လုပ်ငန်းများအကောင်အထည် ဖော်ရန် မြေကွက်များစတင် ရောင်းချရာတွင် လာရောက် လျှောက်ထားသည့်ဦးရေများပြား သည့်အတွက် ဒုတိယအဆင့်စီမံ ကိန်းအတွက်ပါ တစ်ပြိုင်တည်း ရောင်းချသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
‘‘အစတုန်းက ပထမအဆင့် ကို အကောင်အထည်ဖော်ပြီးမှ ဒုတိယအဆင့်ကိုစရောင်းဖို့ စီစဉ် ထားတာပါ။ ဒါပေမဲ့ မြေဝယ်ယူ လိုကြောင်း လာပြီးလျှောက်တဲ့ လူဦးရေက ပိုပြီးများနေတဲ့အ တွက် ဒုတိယအဆင့်စီမံကိန်း အတွက်ကိုပါ ဝယ်နိုင်အောင်လို့ စီစဉ်ပေးနေပါတယ်’’ဟု သီလဝါ အထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီမှ လုပ်ငန်းတာဝန်ခံတစ် ဦးက ပြောသည်။
အဆိုပါဇုန်စီမံကိန်း ပထမ အဆင့်အတွက် ဟက်တာ ၄၀၀ (မြေဧက ၉၆၀)ခန့်ကို လုပ်ငန်းရှင်တစ်ဦးလျှင် (၁)ဟက်တာ (၂ ဒသမ ၄ ဧက)မှစ၍ အများဆုံး ပမာဏကို သတ်မှတ်ထားခြင်းမရှိဘဲ ရောင်းချပေးလျက်ရှိရာ ဝယ်ယူလိုကြောင်း လာရောက်လျှောက်ထားသူဦးရေ မှာ ရောင်းချမည့်ပမာဏထက် ပိုများပြားနေကြောင်း သတင်းရရှိ သည်။
‘‘လက်ရှိမှာ ပထမအဆင့် အတွက် ဝယ်ဖို့လာပြီး လျှောက် ထားတဲ့လူတွေကို ရောင်းချပေးဖို့ တစ်ဆင့်ချင်းစိစစ်နေပါတယ်။ ဒုတိယအဆင့်အတွက်ကတော့ အခုမှ မြေညှိတဲ့လုပ်ငန်းတွေလုပ် နေတာဖြစ်တဲ့အတွက် ဝယ်ယူ လိုတဲ့လူတွေ ကြိုပြီးစာရင်းပေး နိုင်ဖို့ အတွက် စီစဉ်နေပါတယ်’’ဟု အထက်ပါတာဝန်ခံတစ်ဦးက ပြောသည်။
သီလဝါအထူးစီးပွားရေးဇုန် ပထမအဆင့်အတွက် မြေရောင်း ချရာတွင် တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၇၀ ခန့်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး နှစ် ၅၀ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကာ ဒုတိယအဆင့်တွင်လည်း အဆိုပါ နှုန်းထားအတိုင်း ရောင်းချပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းနှင့်စပ်လျဉ်း၍ သီလဝါ အထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီအနေဖြင့် အစုရှယ်ယာ ပေါင်း ၂,၁၄၅,၀၀၀ ကို ၂၀၁၄ ခုနှစ် မတ်လ ၃ ရက်မှ ဧပြီ ၁၉ ရက်အတွင်း ရောင်းချခဲ့ရာတွင် လည်း ဝယ်ယူလိုကြောင်း အဆို ပြုသည့် ပမာဏမှာ ရောင်းချမည့် ပမာဏထက် ကျပ် ၁၈ ဘီလီယံ ကျော် ပိုမိုများပြားခဲ့သည်။