မန္တလေး မြရည်နန္ဒာအိမ်ရာအနီး အိမ်ခြံမြေများ အရောင်းသွက်

မန္တလေး မြရည်နန္ဒာအိမ်ရာအနီး အိမ်ခြံမြေများ အရောင်းသွက် - Property News in Myanmar from iMyanmarHouse.com
15 May 2014 5:20 pm တွင် တင်ခဲ့သည်
1719 ကြိမ် ကြည့်ရှု့ပြီး
မန္တလေး အိမ်ခြံမြေ ဈေးကွက်အတွင်း ဧပြီလကုန်ပိုင်းတွင် ကျွဲဆည်ကန်ရပ်ကွက်နှင့် မြရည်နန္ဒာ တန်ဖိုး နည်းအိမ်ရာအနီးရှိ အိမ်ခြံမြေများအရောင်းအဝယ် ဖြစ်နေကြောင်းအိမ်ခြံမြေ အကျိုးဆောင်များထံမှသိရသည်။

”အရောင်းအဝယ်တွေ နေရာအတော်များများမှာ ခပ်ကျဲကျဲ အလုပ်ဖြစ်နေကြပါတယ်။ အထူးသဖြင့် တော့ ကျွဲဆည်ကန်ရပ်ကွက်တွေနဲ့မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ အနီးအနားက အိမ်ခြံမြေတွေတော့ ပိုပြီး အရောင်းသွက်နေတယ်။ ဈေးနှုန်းသင့်တင့်တဲ့အကွက်တွေ ပိုပြီးအရောင်းသွက်လာတယ်” ဟု အိမ်ခြံမြေ အကျိုး ဆောင် ကိုကိုမောင်က ပြောသည်။

မြန်မာနှစ်သစ်ကူးအပြီး ဘဏ်ဖွင့်၊ ရုံးဖွင့်ချိန်မှ စတင်ကာ အိမ်ခြံမြေအကျိုးဆောင်များက အရောင်း အဝယ်အခြေအနေများကို လေ့လာနေပြီး ဧပြီလကုန်ရက်များတွင် အိမ်ခြံမြေ စိတ်ဝင်စားသူများက လာရောက် လေ့လာကြသည်ကို တွေ့ရသည်။

မန္တလေး၏ နွေနေအပူချိန်မြင့်မားနေပြီး Heart Stroke ဖြင့် ဆေးရုံရောက်ကာ သေဆုံးမှုများ ရှိနေခြင်းကြောင့်ဝယ်ရောင်းအချို့နှင့် အပူတပြင်းအိမ်ရှာနေသူများသာ အိမ်ခြံမြေများကို လိုက်လံကြည့်ရှုကြ ကြောင်းလည်း သိရသည်။

”မန္တလေးမှာ နေအရမ်းပူတယ်။ အပူဒဏ်ကို အတော်ခံစားနေရတယ်။ မြေကွက်လိုက်ကြည့်တယ် ဆိုတာလည်း နေပူထဲသွားရတာဆိုတော့ တော်ရုံ သိပ်မသွားဖြစ်တော့ဘူး။ ရုံးခန်းမှာပဲ မြေပုံကြည့်ပြီးလိုအပ်မှပဲ သွားကြည့်တာမျိုးတွေလုပ်ကြရတယ်” ဟု အိမ်ခြံမြေအကျိုးဆောင် ကိုကိုမောင်က ပြောသည်။

မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာအနီးရှိ အရောင်းသွက်နေသော အိမ်ခြံမြေများမှာ သိန်း ၂,ဝဝဝ အောက် များဖြစ်ပြီး တန်ဖိုး အနည်းငယ်တက်သွားကြောင်း သိရသည်။

”ဒီရက်ပိုင်း မြရည်နန္ဒာ တန်ဖိုးနည်းစီမံကိန်းအနီး ဝန်းကျင်မှာတော့တော်တော်လေး အလုပ်ဖြစ်လာ တယ်။ သင်္ကြန်မတိုင်ခင်ကတည်းကအရောင်းသွက်နေတာပါ။ အခုဆိုရင်ရောင်းကွက်တွေလည်း နည်းသွား တယ်။ ဝယ်မယ့်သူ တစ်နေ့တခြားများလာတယ်။ ၄၅ လမ်း မေးတင်ယုဇနနဲ့ စံပယ်လမ်းကြားက တစ်ကွက်ကို ၉ဝဝ လောက် ဖြစ်နေပြီး ၄၆ မေးတင်ဆိုရင် ၁,၃ဝဝ လောက်ခေါ်နေကြပြီ။ ၄၉ လမ်းမေးတင်ဆိုရင် ၂,ဝဝဝ အထက်မှာ ရှိတယ်။ သင်္ကြန်မတိုင်ခင်ကမှ အဲဒီအကွက်တွေက ၁,၉၅ဝ လောက်ဆို ဝယ်လို့ရသေးတယ်။ အခု ၁ဝဝ လောက် ဈေးတက်သွားတဲ့သဘောပဲ။ ရောင်းကွက် နည်းသွားပြီး အဝယ်လိုက်နေတော့ ဒီထက်ဈေးတက် သွားနိုင်သေးတယ်” ဟုကောင်းဆု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ အကျိုးဆောင်ဖြစ်သူကိုကောင်းက ပြောသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service