လက်ရှိဖြစ်ပေါ်နေသော အိမ်ခြံမြေဈေး အလွန်အမင်းကြီးမြင့်မှုကို ဖြေရှင်းဖို့....

လက်ရှိဖြစ်ပေါ်နေသော အိမ်ခြံမြေဈေး အလွန်အမင်းကြီးမြင့်မှုကို ဖြေရှင်းဖို့.... - Property News in Myanmar from iMyanmarHouse.com
23 May 2014 5:51 pm တွင် တင်ခဲ့သည်
1270 ကြိမ် ကြည့်ရှု့ပြီး
မန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အိမ်ခြံမြေဈေး အလွန်အမင်းကြီးမြင့်မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ရန် မြေပိုင်ရှင်ရှိသော်လည်း အသုံးမချဘဲ ဈေးကစားရန် စောင့်ဆိုင်းနေသည့် မြေကွက်များကို အစိုးရအနေနှင့် ထိထိရောက်ရောက် ကိုင်တွယ်သင့်ကြောင်း စီးပွားရေးပညာရှင်အချို့နှင့် ဈေးကွက်လေ့လာ စောင့်ကြည့်သူများက ပြောကြားသည်။

“မြေပိုင်ရှင်ရှိပြီး အသုံးမချတဲ့ မြေကွက်တွေနဲ့ ပတ်သက်ပြီး အစိုးရဘာတွေ လုပ်သင့်သလဲဆိုတာ စဉ်းစားဖို့ လိုလာပါတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် ရန်ကုန်ပတ်ဝန်းကျင်နဲ့ စက်မှုဇုန်တွေမှာ အဲဒီပြဿနာ ရှိနေပါတယ်။ မြေကွက်တွေကို ကိုင်ထားပြီး အသုံးမချဘဲ ဈေးကစားဖို့ စောင့်နေတာပါ” ဟု အိမ်ခြံမြေဈေးကွက်အား စောင့်ကြည့် လေ့လာနေသူတစ်ဦးက ပြောကြားသည်။

“မြန်မာပြည်ရဲ့ taxtion policy က out of bound ဖြစ်နေတယ်။ နည်းနည်း ဗြဲလရမ်းဆန်တယ်။ အမှန်တော့ အိမ်ခြံမြေမှာ limit လုပ်တဲ့ ကိစ္စဆိုပါတော့ minimum ကိုသွားပြီး limit လုပ်နေတယ်ဗျာ။ maximum ကျတော့ လွှတ်ပေးထားသလို ဖြစ်နေတယ်။ အမှန်မှာတော့ tax က progressive tax ဖြစ်ရမယ်။ ဆိုတော့ ၀င်ငွေများလေလေ အခွန်နှုန်းထားကလည်း များလေလေ ဖြစ်ရမယ်။ သူများနိုင်ငံမှာတော့ properties gain tax တို့ capital gain tax တို့နဲ့ ကောက်တယ်။ သူကပိုင်ဆိုင်မှုများရင် အခွန်ကောက်ခံ မှုလည်းများတယ်။ နည်းရင်ကောက်ခံမှုလည်း နည်းတယ်။ သူက income tax လိုပဲ။ ဒီမှာက ပြောင်းပြန် ပိုင်ဆိုင်မှုနည်းရင် ပုံသေသတ်မှတ်တယ်။ များလို့ရှိရင် ကင်းလွတ်ခွင့်ရတယ်” ဟု ရန်ကုန်တက္ကသိုလ် အသုံးချဘောဂဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ပြောကြားသည်။

“ဈေးကွက်မှာ ဈေးကစားတာတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီးပြောချင်တာက အချို့နိုင်ငံတွေမှာ properties gain tax ဆိုတာ ရှိပါတယ်။ နောက်တစ်ခုက သူများနိုင်ငံတွေမှာ မြေကွက်လပ်တွေရှိနေရင် idle tax ကောက်တယ်။ land speculation ကို လုပ်ချင်တိုင်း လုပ်လို့မရဘူး။ မြေကွက်လပ်တိုင်းကို ငါးရာခိုင်နှုန်း ကောက်တယ်။ ဒီတော့အနှစ်၂၀ ပစ်ထားရင် သူ့တန်ဖိုး အကုန်လျော်ရသလို ဖြစ်နေပါတယ်။ ဆိုတော့ သိန်း ၁၀၀၀ တန် မြေကွက်ကို အနှစ် ၂၀ ပစ်ထားရင် အစိုးရကို သိန်း ၁၀၀၀ ထပ်ပေးရမှာပါ။ ဈေးတက်တာက ငါးရာခိုင်နှုန်း မကျော်ဘူး။ ဒီတော့ငှားပစ်ရတော့မယ်။ အခုက ရန်ကုန်မှာ သူဌေးတွေက မြေကွက်တွေကိုဝယ်ပြီး ကိုင်ထားတယ်။ ကိုင်ထားတာကိုလည်း ထိထိရောက်ရောက် အရေးမယူနိုင်ပါဘူး” ရန်ကုန်မြို့ရှိ အငြိမ်းစားညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ အနှစ် ၂၀ ခန့်ရှိပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ အဆိုပါစက်မှုဇုန်များ၌ မြေကွက်များ ရယူထားပြီး အကောင်အထည် မဖော်သေးသည့် မြေကွက်များ ရှိနေသေးကြောင်း လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင် ဦးသန်းစိုးက ပြောကြားသည်။

