ပုဂံတွင် ဆောက်လုပ်ခွင့် ရပ်နားထားသော ဟိုတယ်များထဲမှ ခုနစ်လုံးကို ပြန်ခွင့်ပြု

ပုဂံတွင် ဆောက်လုပ်ခွင့် ရပ်နားထားသော ဟိုတယ်များထဲမှ ခုနစ်လုံးကို ပြန်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
5 May 2014 1:08 pm တွင် တင်ခဲ့သည်
1350 ကြိမ် ကြည့်ရှု့ပြီး
ရှေးဟောင်းမြို့တော် ပုဂံရှိ စေတီပုထိုးများအကြား ကမ္ဘာ့လှည့်ခရီးသွားများစီးနင်းနေသော မီးပုံးပျံနှစ်လုံးကို ၂၀၁၄ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ)
ပုဂံမြို့တွင် စည်းကမ်းချက်နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ဆောက်လုပ်ခွင့် ပိတ်ပင်ထား သော ဟိုတယ် ၂၈လုံးထဲမှ ဟိုတယ်ခုနစ်လုံးကို ဆက်လက် ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ကျန်ဟို တယ်များကိုလည်း ဆောက်လုပ် ခွင့်ပြန်ပေးရန် စိစစ်နေကြောင်း ပုဂံရှေးဟောင်းသုတေသန ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

အသစ်တည်ဆောက်ရာ၌လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီ သည့် ဟိုတယ်၊ တည်းခိုခန်း ၂၈ လုံးကို ယာယီပိတ်ပင်ခဲ့ခြင်းနှင့် ယဉ်ကျေးမှုဒေသများ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပ ဒေပုံစံ ၇ ဖြင့် ပြန်လည်တောင်းခံ ရန် ပုဂံရှေးဟောင်းသုတေသန ဦးစီးဌာနက ယခုနှစ် ဖေဖော်ဝါရီ လအတွင်း၌ ညွှန်ကြားခဲ့သည်။

‘‘အခုလောလောဆယ် ခုနစ် လုံးကို ပြန်ဆောက်ခွင့်ပြုလိုက်ပြီ။ ကျန်ရှိတဲ့ ဟိုတယ်တွေကိုလည်း စိစစ်ပြီးတော့ ခွင့်ပြုသွားဖို့ အစီ အစဉ်ရှိပါတယ်။ ပြန်လည်ခွင့်ပြု လိုက်တာက မြို့တွင်းထဲမှာ ဖြစ် နေတဲ့ ဟိုတယ်တွေ၊ ရှေးဟောင်း ဘုရားတွေနဲ့ ဝေးနေတဲ့ ဟိုတယ် တွေ၊ ယဉ်ကျေးမှုကို မထိခိုက် နိုင်တဲ့ ဟိုတယ်တွေပါ’’ ဟု ပုဂံရှေးဟောင်း သုတေသနဦးစီးဌာ န ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

ပုဂံမြို့ရှေးဟောင်းနယ်မြေ အတွင်း အသစ်တည်ဆောက် သောဟိုတယ်များထဲမှ အချို့ သည် သုံးထပ်မြင့် အဆောက် အအုံများဖြစ်နေသောကြောင့် ပုဂံညောင်ဦးဒေသခံများက ပြင်း ထန်စွာ ကန့်ကွက်ထားသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန၏ ၂၀၁၄ ဖေဖော်ဝါ ရီလကုန်အထိ စာရင်းများအရ ပုဂံဒေသတွင် ဟိုတယ် ၇၇ လုံး၊ အခန်းပေါင်း ၂၃၈၆ ခန်းအား တ ရားဝင်လိုင်စင် ချပေးထားသည်။

‘‘ရှေးဟောင်းအမွေအနှစ် ပျက်စီးမှာကို ဒေသခံတွေက မကျေနပ်လို့ ပြောဆိုတဲ့အချိန်မှာ ခဏပိတ်ထားလိုက်တာပဲ။ ခု တော့ ပြန်ဆောက်ခွင့်ပေးလိုက် ပြီ။ ဘာမှမထူးဘူး။ သူတို့လုပ်ချင် သလို လုပ်နေတာ။ ကျွန်တော်တို့ ကတော့ ဆက်ပြီး ကန့်ကွက်သွား ဦးမှာပဲ’’ ဟု ပုဂံမြို့ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးအသင်းမှ ကိုမင်းနိုင်အောင် က ပြောသည်။

