စစ်ကိုင်းတိုင်းအတွင်း ဂရန်အင်းများကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် လုပ်ကိုင်ခွင့် များချထားပေးရန် အိတ်ဖွင့်လေ လံစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်သည်။
အဆိုပါ ဂရန်အင်းများ အ တွက် လေလံများ ချထားပေးရာ တွင် သက်ဆိုင်ရာ ခရိုင်နှင့် မြို့ နယ်အလိုက် လေလံများကို ရောင်းချပေးမည်ဖြစ်၍ ၀ယ်ယူလို သူများမှာ သက်ဆိုင်ရာခရိုင်၊ မြို့ နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးများ တွင် ဆက်သွယ်ဝယ်ယူရမည်ဖြစ် သည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်းရှိ မြို့နယ်၊ ခရိုင် ၂၀ မှ ဂရန် အင်းပေါင်း ၁၅၀ ခန့်ကို လေလံ စနစ်ဖြင့် ရောင်းချသွားမည်ဖြစ် ရာ အင်းဆွဲလိုသူများမှာ လျှောက် လွှာများကို လေလံရက်မတိုင်မီ ခုနစ်ရက်အတွင်း လျှောက်ထား ရန်လိုအပ်မည်ဖြစ်သည်။
လေလံဆွဲခွင့် လက်မှတ် များကို လေလံရက်မတိုင်မီ သက် ဆိုင်ရာရုံးများတွင် ထုတ်ပေးထား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ရွှေဘို၊ ခင်ဦး၊ ၀က်လက်၊ ကန့်ဘလူ၊ မုံရွာ၊ ချောင်းဦး၊ ကနီ၊ဆားလင်းကြီး၊ ဟုမ္မလင်းမြို့နယ် များမှ အင်းများကို မေလ ၉ ရက် တွင် လေလံတင်ရောင်းချသွား မည်ဖြစ်သည်။
ကသာ၊ အင်းတော်၊ ဗန်း မောက်၊ ထီးချိုင့်၊ ကောလင်း၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ကလေး၊မင်းကင်း၊ တမူးစသော ဒေသ များရှိ အင်းများကို မေလ ၁၂ ရက်၌ လေလံတင်ရောင်းချသွား မည်ဖြစ်သည်။
Credit: Myawady News