အဆင့်မြင့်အိမ်ရာများ၊ ကွန်ဒိုတိုက်ခန်းများတွင်နံရံကပ်ဗီနိုင်းအသုံးပြုမှု ပိုမိုများပြားလာ

အဆင့်မြင့်အိမ်ရာများ၊ ကွန်ဒိုတိုက်ခန်းများတွင်နံရံကပ်ဗီနိုင်းအသုံးပြုမှု ပိုမိုများပြားလာ - Property News in Myanmar from iMyanmarHouse.com
23 May 2014 5:44 pm တွင် တင်ခဲ့သည်
1424 ကြိမ် ကြည့်ရှု့ပြီး
အဆင့်မြင့် အိမ်ရာ၊ ကွန်ဒိုတိုက်ခန်းများ၊ အလှပြုပြင်ခန်းမများနှင့်ဟိုတယ်များတွင် အလှကပ်ဗီနိုင်း အသုံးပြုမှု များပြားလာကြောင်းတင်သွင်းရောင်းချသည့် ကုမ္ပဏီများနှင့် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင် နေသူများထံမှ သိရသည်။

နံရံကပ်စက္ကူများမှာ တာရှည်ခံမှု အားနည်းသဖြင့် ယခုနောက်ပိုင်းတွင် ပြန်လည်လျှော်ဖွပ်ကာ ထပ် တလဲလဲ အသုံးချနိုင်သည့် အလှကပ်ဗီနိုင်းများကို ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် လူစည်ကားရာနေရာ များတွင် အသုံးပြုမှုများပြားလျက်ရှိသည်။

”၅ဝ စတုရန်းပေကို ၁၂ဝ,ဝဝဝ လောက် ကျပါတယ်။ အမျိုးအစားနဲ့ဒီဇိုင်းကလည်း ထောင်နဲ့ချီ ရှိပါ တယ်” ဟု Averia Co. မှ အုပ်ချုပ်မှုဒါရိုက်တာ ကိုအောင်ဖြိုးလှိုင်ကပြောသည်။

အလှဆင်စက္ကူလိပ်များ၊ ဗီနိုင်းများကို တရုတ်နိုင်ငံမှ အများအပြားတင်သွင်းနေခြင်း ဖြစ်ကာ လူနေအိမ် များထက် အဆင့်မြင့် Supermarket များ၊ လူစည်ကားရာနေရာများတွင်အသုံးပြုမှုများပြားလာကာ တပ်ဆင် ပေးသူများက စတုရန်းပေအလိုက်လက်ခစားစနစ်ဖြင့် လုပ်ကိုင်တပ်ဆင်ပေးကြောင်း ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

”နံရံတွေ ဗြောင်အလွတ်ကြီးဖြစ်နေရင် ကပ်ကြတာ များတယ်။ စူပါမားကက်တွေဆိုရင် လူစိတ်ဝင် စားအောင် ဒီဇိုင်းအမျိုးမျိုးကို ခဏခဏ ပြောင်းတဲ့အတွက် ကြွေပြားအစား အဲဒါတွေသုံးတာ များတယ်” ဟု လိုင်စင်ရ ကန်ထရိုက်တာ ဦးဝေဖြိုးက ပြောသည်။

အိမ်အတွင်းပိုင်း ပြင်ဆင်မှုများကို အများအားဖြင့် ဂျပ်ဆင်ဘုတ်များဖြင့် အလှဆင်ခြင်း၊ သစ်အချော ထည် ပစ္စည်းများဖြင့် အလှဆင်ခြင်း၊ အလှဆင်ကျောက်ပြား၊ အလူမီနီယံကွန်ပို့စစ်ပြားများဖြင့် ပြုလုပ် အလှ ဆင်နေသော်လည်း အများအားဖြင့်ဂျပ်ဆင်ဘုတ်များကိုသာ အသုံးပြုပြီးလုပ်ကိုင်နေကြကြောင်း သိရသည်။

အချို့သော ဆောက်လုပ်ရေးကုမ္ပဏီများတွင် ကြိုပွိုင့်စနစ်ဖြင့်အခန်းဝယ်ယူထားသူများက အတွင်း ပိုင်းပြင်ဆင်မှုပုံစံကို မိမိတို့စိတ်ကြိုက် ပုံစံ၊ စိတ်ကြိုက်အရောင်အသွေးများ ရရှိအောင် ကြိုတင်မှာကြားကာ လုပ်ငန်းများ အပ်နှံခြင်းပြုသကဲ့သို့ တိုက်ခန်းလက်ရောက်ရရှိပြီးသည့်အချိန်တွင်မှ အတွင်းပိုင်းပြင်ဆင်မှုများကို ကန်ထရိုက်တာများဖြင့် ပြန်လည်ပြုလုပ်ခြင်းစသည်ဖြင့် အပ်နှံမှုပုံစံအမျိုးမျိုးရှိနေသော်လည်း အများအားဖြင့် ဆောက်လုပ်ရေးကုမ္ပဏီများကို တိုက်ခန်းဆောက်လုပ်နေဆဲ အခြေအနေကတည်းကပင် အတွင်းပိုင်းပြင်ဆင်မှု အတွက်ပါ လုပ်ငန်းအပ်နှံမှုကို တစ်ပါတည်း တာဝန်ပေးခြင်း များပြားကြောင်း ဆောက်လုပ်ရေးကုမ္ပဏီများထံမှ သိရသည်။

”ဂျပ်ဆင်ဘုတ် အလွတ်တွေပေါ်မှာ အရင်ကတော့ အလှကပ်စက္ကူတွေ ကပ်ပေးရတာ များတယ်။ တော်တော်များများကတော့ ဧည့်ခန်းနဲ့ အိပ်ခန်းမှာ ဒါတွေကို သုံးလာတယ်။ စတုရန်းပေ အကျယ်အဝန်း အလိုက် ပစ္စည်းဝယ်ပေး၊ လက်ခစားပဲ ယူတဲ့စနစ်ရှိသလို ပစ္စည်းဖိုးပါအပါအဝင် အပြီးအပ်တာတွေလည်း ရှိလာတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ငွေကြေးတတ်နိုင်သူတို့၏လောကတွင် ရေပန်းစားလျက်ရှိသည့် အိမ်အတွင်းပိုင်း အလှဆင်ခြင်း လုပ်ငန်းများမှာ သီးသန့်ဈေးကွက်တစ်ခုအဖြစ် ရပ်တည်နေပြီး အခန်းသစ်များကို အလှဆင်ရခြင်းထက် အခန်းဟောင်းများ၊ အဆောက်အအုံဟောင်းများကို အလှဆင်ရခြင်းမှာပိုမိုခက်ခဲသဖြင့် ဈေးနှုန်းပိုမိုတောင်း ခံလေ့ရှိပြီး အကျယ်အဝန်းအလိုက်ငွေကြေးကုန်ကျမှု များပြားနိုင်ကြောင်း သိရသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service