မီးရထားမြေတွင် အဆင့်မြင့်အဆောက်အအုံမျာ ဆောက်လုပ်မည်

မီးရထားမြေတွင် အဆင့်မြင့်အဆောက်အအုံမျာ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
15 May 2014 3:55 pm တွင် တင်ခဲ့သည်
707 ကြိမ် ကြည့်ရှု့ပြီး
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းတွင်ပါဝင်ပြီး အဆင့်မြှင့်တင်သွားရန်ရှိသည့် မြန်မာ့မီးရထားပိုင်မြေနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်း တွင် တစ်ခုအပါအ၀င်ဖြစ်သည့် မြန်မာ့မီးရထား
ပိုင်မြေပေါ်၌ ရန်ကုန်ဘူတာကြီးအပါအ၀င် အဆင့်မြှင့်တင်ခြင်းလုပ်ငန်များ ပြုလုပ်ရန် ပြည်တွင်း
ပြည်ပ ဆောက်လုပ်ရေးလုပ်ငန်းရှင် များထံ စီမံကိန်းဆိုင်ရာ စိတ်ပါဝင်စားမှု ရှိ Expression of
Interest (EOI) ခေါ်ယူခဲ့ပြီး စိတ်ပါဝင်စားသူများမှာ မေလ ၂၆ ရက်နေ့ နောက်ဆုံးထားကာ
မြန်မာ့မီးရထားရုံးသို့ လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာ
ပြည်) မှ အထွေထွေမန်နေဂျာဖြစ်သူ ဦးထွန်းအောင်သင်းက ပြောသည်။

အဆိုပါအဆင့်မြှင့်တင်မှုစီမံချက်အရ မြန်မာ့ မီးရထားသည် ပြည်တွင်းပြည်ပဆောက်လုပ်ရေး
လုပ်ငန်းရှင်များ၏ အဆောက်အအုံပိုင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်များနှင့် အဆောက်အအုံဒီဇိုင်း
ပိုင်းဆိုင်ရာတင်ပြမှုများကို စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။

"လောလောဆယ်မှာ ဒီစီမံကိန်းကြီးအတွက် လုပ်ငန်းရှင်တွေဆီက (EQI) ခေါ်ထားပြီး သူတို့ တွေ
တင်ပြလာတဲ့ ဆောက်လုပ်ရေးလုပ်ငန်း တွေနဲ့ ဒီဇိုင်းပိုင်းတွေကို ကြည့်ပြီး ရွေးချယ် သွားမှာပါ။
အကောင်းဆုံးရွေးချယ်ထားတဲ့အထဲက တင်ဒါပြန်ခေါ်သွားမှာပါ။ တင်ဒါခေါ်တဲ့အချိန်ကျရင်တော့
စီမံကိန်းနဲ့ပတ်သက် ပြီး အချက် အလက်တွေ အတိအကျထွက်လာမှာပါ" ဟု ၎င်းက
မြန်မာတိုင်း(မ်)ကိုပြောသည်။

ယင်းစီမံကိန်းအရ မြန်မာ့မီးရထားပိုင် မြေဖြစ်သည့် စုစုပေါင်း နေရာအကျယ်အ၀န်း ၆၂ ဧကရှိ
သောနေရာ၌ ရန်ကုန်ဘူတာကြီး အား မူလပုံစံအတိုင်း ပြန်လည် ပြင်ဆင်မွမ်းမံ သွားမည်ဖြစ်
သည်။ ၎င်းပြင် ကျန်ရှိသည့်မြေနေရာများတွင် အကြမ်းဖျင်းအားဖြင့် အထပ်မြင့်အဆောက်
အအုံများ၊ အဆင့်မြင့်ဟိုတယ်များ အသေးစား နှင့် အလတ်စားဈေးဆိုင်များ အချက်အချာကျ
သည့်နေရာဖြစ်သောကြောင့် အဆင့်မြင့်ဈေး ၀ယ်စင်တာများနှင့် ပြည်တွင်း ပြည်ပရင်းနှီး မြှုပ်နှံ
သူများအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် စီးပွားရေးစင်တာများ ဆောက်
လုပ်သွားမည် ဖြစ်သည်။