‘‘ကျွန်တော်တို့ဟိုတယ် လည်းပြန်ဖွင့်တဲ့အထဲမှာ ပါပါ တယ်။ ကျွန်တော်တို့ဟိုတယ်က သုံးထပ်အမြင့်ပါ။ ပုဂံမှာ သုံးထပ် မြင့်ဟိုတယ်တွေအားလုံး ပြန်ဖွင့် ပေးလောက်ပါတယ်။ အစတည်း က လုံးလုံးပိတ်ထားတာမဟုတ် ပါဘူး။ ခွင့်ပြုချက်ပြန်တောင်းတဲ့ သဘောပါ။ အခု ဟိုတယ်တွေ အားလုံးကို ပြန်ဖွင့်ပေးမယ်လို့ ကြားပါတယ်’’ ဟု ညောင်ဦးမြို့ အတွင်း သုံးထပ်မြင့်ဟိုတယ် အ သစ်ဆောက်လုပ်၍ ပိတ်ပင်ထား ခံရပြီး ယခု ဆောက်လုပ်ခွင့် ပြန်ပေးရာတွင် ပါဝင်သော ဟိုတယ်တစ်လုံးမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပုဂံ၊ ညောင်ဦး ရှေးဟောင်း ဇုန်များတွင် ဟိုတယ်ဆောက်လုပ် ခွင့် ပြုတော့မည်မဟုတ်ဘဲ ဟို တယ်အသစ်ဆောက်လုပ်သူမှာ ချောက်မြို့သို့ သွားရာလမ်းရှိ ဟို တယ်ဇုန် (၄) နှင့် ပခုက္ကူတံတားအ နီးရှိ လက်ပံခြေပေါ်ဒေသတို့တွင် ဆောက်လုပ်ခွင့်ပြုရန် လျာထား ကြောင်း၊ ဟိုတယ်နှင့် ယဉ်ကျေး မှုဝန်ကြီးဌာန တစ်ခုတည်း ခွင့်ပြု ၍ မရတော့ကြောင်းနှင့် သက် ဆိုင်ရာ တိုင်းဒေသကြီး ၀န်ကြီး ချုပ်နှင့် တိုင်ပင်ပြီး ဆောက်လုပ် ခွင့် ပြုရမည်ဖြစ်ကြောင်း သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးစိုးသိန်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် 7Day သတင်းစာအား ပြောကြားသည်။

ပုဂံ၊ ညောင်ဦးမြို့တွင် အ ဆောက်အအုံဆောက်လုပ်ပါက ယခင်က အမြင့်ပေ ၃၀ ထက် မ ကျော်လွန်ရဟု သတ်မှတ်ထား ပြီး နောက်ပိုင်းတွင် အမြင့်ပေ ၄၀ အထိ ခွင့်ပြုပေးခဲ့ရာ ကန့်ကွက်မှု များရှိသောကြောင့် ယခုလက်ရှိ အချိန်တွင် အမြင့်ပေ ၃၀ အထိ သာ သတ်မှတ်ထားကြောင်း ဦး နိုင်ဝင်းက ပြောသည်။

‘‘အဆောက်အအုံဆောက် မယ့် နေရာအပေါ်မူတည်ပြီး ဆောက်ခွင့်ပေးနေတာ။ ဒီနေရာ က ဘုရားနဲ့အနီးအဝေးအပေါ် မူ တည်ပြီး လုပ်ပေးနေတာ။ အခု ပေ ၃၀ လို့ ပြောပေမယ့် သုံးထပ် အမြင့် ဟိုတယ်တွေက ပေသုံး ဆယ်ထက် ကျော်နေပါတယ်’’ဟု ညောင်ဦးမြို့ ဒေသခံတစ်ဦးက ပြောသည်။

Credit: Myawady News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service