ဧရာဝတီတိုင်းအတွင်းရှိ မြေဧကတစ်ထောင်ကျော်တွင် စက်မှုဇုန်တည်ထောင်ရန် တရုတ်ကုမ္ပဏီ လေ့လာနေ

ဧရာဝတီတိုင်းအတွင်းရှိ မြေဧကတစ်ထောင်ကျော်တွင် စက်မှုဇုန်တည်ထောင်ရန် တရုတ်ကုမ္ပဏီ လေ့လာနေ - Property News in Myanmar from iMyanmarHouse.com
8 May 2014 7:10 pm တွင် တင်ခဲ့သည်
720 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တွင် တရုတ်ကုမ္ပဏီတစ်ခုက မြေဧက ၁၂၀၀ ကျော်၌ စက်မှုဇုန်တစ်ခု တည်ဆောက်ရန် မြေနေရာ ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

မြေနေရာ အကျယ်အ၀န်း ဧက ၁၂၀၀ နှင့် ၁၅၀၀ ကြား အသုံးပြုမည့် စက်မှုဇုန်စီမံကိန်းကို အစိုးရထံမှ ငှားရမ်းရန် စီစဉ်ထားပြီး အထည်ချုပ်စက်ရုံများ အပါအ၀င် စက်ရုံများတည်ဆောက်သွားမည်ဟု ကုမ္ပဏီဘက်က ပြောဆိုထားကြောင်း ညောင်တုန်းမြို့နယ် မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သောင်းက ပြောသည်။

အဆိုပါ ကုမ္ပဏီနှင့် အဖွဲ့သည် မေလ ၇ ရက် ညနေတွင် ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာ ကွင်းအမှတ် ၃၈၈ တွင် ကွင်းဆင်းလေ့လာခဲ့ကြသည်။

‘‘အထည်ချုပ်စက်ရုံနဲ့ အခြား လက်အိတ်စက်ရုံတွေ၊ ခြေအိတ်စက်ရုံတွေပါ ဆောက်မယ် ပြောတယ်။ လယ်သမားတွေကို အလုပ်ပြန်ပေးမယ်။ လယ်သမားတွေနေဖို့ အိမ်ရာတွေပါဆောက်မယ်လို့ ကုမ္ပဏီက ပြောပါတယ်’’ ဟု ၎င်းက ရှင်းပြသည်။

‘‘ဒီစီမံကိန်းက လာဆွေးနွေးတဲ့အဆင့်ပဲ ရှိသေးတယ်။ ရှေ့ဆက်ဆောင်ရွက်ရမှာ အများကြီးပဲ။ ပြည်တွင်းမှာ သူနဲ့ ပူး ပေါင်းလုပ်ဖို့ ကုမ္ပဏီရှာရမယ်။ ဒါမှ မြေငှားလို့ ရမှာလေ။ ပြီးတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်လည်း ရယူရဦးမယ်။ သူက ခွင့်ပြုမှ လုပ်ရမှာလေ’’ ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးလှခိုင်က ပြောကြားသည်။

စက်မှုဇုန်တည်ဆောက်မည်ဆိုသည့် မြန်မာယူနန်ကုမ္ပဏီသည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် အထည်ချုပ်စက်ရုံတစ်ရုံရှိပြီး ဧရာဝတီတိုင်းပုသိမ်မြို့နယ်တွင်လည်း အထည်ချုပ်စက်ရုံတစ်ရုံကို ၂ နှစ်အတွင်း အပြီးတည်ဆောက်လျက်ရှိကြောင်း သိရသည်။

‘‘သူတို့ ဆင်းကြည့်တာ သုံးခါရှိပြီ။ ဒါက ရှေ့ပြေးပေါ့။ မြေနေရာအတွက် တောင်သူတွေကိုလည်း ၁၀ နှစ်တစ်ဖြတ် ချုပ်မလား၊ တောင်သူတွေနဲ့ ညှိရဦးမယ်’’ ဟု ဦးစီးအရာရှိ ဦးမြင့်သောင်းက ဆိုသည်။

တရုတ်ကုမ္ပဏီ ဖြစ်သည့် မြန်မာယူနန်ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းနိုင်ရန် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး စီးပွားရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းသော်လည်း ယင်းကုမ္ပဏီသည် သံရုံးတွင် မှတ်ပုံမတင်ထားကြောင်း ပြန်လည်ဖြေကြားသည်။

အဆိုပါမြေများမှာ လယ်မြေများဖြစ်သည့်အတွက် အဆင့်ဆင့်ညှိနှိုင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာက ခွင့်ပြုသည့်တိုင် လယ်သမားများအတွက် လယ်ယာလုပ်ငန်းခွင်ဆုံးရှုံးမှုကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း တောင်သူလယ်သမားအရေး လှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောကြားသည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service