"ဒီစီမံကိန်းကြီးကို စီစဉ်ခဲ့တာတော့ ကြာ ပါပြီ။ အခုမှပဲ စတင်အကောင်အထည်ဖော်နိုင် ခဲ့တာပါ။
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မယ့်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်
အကုန်ကျခံသုံးစွဲသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာ့မီးရထား တစ်ခု တည်းနဲ့ အကောင်
အထည်ဖော်ဖို့ မတတ်နိုင် တဲ့အတွက် ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေ ကိုပါဝင်ဖို့ ဖိတ်ခေါ်ခဲ့
တာပါ" ဟု ဦးထွန်း အောင်သင်းက ပြောသည်။

မြန်မာ့မီးရထားမြေနေရာပေါ်၌ အဆင့်မြှင့် တင်မှုလုပ်ငန်းများနှင့်ပတ်သတ်၍ လုပ်ငန်းရှင် များနှင့်
ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးပွဲအား ဧပြီ လကုန်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါပွဲသို့ စိတ်ပါဝင်စားသည့်
လုပ်ငန်းရှင်ပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ၎င်းကပြောသည်။

အဆိုပါမြေနေရာ၌ အထပ်မြင့် အဆောက်အအုံ တည်ဆောက်မှုများကို မြန်မာ့မီးရထားလုပ်ငန်း
က လုပ်ငန်းရှင်များတင်ပြလာသည့် လုပ်ငန်းပိုင်းဆိုင်ရာ အဆောက် အအုံဒီဇိုင်းပိုင်း ဆိုင်ရာများ
ပေါ်မူတည်ကာ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပညာရှင်များ ညှိနှိုင်း
တိုင်ပင်သွားမည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှတာဝန်ရှိသူ ဦးစိန် လှမြင့်ကပြောသည်။

ထို့ပြင် ရန်ကုန်ဘူတာကြီးမြေနေရာသည် ရွှေတိဂုံဘုရားကန့်သတ်နယ်မြေနှင့် မြို့လယ်ကောင်
အထပ်မြင့်အဆောက်အအုံကန့်သတ်နယ်မြေများထဲတွင် မပါဝင်သည့်အတွက် အထပ်မြင့်
အဆောက်အအုံများတည်ဆောက် ပါက တည်ဆောက်နိုင်မည်ဖြစ်သော်လည်း အဆိုပါစီမံကိန်း
သည် အများပြည်သူဦးစားပေးပြုလုပ်ပါက ပိုမို ကောင်းမွန်နိုင်ကြောင်း ရန်ကုန် မြို့ပြအမွေအနှစ်
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောသည်။

"ဒီစီမံကိန်းက မြေနေရာကျယ်တဲ့မီးရထားမြေပေါ်မှာ ပြုလုပ်ရမှာဆိုတော့ အခွင့်အရေးကောင်းတဲ့
စီမံကိန်းတစ်ခုပါ။ ဒီအခွင့်အရေးပေါ်မှာ လုပ်ငန်းရှင်တွေကလည်း အကျိုးအမြတ် သက်သက်ကိုပဲ
ကြည့်မနေဘဲ အများပြည်သူ တွေအတွက် အမှန်တကယ်လိုအပ်မယ့်အရာ တွေကို ဦးစားပေးပြီး
တည်ဆောက်အကောင် အထည်ဖော်သွားနိုင်ရင်တော့ စီမံကိန်းလည်း ပိုပြီးအောင်မြင်နိုင်မယ်လို့
ထင်ပါတယ်" ဟု ၎င်းကပြောသည်။

Credit: Property-Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service