ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ အခန်းများ ယခုလကုန်တွင်စတင်ရောင်းချမည်

ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ အခန်းများ ယခုလကုန်တွင်စတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
8 May 2014 6:41 pm တွင် တင်ခဲ့သည်
4225 ကြိမ် ကြည့်ရှု့ပြီး
လှိုင်သာမြို့နယ်၊ ရွှေလင်ပန်းစက်မှုမြို့သစ် တန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိ တိုက်ခန်းများကို ကျပ်သိန်း ၁ဝဝ ဝန်းကျင်ဖြင့် ယခုမေလကုန်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

အဆိုပါရွှေလင်ပန်း စက်မှုမြို့သစ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွင် လူနေတိုက်ခန်းပေါင်း ၈ဝဝ ကျော်ပါဝင်ပြီး တိုက်ခန်းဝယ်ယူခွင့်လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးသို့ ပေးပို့လျှောက် ထားရမည်ဖြစ်သည်။

”ရွှေလင်ပန်းအိမ်ရာကတိုက်ခန်းတွေကို အခုမေလကုန်မှာ စရောင်းပေးနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနေတယ်။ တစ်ခန်းကို သိန်း ၁ဝဝ၊ ၁၁ဝ နဲ့ ၁၂၅ သိန်းအထိ ရှိတယ်။ တိုက်ခန်းတွေကို အာရ်စီပုံစံရှော Steel Structure နဲ့ရော နှစ်မျိုးဆောက်ထားတာပါ။ အာရ်စီနဲ့ ဆောက်ထားတဲ့ တိုက်ခန်း တွေက ပိုဈေးကြီးမယ်”ဟု ဦးမင်းထိန်က ပြောသည်။

အဆိုပါ ရွှေလင်ပန်းစက်မှုအိမ်ရာလူနေတိုက်ခန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် အလုပ်အကိုင် အတည်တကျရှိပြီးဝင်ငွေပြနိုင်သူ ဝန်ထမ်းများကိုသာရောင်းချပေးသွားမည်ဖြစ်ပြီး ပထမ အရစ်တွင် တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းပေးသွင်း၍ လေးနှစ်အတွင်းငွေအကျေချေရမည်ဖြစ်ကြောင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။

”တန်ဖိုးနည်းတိုက်ခန်းတွေကိုရန်ကုန်တိုင်းဒေသကြီး အတွင်းမှာနေထိုင်တဲ့ အစိုးရဝန်ထမ်းရော ပုဂ္ဂလိက ဝန်ထမ်းတွေကိုပါ ရောင်းပေးမှာပါ။ ဝင်ငွေရှိတဲ့လူကိုပဲ ရောင်းပေးမှာပါ။ အိမ်ရာဘဏ်ဖွင့်ထားတာ ကလည်း သိပ်မကြာသေးတော့ နှစ်အကြာကြီး မထားပေးနိုင်သေးဘူး။ တိုက်ခန်းတန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းကို အရင်သွင်းပြီး လေးနှစ်အတွင်းအရစ်ကျစနစ်နဲ့ ငွေအကျေ ချေရမှာပါ”ဟု ဒေါ်မီမီတင်က ပြောသည်။

လက်ရှိ လှိုင်သာယာမြို့နယ်၌ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းအပြင် ကျန်စစ်သားရပ်ကွက် တွင် ကျပ်သိန်း ၁ဝဝ ပတ်ဝန်းကျင်ဖြင့် ရောင်းချပေးမည့် အခန်းပေါင်း ၃,ဝဝဝ ကျော် ပါဝင်သော ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာကိုလည်းတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် လက်ရှိဆောက်လုပ်လျက်ရှိသည့် ဒဂုံမြို့သစ် (တောင် ပိုင်း) မြို့နယ်ရှိ အခန်းပေါင်း ၁၉,ဝဝဝ ကျော် ပါဝင်သော ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာနှင့် ရတနာ တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ပြီးစီးပါကရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့်ညှိနှိုင်းကာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်ဦးမင်းထိန်က ပြောသည်။

”အခုဆောက်နေတဲ့ ရတနာတန်ဖိုးနည်းအိမ်ရာနဲ့ ဧရာဝဏ်တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေရဲ့ တိုက်ပေါင်း ၄၈ လုံးက အခန်းပေါင်း ၁၉,ဝဝဝ ကျော်ကို ကုမ္ပဏီ ၃၇ ခုက နှစ်နှစ်စီမံကိန်းနဲ့ တာဝန်ယူဆောက် နေတာပါ။ လာမယ့် ၂ဝ၁၆ ခုနှစ်မှာဒီအိမ်ရာတွေပြီးရင် တိုင်းဒေသကြီးအစိုးရနဲ့ ဈေးနှုန်းညှိနှိုင်းပြီး ပြည်သူ တွေကို ရောင်းချပေးသွားမှာပါ”ဟုဦးမင်းထိန်က ပြောသည်။

”တန်ဖိုးနည်းအိမ်ရာတွေကိုရောင်းချပေးမယ်ဆိုရင် အမှန်တကယ်လိုအပ်တဲ့သူတွေ လက်ထဲရောင်းချ ပေးဖို့ လိုတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ လိုတယ်။ လက်သင့်ရာကိုပဲရောင်းချပေးတဲ့ ပုံစံမျိုးတော့ မဖြစ်သင့်ဘူး။ ဈေးနှုန်းကလည်း လူလတ်တန်းစား အမှန်တကယ် ဝယ်နိုင်တဲ့ဈေးနှုန်း ဖြစ်ဖို့လိုသလို အရစ်ကျစနစ်နဲ့လည်း ရောင်းချပေးဖို့ လိုတယ်။ တန်ဖိုးနည်းအိမ်ရာတွေကို ရောင်းချတဲ့ နေရာမှာ ကန့်သတ်ချက်တွေမရှိဘဲ ရောင်းချဖို့ လိုတယ်”ဟုလှိုင်သာယာမြို့နယ်မှ အိမ်ငှားရမ်းနေထိုင်သူ ကိုမျိုးမျိုးက ပြောသည်။

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် လှိုင်သာယာမြို့နယ်တွင် တည်ဆောက်မည့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ အပါအဝင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင်ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှင့် ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ဆောက်လုပ်လျက်ရှိပြီးရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ဗိုလ်ဗထူး၊ ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာများ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ဧရာဝဏ် တန်ဖိုးမျှတအိမ်ရာနှင့်ဒဂုံမြို့သစ် အရှေ့ပိုင်းတွင်လည်းမင်းရဲကျော်စွာ တန်ဖိုးမျှတအိမ်ရာများကို ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်သည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service