ရန်ကုန်မြို့တော်ရှိ ဈေးလေးခုကို အသစ် တည်ဆောက်မည်

ရန်ကုန်မြို့တော်ရှိ ဈေးလေးခုကို အသစ် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
6 May 2014 3:27 pm တွင် တင်ခဲ့သည်
844 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်ရှိ အသစ် တည်ဆောက်ရန် လိုအပ်သော ဈေးလေးခုကို ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်တွင် အသစ် တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

အဆိုပါ ဈေးသစ် တည်ဆောက်ရေး လုပ်ငန်းများကို အင်းစိန်မြို့နယ် ဖော့ကန်ဈေး၊ ရွှေပြည်သာ မြို့နယ်ရှိ ပတ္တမြားဈေး၊ သာကေတ မြို့နယ်ရှိ အမှတ် (၃) ဈေး၊ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ကြက်၊ ဘဲ ဈေးတို့တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

လတ်တလောတွင် အဆိုပါ ဈေးများကို တည်ဆောက်ရန် လျာထားလျက် ရှိပြီး ဈေးဆောက်လုပ်ရန် အသေးစိတ်ကိုမူ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဈေးသစ် ဆောက်မယ်လို့ ကြားတယ်။ သေချာတော့ မသိသေးဘူး။ ဆောက်နေတဲ့ အချိန်မှာ ကျွန်မတို့ ရောင်းချဖို့အတွက် ရောင်းကောင်း ဝယ်ကောင်းမယ့် ယာယီဈေးဆိုင်ခန်းမျိုး ဆောင်ရွက်ပေးစေချင်တယ်” ဟု အင်းစိန်မြို့နယ် ဖော့ကန်ဈေးမှ အထည်ရောင်းချသူ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် အခွန်လွတ်ဈေး ၁၁ ဈေး အပါအဝင် သီရိမင်္ဂလာဈေး၊ ဗိုလ်ချုပ်အောင်ဆန်းဈေး ၊ဘိုကလေးဈေး၊ ညောင်ပင်လေးဈေး၊ သိမ်ကြီးဈေး၊ မင်္ဂလာဈေး အပါအဝင် ဈေးပေါင်း ၁၇၀ ခန့် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန၏ စာရင်းများအရ သိရှိရသည်။

Credit: Myawady News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service