြှုပ်နှံစရာနေရာတွေကလည်း သိပ်မရှိတော့ ဒီအပေါ်မှာ မြှုပ်နှံကြတယ်။ ဈေးကစားကြတယ်။ နောက်ပိုင်းမှာတခြားဈေးကွက်ဖွံ့ဖြိုးလာရင် တော့ အိမ်ခြံမြေဈေးလည်း တည်ငြိမ်သွားနိုင်ပါတယ်" ဟု ၎င်းကပြောသည်။

Credit: MM Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service