ပြည်သူပိုင်မြေ ၆၆ ဧကပေါ်တွင် တည်ဆောက်မည့် အိမ်ရာစီမံကိန်းကြီးနှစ်ခုကို တင်ဒါမခေါ်ဘဲ FMI ကုမ္ပဏီသို့ လုပ်ခွင့်ေ

ပြည်သူပိုင်မြေ ၆၆ ဧကပေါ်တွင် တည်ဆောက်မည့် အိမ်ရာစီမံကိန်းကြီးနှစ်ခုကို တင်ဒါမခေါ်ဘဲ FMI ကုမ္ပဏီသို့ လုပ်ခွင့်ေ - Property News in Myanmar from iMyanmarHouse.com
6 May 2014 2:47 pm တွင် တင်ခဲ့သည်
1047 ကြိမ် ကြည့်ရှု့ပြီး
ပြည်သူပိုင်မြေ ၆၆ ဧကပေါ်တွင် တည်ဆောက်မည့် အိမ်ရာစီမံကိန်းကြီးနှစ်ခုကို တင်ဒါမခေါ်ဘဲ Mr.Serge Pun ၏ FMI (First Myanmar Investment Co.,Ltd) ကုမ္ပဏီသို့ တည်ဆောက်ခွင့်ပေးရန် စီစဉ်နေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

စီမံကိန်းကြီးနှစ်ခုမှာ မင်္ဂလာဒုံမြို့နယ်ရှိ ပြည်သူပိုင်မြေ ၂၇ ဧကပေါ်တွင် တည်ဆောက်မည့် ပုလဲဥယျာဉ်အိမ်ရာစီမံကိန်းနှင့် အမှတ်(၁)လမ်းမကြီးအနီး ပြည်သူပိုင်မြေ ၃၉ ဧကပေါ်တွင် တည်ဆောက်မည့် ပျဉ်းမပင် အိမ်ရာစီမံကိန်းတို့ဖြစ်သည်။
ပုလဲဥယျဉ်အိမ်ရာစီမံကိန်းကို တည်ဆောက်ရာတွင် FMI က အကျိုးအမြတ်အဖြစ် ရာခိုင်နှုန်း ၇၀ အထိ ရယူမည်ဖြစ်ပြီး နိုင်ငံတော်က ရာခိုင်နှုန်း ၃၀ သာ ရရှိမည်ဖြစ်သည်ဟုလည်း စုံစမ်းသိရှိရသည်။

ပုလဲဥယျာဉ်အိမ်ရာစီမံကိန်းမှ နိုင်ငံတော်ကရမည့် ရာခိုင်နှုန်း ၃၀ ကိုရောင်းချ ပြီး ရရှိလာသောငွေများဖြင့် ပျဉ်းမပင်အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်းနှင့် ပျဉ်းမပင်အိမ်ရာစီမံကိန်းကို ဆောက်လုပ်ရာတွင်လည်း FMI သို့သာ ငှားရမ်းဆောက်လုပ်ခွင့်ပြုသွားရန် စီစဉ်နေကြခြင်းဖြစ်သည်။

ပုလဲဥယျာဉ် အိမ်ရာစီမံကိန်း၌ အိမ်ခန်းပေါင်း ၂၇၀၀ ကျော်အထိ တည်ဆောက်မည်ဖြစ်ပြီး ပျဉ်းမပင်အိမ်ရာစီမံကိန်းတွင် အိမ်ခန်းပေါင်း ၃၀၀၀ ၀န်းကျင်အထိ တည်ဆောက်ရန် အစီအစဉ်ရေးဆွဲထားသည်ဟု သိရသည်။

