အပမှီနေသော မြေဈေး

အပမှီနေသော မြေဈေး - Property News in Myanmar from iMyanmarHouse.com
23 May 2014 5:36 pm တွင် တင်ခဲ့သည်
968 ကြိမ် ကြည့်ရှု့ပြီး
ယနေ့မျက်မှောက်ခေတ်အခါ၏ရန်ကုန်မြို့နေလူထုကို ဘာလိုချင်လဲဟုမေးလျှင်မြေဟုဖြေမည်ဖြစ်သကဲ့ သို့ အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုသည် ဘာလဲဟု ကြည့်မည်ဆိုလျှင်လည်း မြေသာဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။ ရန်ကုန်မြို့လယ်၏မြေဈေးသည် ကမ္ဘာနှင့်ချီ၍ တန်ဖိုးမြင့်နေပြီး ဆင်ခြေဖုံးများတွင်ပင် အထိုက်အလျောက် ဈေးမြင့်မားနေပြီဖြစ်သည်။

တိုင်းပြည်သည် အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်လာသည်။ ထိုကြောင့် ပြင်ပတိုင်းပြည်၊ အဖွဲ့ အစည်းများ အကြောင်းအမျိုးမျိုးဖြင့် ဝင်လာကြသည်။ ၎င်းတို့နေထိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်ရေးတို့ အတွက် နေရာလိုအပ်လာသည်။ ထို့ကြောင့် ရန်ကုန်မြို့ပေါ်တွင် မြေဝယ်အခြေချကြသည်။ ထို့ကြောင့်ပင် သာမန်လည်ပတ်မှုအတွင်း မြေဝယ်လိုအားများ ပိုဝင်လာပြီး ဈေးတက်လာသည်။ ဤသို့သော ဖြစ်စဉ်များကိုပင် သမားရိုးကျဖြစ်စဉ်ဟု ထားလိုက်ပါဦးမည်။

သွေးရိုးသားရိုးမဟုတ်ဟု ယူဆနိုင်ဖွယ်ရာ ပထမဦးဆုံးအချက်မှာငွေကြေးလျှော်ဖွပ်မှု ဖြစ်သည်။ ယနေ့ ခေတ်အခါအရ မြေဝယ်ယူမှုကဲ့သို့ကိစ္စရပ်များတွင် ဝယ်ယူမည့်ငွေရရှိသည့်ရင်းမြစ်ကို မဖြစ်မနေဖော်ပြရမှု မရှိခြင်းကြောင့် ငွေမည်းကို ငွေဖြူလုပ်လိုသူများအတွက် ဤကဲ့သို့မြေဝယ်ယူခြင်းသည် နည်းလမ်းတစ်ခုဖြစ် လာသည်။

သတ်မှတ်ချက်များအရ ပိုင်ဆိုင်သော ငွေကြေးရရှိလာပုံကို တင်ပြနိုင်လျှင် အခွန်သက်သာပြီး တင်ပြ ခြင်းမပြုနိုင်လျှင် အခွန်မြင့်မားမည်ဖြစ်သည်။ အဆိုပါ ပုဂ္ဂိုလ်များအဖို့အခွန် နည်းခြင်း၊ များခြင်းသည် အရေးမကြီး။ မိမိတရားမဝင် ပိုင်ဆိုင်ထားသော ငွေများ တရားဝင်ထုတ်သုံးခွင့် ရရှိရေးသည်သာ အဓိကဖြစ်ရာ မိမိငွေများ သုံးစွဲနိုင်မည့်အခွင့်အရေးမှန်သမျှသည် ၎င်းတို့အတွက် အဖိုးတန်လမ်းကြောင်းများဖြစ်ကြသည်။ သို့ဖြစ်၍ အများသူငါပေးနိုင်သော ဈေး၊ ကာလဒေသပေါက်ဈေးထက် ပို၍ ပေးနိုင်သည်။ ပေးသည်။ အခွန်ကို ကျသမျှ ဆောင်လိုက်သည်။ ဤတွင် ၎င်း၏ မြေပိုင်ဆိုင်မှုသည် တရားဝင်ဖြစ်ကာ တရားမဝင် ရရှိထားသော ငွေများသည်တရားဝင်မြေပိုင်ဆိုင်မှု အဖြစ်သို့ပြောင်းလဲ ရောက်ရှိခဲ့လေတော့သည်။ ထိုသို့ဖြင့် မြေဈေးအချို့ မြင့်တက်ခဲ့ရသည်။