“ဒီမှာတော့ property gain tax ကောက်တယ်ဆိုတာ မကြားဖူးသေးဘူး။ ဘာမှမလုပ်ဘဲ ထားတဲ့မြေတွေကို အခွန်ကောက်လို့ရတာပေါ့။ vacant land တွေကိုလေ။ အချိန်ကြာသည်အထိ ဘာမှမလုပ်ဘဲထားတဲ့ မြေတွေ။ ဒါတွေကို tax ကောက်လိုက်ရင် သူက development ဖြစ်အောင် လုပ်တော့မှာပေါ့။ မြေကိုအကြာကြီး လှောင်ထားတာတွေ မရှိနိုင်တော့ဘူးပေါ့။ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူဖြစ်စေမယ်” ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဆွေက သုံးသပ်ပြောကြားသည်။

အလားတူ လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသော အိမ်ခြံမြေဈေးနှုန်း အလွန်အမင်း ကြီးမြင့်မှုများနှင့် ဈေးကစားမှုများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၆ (ခ) တွင် ဖော်ပြထားသော ဖော်ပြချက်အရ အများပြည်သူ အကျိုးစီးပွားကို ထိခိုက်စေသော လက်ဝါးကြီးအုပ်ဆောင်ရွက်မှု၊ တစ်နည်းအားဖြင့် ဈေးကစားမှုများ ဖြစ်နေသည့်အတွက် အစိုးရအနေဖြင့် ပြန်လည်စိစစ်သင့်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၆ (ခ) တွင် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့ ဖြစ်စေ၊ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု (သို့မဟုတ်) ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်ဟု ဖော်ပြထားသည်။

“လက်ရှိ အိမ်ခြံမြေဈေးနှုန်းတွေ ဒီလောက်ကြီးမြင့်နေမှုဟာ ဈေးကစားလို့ ဒီလောက်ကြီးမြင့်လာတယ်ဆိုတာ သိကြတာပဲ။ ဒါတွေကို အစိုးရအနေနဲ့ပြန်ပြီး စိစစ်သင့်တယ်လို့ မြင်ပါတယ်။ အမှန်အတိုင်း ပြောရရင် အမိန့်ညွှန်ကြားစာတွေနဲ့ ပိုင်ဆိုင်မှုကို စစ်ဆေးပေးသင့်တယ်။ တစ်လောကလည်း ဂျပန်တွေက မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှာ ဒါပဲပြောတယ်။ နယူးယောက်ထက် ဈေးကြီးနေတော့ ရင်းနှီးမြှုပ်နှံသူတွေ တော်တော်များများက လန့်ပြေးကြတယ်။ ဒါကြောင့် ဒါကိုတားဆီးဖို့ဆိုရင် အခြေခံဥပဒေရဲ့ လုပ်ပိုင်ခွင့်အရလည်း တားဆီးလို့ရတယ်။ ပြီးတော့ အုပ်ချုပ်ရေးအာဏာနဲ့လည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက် သင့်တယ်လို့ မြင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ငွေမည်းတွေကလည်း ဒီဈေးကွက်ထဲကို ၀င်နေတယ်ဆိုတော့ ဒါကိုအစိုးရက စိစစ်တာမျိုး လုပ်ပေးသင့်ပါတယ်” ဟုတရားရုံးချုပ်ရှေ့နေ ဦးသန်းမောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်နှစ်လောက်ကစ၍ အိမ်ခြံမြေဈေးကွက်တွင် အလွန်အမင်း ဈေးကစားမှုများ ရှိခဲ့ကြောင်း၊ ယခင်က ရွှေ၊ ကား လုပ်ငန်းများတွင်သာ အဓိကထား ရင်းနှီးမြှုပ်နှံလာခဲ့ရာမှ ပြီးခဲ့သည့် နှစ်နှစ်ကျော် ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေးအရ ပွင့်လန်းလာသည့် အနေအထားများကြောင့် ဈေးကစားမှု အလွန်အမင်း ပြုလုပ်လာကြကြောင်း၊ ထိုသို့ပြုလုပ်သူများမှာလည်း အိမ်ခြံမြေကို အများအပြား ချုပ်ကိုင်ထားသူများ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်ကို ၀င်ရောက်ကစားကြသည့် ငွေများတွင် ငွေမည်းများ များစွာပါဝင်နေကြောင်း၊ အထူးသဖြင့် ဘိန်းမှောင်ခိုကူးခြင်းမှ ရရှိသောငွေများလည်း ၀င်ရောက်မှုများ ရှိနေကြောင်း၊ အလားတူ မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နိုင်ငံခြားသား တရားဝင်မြေပိုင်ခွင့် မရှိကြောင်း၊ အကယ်၍ ၀ယ်ယူခဲ့ပါက ရောင်းသူရော၊ ၀ယ်ယူသူပါ ဥပဒေကိုချိုးဖောက်ရာ ရောက်သောကြောင့် အရေးယူနိုင်သော်လည်း ထိရောက်သော အရေးယူမှုအပိုင်းတွင် အားနည်းမှုများကြောင့် ပြည်တွင်းမှ မြေများအား နိုင်ငံခြားသားများ ပိုင်ဆိုင်မှု မြင့်တက်လာကြောင်း၊ အထူးသဖြင့် ကျောက်မှောင်ခို၊ ဘိန်းမှောင်ခို၊ သစ်မှောင်ခို လုပ်ငန်းများမှငွေများ ၀င်ရောက်နေကြောင်း သုံးသပ်မှုများလည်း ရှိသည်။ အလားတူ ပြီးခဲ့သည့်နှစ်ကလည်း ဘဏ်တိုးနှုန်း ကွာဟမှုများကြောင့် အိမ်ခြံမြေဈေးကွက်တွင် ၀င်ကစားသွားခဲ့သည့် သာဓကများရှိကြောင်း သိရသည်။

Credit: Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service