FMI မှ ရာခိုင်နှုန်း ၇၀ အထိ အကျိုးအမြတ်ယူတည်ဆောက်မည့် ပျဉ်းမပင်အိမ်ရာစီမံကိန်းတွင် အိမ်ခန်းပေါင်း ၂၇၀၀ကျော် ပါဝင်သည်ဆိုသော်လည်း ၀င်ငွေနည်းပြည်သူများအတွက် တန်ဖိုးသင့်အိမ်ခန်းကို ၁၁၀၀ ၀န်းကျင်သာ ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး ၀င်ငွေအလယ်အလတ်ရှိသူများ ၀ယ်ယူနိုင်မည့် အိမ်ခန်းပေါင်းကိုမူ ၁၆၀၀ နီးပါးအထိ တည်ဆောက်ဖြစ်ရာ ၀င်ငွေနည်း ပြည်သူများအတွက်ထက် ၀င်ငွေအလယ်အလတ်ရှိသူများအတွက်သာ ပို၍ရွေးချယ်ခွင့်ရှိမည့် စီမံကိန်းဖြစ်သည်။

၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တင်ဒါမခေါ်ဘဲ FMI သို့ပေးရန် စီစဉ်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအထိပင် FMI သို့ဆောက်လုပ်ခွင့်ပေးရန် တင်ပြသည့်အဆင့်သို့ ရောက်ရှိနေပြီဟု စုံစမ်းမှုများအရ သိရသည်။

ပုလဲဥယျာဉ် အိမ်ရာစီမံကိန်းနှင့် ပျဉ်းမပင်အိမ်ရာစီမံကိန်းများမှာ ပြည်သူပိုင်မြေပေါ်တွင် ၀င်ငွေနည်းပြည်သူများအတွက် အိမ်ရာများ အဓိကတည်ဆောက်ရမည့် စီမံကိန်းများဖြစ်သည်။
သို့သော် ယခုအခါ ပုလဲဥယျာဉ်အိမ်ရာစီမံကိန်းဆိုလျှင် လက်ရှိအစီအစဉ်အရဆိုပါက ၀င်ငွေအလယ်အလတ်ရှိသူများအတွက်သာ အဓိကတည်ဆောက်မည့် စီမံကိန်းဖြစ်သည်ဟု စီမံကိန်းနှင့်ပတ်သက်၍ သိရှိထားသူအချို့က သုံးသပ်သည်။
အများနှင့်သက်ဆိုင်သော စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ၀န်ကြီးဌာနများအနေဖြင့် တင်ဒါခေါ်ယူပြီး လုပ်ကိုင်ခွင့်ပြုရမည်ဖြစ်ရာ ယခုနောက်ပိုင်းနှစ်များတွင် ၀န်ကြီးဌာနအများစုသည် တင်ဒါခေါ်ယူပြီးမှ လုပ်ကိုင်ခွင့်ပေးလာကြသည်။

နိုင်ငံတော်သမ္မတရုံးကလည်း တင်ဒါခေါ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။
သို့သော် အများနှင့်သက်ဆိုင်သည့် အိမ်ရာစီမံကိန်းများ တည်ဆောက်မှုအများစုကိုမူ တင်ဒါခေါ်ယူမှုမရှိဘဲ နီးစပ်သည့်ကုမ္ပဏီများသို့သာ လုပ်ခွင့်ပေးသည့်စနစ် ကျင့်သုံးနေဆဲဟု လုပ်ကိုင်ခွင့်ချထားပေးမှုများအရ သိရသည်။

စက်မှု(၁)လမ်းမပေါ်၊ ဆီဒိုးနားဟိုတယ်နှင့် ဗဟိုဘဏ်ကြားရှိ ၁၀ ဧကကျော်ကျယ်ဝန်းသော မြေကွက်ပေါ်တွင် တည်ဆောက်မည့်စီမံကိန်းကိုလည်း ရွှေသံလွင်ကုမ္ပဏီသို့ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ခဲ့ပြီး ယင်းစီမံကိန်းမှာ ရွှေသံလွင်ကုမ္ပဏီမှ ယခင်က မကိုက်၍မလုပ်ဘဲ နိုင်ငံတော်သို့ပြန်အပ်ခဲ့သော စီမံကိန်းဖြစ်ပြီး ယခုမြေဈေးများ မြင့်တက်ကာ အကျိုးအမြတ်များနိုင်သည့် အခြေအနေရောက်မှ လုပ်ခွင့်ရရန် တောင်းခံခြင်းဖြစ်သည်။

