ယုဇနဥယျာဉ်မြို့တော်ရှိ တိုက်ခန်းငှားရမ်းခ နှုန်းထားများ ယခင်ကထက် ထက်ဝက်ခန့် မြင့်တက်လာေ

ယုဇနဥယျာဉ်မြို့တော်ရှိ တိုက်ခန်းငှားရမ်းခ နှုန်းထားများ ယခင်ကထက် ထက်ဝက်ခန့် မြင့်တက်လာေ - Property News in Myanmar from iMyanmarHouse.com
17 May 2014 5:27 pm တွင် တင်ခဲ့သည်
1356 ကြိမ် ကြည့်ရှု့ပြီး
ယုဇနဥယျာဉ်မြို့တော်တွင် တိုက်ခန်းငှားရမ်းခ နှုန်းထားများအနေဖြင့် ယခင်မြေညီထပ်လျှင် ကျပ်ရှစ်သောင်း ၀န်းကျင်ခန့်မှ ယခုတစ်သိန်းနှစ်သောင်း ၀န်းကျင်သို့လည်းကောင်း၊ ယခင်ပထမထပ်လျှင် ကျပ်ခုနစ်သောင်းခန့်မှ ယခုကျပ်တစ်သိန်း ၀န်းကျင်သို့လည်းကောင်း၊ ယခင်ဒုတိယထပ်လျှင် ခြောက်သောင်းခန့်မှ ယခုကျပ်ရှစ်သောင်း ၀န်းကျင်ခန့်သို့လည်းကောင်း၊ ယခင် တတိယထပ်လျှင် ကျပ်လေးသောင်းခွဲခန့်မှ ယခုကျပ်ခြောက်သောင်း ၀န်းကျင်သို့လည်းကောင်း၊ ယခင်အပေါ်ဆုံးထပ်လျှင် လေးသောင်းခန့်မှ ယခုငါးသောင်းခွဲအထိ လည်းကောင်း အသီးသီးမြင့်တက် လာခြင်းဖြစ်သည်။

“အခုဖြစ်နေတာက မြို့ထဲမှာ တိုက်ခန်းဈေးတွေမြင့်လာတော့ မြို့ထဲကနေ ယုဇနကို ပြောင်းလာနေချင်တဲ့ လူတွေလည်း အရမ်းများနေတယ်။ အဲဒီတော့ ပွဲစားတွေက အိမ်တွေကို ချုပ်ကိုင်ထားပြီး ဈေးကစားနေတာ တွေ့ရတယ်။ အိမ်ငှားဈေးဆိုရင် နှစ်လ၊ သုံးလအတွင်း သိသိသာသာ တက်လာတယ်။ သူတို့က ကိုယ်ကျိုးအတွက် အဆမတန် ဈေးတင်ပြီးတောင်းတာ မဖြစ်သင့်မှန်းသိပေမယ့် တကယ်နေချင်တဲ့သူတွေ အနေနဲ့ကလည်း တခြားနေရာထပ်စာရင် ယုဇနမှာက နည်းနည်းပိုသက်သာနေတော့ အိမ်ငှားကများ နေဦးမှာပါပဲ” ဟု ယုဇနဥယျာဉ်မြို့တော်၌ နေထိုင်သူ မသီတာက ဆိုသည်။

ယုဇနဥယျာဉ်မြို့တော်၌ နေထိုင်ကြသူများ အနေဖြင့် နှစ်စဉ်နွေရာသီတွင် ရေရှားပါးမှုပြဿနာကို ကြုံတွေ့ရပြီး သုံးရေ တစ်စည်လျှင် ကျပ်တစ်ထောင့်နှစ်ရာမှ ကျပ်တစ်ထောင့်ရှစ်ရာအတွင်း အထပ်အနိမ့်အမြင့် ပေါ်တွင်မူတည်၍ ၀ယ်ယူသုံးစွဲနေရကြောင်း သိရသည်။

“ကျွန်တော်တို့ ယုဇနဥယျာဉ်မြို့တော်မှာ နေလာတဲ့ သက်တမ်းတစ်လျှောက်မှာ အခုချိန်က အိမ်ငှားဈေးအမြင့်ဆုံးလို့ ပြောလို့ရပါတယ်။ အရင်တုန်းကတော့ ယုဇနမှာ ရေမကောင်းဘူး။ သွားရေး၊ လာရေး ခက်ခဲတယ်ဆိုပြီး သိပ်မနေချင်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ စည်ပင်ကရေပေးဝေဖို့ စီစဉ်နေတာတွေနဲ့ သွားရေး၊ လာရေးအတွက် ခရီးလမ်းလည်း အဆင်ပြေချောမွေ့ လာတာကြောင့် အိမ်လာငှားနေတဲ့ လူတွေလည်း သိသိသာသာ တိုးလာတယ်။ အခုနောက်ပိုင်းဆိုရင် ယုဇနတိုက်ခန်းတွေမှာ အလွတ်ဖြစ်နေတဲ့ အခန်းဆိုတာ မရှိသလောက်ပါပဲ” ဟု အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးမောင်အေးက ဆိုသည်။

ယုဇနဥယျာဉ် အပါအ၀င် ဒဂုံမြို့သစ်လေးမြို့နယ်နှင့် သီလ၀ါအထူးစီးပွားရေးဇုန်ကိုပါ ရေပေးဝေမည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းအသစ်ကို ၂၀၁၃ ခုနှစ် မေလတွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ယင်းစီမံကိန်းမှ ၂၀၁၅ ခုနှစ်တွင် ယုဇနဥယျာဉ်မြို့တော်သို့ ရေစတင်ပေးဝေမည် ဖြစ်ကြောင်းနှင့် ယင်းအတွက် ရေပိုက်လိုင်းများ စတင်သွယ်တန်းနေပြီ ဖြစ်ကြောင်းသိရသည်။

Credit:Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service