နောက်ထပ် သွေးရိုးသားရိုးမဟုတ်သည့် အကြောင်းရင်းတစ်ခုမှာ ပြည်ပသားများ၏ စိမ့်ဝင်မှုဖြစ်သည်။ အိမ်နီးချင်းနိုင်ငံအချို့မှ လူအချို့သည် အကြောင်းကြောင်းကြောင့် မိမိတို့တိုင်းပြည်တွင် လာရောက် နေထိုင် လုပ်ကိုင်လိုကြသည်။ ထိုသူများသည် ပြည်တွင်းနေ၎င်းတို့၏ မိတ်ဆွေများမှ တစ်ဆင့်အိုးအိမ်ခြံမြေများ ဝယ်ယူ ခိုင်းကြပြီးနည်းလမ်းမျိုးစုံဖြင့် တိုင်းပြည်တွင်းသို့ ခိုးဝင်နေထိုင်ကြသည်။ ထိုသူတို့မြေဝယ်ရာတွင် ၎င်းတို့နှစ်သက် သော အခြေအနေဖြစ်ပါက အပြိုင်အဆိုင်များအကြား ၎င်းတို့အသာရရှိရေးအတွက် ပေါက်ဈေးထက်ပိုပေးကာ ဝယ်ယူကြသည်။ ဤသို့သော အခြေအနေမျိုးများကြောင့်လည်း အချို့မြေဈေးများ မြင့်လာခြင်းဖြစ်သည်။

ပုံမှန်မဟုတ်သော တတိယအချက်မှာ ပြည်တွင်းနေ နယ်စပ်သူဌေးများ မြို့တော်များသို့ ဝင်ရောက် မြှုပ်နှံလာခြင်းဖြစ်သည်။ နယ်စပ်ဒေသတွင် ငွေရှာရသည်မှာလွယ်၏။ ထို့ကြောင့် ငွေဆိုသည်မှာ၎င်းတို့ပိုင်ဆိုင်မှု ထဲတွင် အပေါများဆုံးစာရင်း၌ ပါဝင်သည်။ အခြားသူများကဲ့သို့ ခြစ်ခြစ်ခြုတ်ခြုတ် စုဆောင်းနေရခြင်းမဟုတ်။ သို့ဖြစ်၍ အခြားသူများကဲ့သို့ ခေါ်ဈေးကို ဆစ်နေစရာမလို။ မြှင့်၍ခေါ်ထားသော ဈေးကိုပင်ပေးပစ်လိုက်နိုင် သည်။ ထိုသို့ဖြင့်ပင်မြေဈေးများ မြင့်လာပြန်သည်ပေါ့။

ဤမျှမြေဈေးများ ကြီးမြင့်လာမှုကို မည်သည့်နည်းဖြင့် တားဆီးနိုင်မည်ဆိုခြင်းကို လတ်တလောအချိန် တွင် မည်သူမျှ ပြောဆိုသံမကြားမိသေးပါ။ ထိုထိုပယောဂတွေကြောင့်လည်း ပါသည်ပေါ့။ သို့ဖြစ်၍ မြေထက် ပို၍သော်လည်းကောင်း၊ တန်းတူသော်လည်းကောင်း ရင်းနှီးမြှုပ်နှံရန် သင့်လျော်မည့် အခြားအရာ တစ်ခုခု ရှိချိန်ကိုသာ မျှော်လင့်ရပေမည်။

ထိုသို့ ယှဉ်နိုင်မည့်ရင်းနှီးမြှုပ်နှံမှုမှာ မည်သည့်အရာဖြစ်မည်ကို အတပ်မပြောနိုင်ပါ။ သို့သော်နှစ်မကြာ ခင်တွင်ကျယ်လာဖွယ်ရာရှိသည့် အများပိုင်ကုမ္ပဏီ ရှယ်ယာမြှုပ်နှံမှုနှင့်စတော့ရှယ်ယာ ဈေးကွက်သည် မြေဈေးကို ထိန်းကွပ်ပေးနိုင်မည့်စိတ်ဝင်စားဖွယ်ရာများ ဖြစ်လာမည်လားဆိုသည်ကတော့ စောင့်ကြည့်ရပါမည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service