ရွှေသံလွင်ကုမ္ပဏီက လုပ်ကိုင်ခွင့်တောင်းသည့် စီမံကိန်းမှာလည်း အများပြည်သူအတွက် အိမ်ရာဆောက်လုပ်မည့် စီမံကိန်းဖြစ်ပြီး ယခု FMI သို့လုပ်ခွင့်ပေးရန် စီစဉ်နေသည့် အိမ်ရာများမှာလည်း ပြည်သူအတွက် ဆောက်လုပ်မည့် စီမံကိန်းများ ဖြစ်သည်။

အများနှင့်သက်ဆိုင်သော စီမံကိန်းများဖြစ်သော်လည်း တင်ဒါခေါ်ယူမှုမရှိဘဲ နီးစပ်ရာကုမ္ပဏီသို့ ပေးရန်စီစဉ်မှု၊ လုပ်ကိုင်ခွင့်ရရန် ကုမ္ပဏီများမှ တောင်းခံမှုများသည့် တင်ဒါခေါ်ယူရမည်ဆိုသော စည်းမျဉ်းနှင့် ဆန့်ကျင်လျက်ရှိသည်။

ယှဉ်ပြိုင်လုပ်ကိုင်ရခြင်း မဟုတ်သည့်အတွက် အများပြည်သူအတွက်ဟုဆိုသော်လည်း ပြည်သူအတွက် အမှန်တကယ် သက်သာခွင့်မရဘဲ ကုမ္ပဏီ၏အကျိုးအမြတ်အပေါ် အခြေခံသည့်စနစ်အောက်တွင် နစ်နာရနိုင်သည်။
အများပြည်သူနှင့်သက်ဆိုင်သည့် အိမ်ရာစီမံကိန်းများမှာ နိုင်ငံခြားကုမ္ပဏီများသို့ပါ တင်ဒါခေါ်ယူဆောက်လုပ်သင့်ကြောင်း၊ သို့မှသာ အမှန်တကယ် တန်ဖိုးသင့်၊ တန်ဖိုးသက်သာပြီး အရည်အသွေးမီသော အဆောက်အအုံများကို အများပြည်သူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တင်ဒါခေါ်ယူရမည့်စည်းမျဉ်းကို ဖောက်ဖျက်၍ပေးခဲ့ပါက ပေးခဲ့သူများကသာ တာဝန်ခံကြရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့က ပြောကြားခဲ့ကြသည်။

အကျိုးအမြတ်ပိုင်းကြည့်လျှင်လည်း ရန်ကုန်တွင် လက်ရှိတည်ဆောက်ရန်စီစဉ်နေကြသည့် အဆောက်အအုံစီမံကိန်းများအားလုံးသည် နိုင်ငံတော်မှမြေပေးပြီး လုပ်ငန်းရှင်မှ အားလုံးအကုန်အကျခံ တည်ဆောက်သည့် စီမံကိန်းများဖြစ်ပြီး နိုင်ငံတော် ၅၀ လုပ်ငန်းရှင် ၅၀ အချိုး၊ နိုင်ငံတော် ၄၉ လုပ်ငန်းရှင် ၅၁ အချိုးများဖြင့်သာ အကျိုးအမြတ်ခွဲဝေ တည်ဆောက်ကြခြင်း ဖြစ်သည်။

ယခုပုလဲဥယျာဉ်အိမ်ရာစီမံကိန်းသည်လည်း နိုင်ငံတော်မှ မြေစိုက်ထုတ်ပေးရပြီး လုပ်ငန်းရှင်အကုန်အကျခံဆောက်သည့် စီမံကိန်းဖြစ်ရာ ၃၀း၇၀ ဆိုသည်မှာ အခြားစီမံကိန်းများဖြင့်ယှဉ်လျှင် နိုင်ငံတော်ရသည့်နှုန်း များစွာနည်းပါးလျက်ရှိသည်။

Credit: Myawady News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service