အိမ်ရာဖွံ့ ဖြိုးရေးဘဏ်တွင်ဘဏ်ချေးငွေလျှောက်ထားသူ ၆ဝ ကျော်ရှိ

အိမ်ရာဖွံ့ ဖြိုးရေးဘဏ်တွင်ဘဏ်ချေးငွေလျှောက်ထားသူ ၆ဝ ကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
15 May 2014 4:53 pm တွင် တင်ခဲ့သည်
803 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) ဖွင့်ခဲ့သည့်လေးလကျော်အချိန်အတွင်း တည် ဆောက်ရေးအတွက် ချေးငွေတောင်းခံသူ ၆ဝ ကျော်ရှိကြောင်း ၎င်းဘဏ်မှဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်း ဇော်က ပြောသည်။

၎င်း ၆ဝ ကျော်ထဲတွင် ဆောက်လုပ်ရေးကုမ္ပဏီများ ပါဝင်သကဲ့သို့တစ်ဦးချင်းဆောက်လုပ်ချင်သည့်သူ များလည်း ပါဝင်ကြောင်းသိရသည်။

”ဆောက်လုပ်သူတွေကို ချေးပေးလို့ရနေပြီ။ ပြန်ဆပ်ဖို့အခြေ အနေကို ညှိနှိုင်းနေတယ်။ လစဉ် ပြန်ပေးနိုင်မယ့်ငွေ၊ ချေးတဲ့ပမာဏနဲ့ အချိန်ကိုညှိနေတယ်”ဟု ၎င်းကပြောသည်။

ယခုလက်ရှိတွင် ဘဏ်၌ အပ်နှံငွေ ၃ ဒသမ ၁ ဘီလျံကျော် လက်ခံထားပြီး အိမ်ရာအတွက် ချေးငွေထုတ်ချေးခြင်းကိုမူ မလုပ်ဆောင်ရသေးကြောင်း၊ အိမ်ဝယ်လိုသူများအတွက်ချေးငွေကို ယခုနှစ်အတွင်း ထုတ်ချေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး ဦးဆုံးနှစ်တိုစီမံကိန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ CHD ဘဏ်အနေဖြင့် ပြည်ပ ဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်နိုင်မှုရှိပါ မှ ဝင်ငွေနည်းသူများကို အတိုးနှုန်းနည်းနည်းဖြင့် နှစ်ရှည်ငွေထုတ်ချေးနိုင်မည်ဖြစ်ကြောင်း ဦးဝင်းဇော်က ပြောသည်။

”ဘဏ်က အိမ်ရောင်းတဲ့ဘဏ်မဟုတ်ဘူး။ အိမ်ရာလိုအပ်ချက်ကြောင့် လိုအပ်နေတဲ့သူတွေကို ထောက်ပံ့ပေးတာဖြစ်တယ်။ တစ်ဦးချင်း အိမ်ဝယ်ချင်သူတွေကို အမှန်တကယ်ဝယ်ယူကြောင်း အထောက် အထား၊ အလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့အာမခံချက်၊ ပြန်ဆပ်နိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး ချေးပေးမှာဖြစ် တယ်။ ဝယ်ယူတဲ့သူကလည်း အမှန်တကယ်နေထိုင်သူဖြစ်ရမယ်” ဟုဦးဝင်းဇော်က ပြောသည်။

CHD ဘဏ်ကို တစ်နှစ်အတွင်းဘဏ်ခွဲ ၁ဝ ခု ဖွင့်နိုင်အောင် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service