သမဝါယမ အသင်းပိုင်မြေတွင် ကွန်ဒိုဆောက်လုပ်မှု အမျိုးသားလွှတ်တော် အမတ် ဆန္ဒပြမည်

သမဝါယမ အသင်းပိုင်မြေတွင် ကွန်ဒိုဆောက်လုပ်မှု အမျိုးသားလွှတ်တော် အမတ် ဆန္ဒပြမည် - Property News in Myanmar from iMyanmarHouse.com
6 May 2014 3:59 pm တွင် တင်ခဲ့သည်
1038 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်ရှိ သမဝါယမ အသင်းပိုင် မြေနေရာတစ်ခုတွင် ပုဂ္ဂလိက ကွန်ဒိုမီနီယံ တည်ဆောက်နေခြင်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနှင့် ဆန္ဒထုတ်ဖော်ကာ ကန့်ကွက်သွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန့်မြင့်အောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၄) ရပ်ကွက် မိုးကောင်းလမ်းရှိ သမဝါယမ အသင်းပိုင် မြေနေရာတွင် ကွန်ဒိုမီနီယံ ဆောက်လုပ်ရန် ပြင်ဆင်နေသောကြောင့် မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် သမဝါယမ အသင်းတို့ကို ဆန္ဒထုတ်ဖော်ကာ ကန့်ကွက်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ပုဂ္ဂလိက ပိုင်တဲ့ မြေမဟုတ်တဲ့အတွက် ဘယ်လို လွှဲပြောင်း ရောင်းချသလဲ။ အောက်ခြေ ဝန်ထမ်းတွေ လာဘ်ပေး လာဘ်ယူတာလား ဆိုတာကို သိချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် အဆိုပါကိစ္စကို စုံစမ်း စစ်ဆေးရန်အတွက် ပြည်ထောင်စုလွှတ်တော် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်သို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ဆောက်လုပ်လျက် ရှိသော အဆောက်အအုံရှေ့တွင် ဗီနိုင်းများ ချိတ်ကာ ညနေ ၃ နာရီမှ ၆ နာရီအထိ ဆန္ဒထုတ်ဖော်မည် ဖြစ်ပြီး ခွင့်ပြုမိန့်ကို မေလ ၃ ရက်နေ့တွင် ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ပေးပို့ထားကြောင်း ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ခံ ဖြေကြားမည့်သူ မရှိကြောင်း အဆိုပါ ရဲစခန်းမှ တယ်လီဖုန်း ဖြေဆိုသူတစ်ဦးက ပြောသည်။

အလားတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်သည် တောင်ဥက္ကလာပ ၉ ရပ်ကွက်ရှိ အားကစားကွင်းနှင့် ပန်းခြံမြေနေရာကို ကြံ့ခိုင်ရေးပါတီ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ကန့်ကွက်ကြောင်း ဗီနိုင်း ပိုစတာများ ချိတ်ပြီး မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

Credit: The Voice Weekly

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service