KNU မှ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်

KNU မှ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
9 May 2014 2:09 pm တွင် တင်ခဲ့သည်
592 ကြိမ် ကြည့်ရှု့ပြီး
ကရင် အမျိုးသား အစည်းအရုံး(KNU) သည် ပြည်တွင်းဒုက္ခသည် (IDP) နှင့် KNU တပ်မှ ကိုယ်လက် အင်္ဂါမသန်စွမ်းသူများအတွက် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးနေသည်ဟု KNU တပ်မဟာ (၇) မှ စီးပွားရေး တာဝန်ခံ စောမိုးဇက်က ပြောသည်။

”­၁၉ ပေ ၂၇ ပေရှိတဲ့ အကျယ်ကိုဆောက်ပါတယ်။ သွပ်မိုး၊ သစ်သားနဲ့အုတ်ဖိနပ်ခံတဲ့ အိမ်အမျိုး အစားတွေဆောက်ပါမယ်။ ပေ ၁ဝဝ၊ ပေ ၂ဝဝ အကွက်ပေါ်မှာဆောက်ပါမယ်။ IDP ပဲဖြစ်ဖြစ်၊ KNU က မိသားစုတွေပဲ ဖြစ်ဖြစ် သူတို့တွေပြန်လာတဲ့အချိန်ကျရင်အခြေကျနေနိုင်အောင် ရည်ရွယ်ဆောက်လုပ် တာဖြစ်တယ်။ သူတို့ကိုအိမ်ကိုမရောင်းဘူး။ အလကားပေးနေတာပါ။ ကျွန်တော်တို့က IDP ပဲဖြစ်ဖြစ်၊ တချို့ကျတော့ KNU က ကိုယ်လက်အင်္ဂါ မသန်စွမ်းသူပဲဖြစ်ဖြစ်အရင်ဆုံးဦးစားပေးမယ်။ ဒုက္ခသည်စခန်း မှာရှိတဲ့သူတွေကို ဒီတစ်ခေါက်မှာ ဦးစားပေးသွားမယ်­” ဟု စောမိုးဇက်က ပြောသည်။

ယခုနှစ် ဘတ်ဂျက်အရ အိမ်အလုံးပေါင်း ၁ဝဝ ဆောက်လုပ်နေပြီးလာမည့်နှစ်တွင်လည်း တန်ဖိုးနည်း အိမ်များ ဆောက်လုပ်သွားရန် အစီအစဉ်ရှိကြောင်း စောမိုးဇက်ကပြောသည်။

ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ မဲ့သရစ်နှင့် မော်ဖိုးကေ ဒေသတွင် ဆောက်လုပ်နေ၍ ဧပြီလတွင် အိမ်များကို စတင်ဆောက်လုပ်နေပြီး မေလကုန်တွင် အပြီးသတ် ဆောက်လုပ်မည်ဟု သိရသည်။ အဆိုပါ အိမ်တွင် နေထိုင်မည့်သူများကို ကရင်ဒုက္ခသည်ရေးရာကော်မတီ (KRC) မှ ရွေးချယ်ပေးမည် ဖြစ်ကြောင်း သိရသည်။

အိမ်တစ်လုံး ဆောက်လုပ် စရိတ်မှာ သိန်း ၅ဝ ကုန်ကျပြီး ဆောက်လုပ်ရေးအတွက် KNU တပ်မှ တပ်သား များ ပါဝင်ဆောင်ရွက်နေပြီး အနီးဝန်းကျင်ဒေသမှ လက်သမား ၈ဝ ကျော်ကို ငှားရမ်းထားသည်ဟု ပြောသည်။

KNU မှ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်ဘတ်ဂျက်အတွင်း လှိုင်းဘွဲ့-မော်ဖိုးကေ လမ်းပိုင်း ၄၆ မိုင်ကို ဖောက်လုပ် သွားရန်ရှိပြီး တန်ဖိုးနည်းအိမ်ရာ၌နေထိုင်မည့်သူများ အလုပ်အကိုင်ရရှိရန်အတွက် နောက်ပိုင်းတွင်စက်ရုံများ တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါလုပ်ငန်းများကို နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ဘတ်ဂျက်ဖြင့် KNU မှ အကောင်အထည်ဖော် လုပ်ကိုင်ခြင်းဖြစ်သည်ဟု သိရသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service