နေပြည်တော် သပြေကုန်းရပ်ကွက်တွင် ငှားမည့်အိမ်နည်းပါးလျက်ရှိ

နေပြည်တော် သပြေကုန်းရပ်ကွက်တွင် ငှားမည့်အိမ်နည်းပါးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
5 May 2014 12:15 pm တွင် တင်ခဲ့သည်
924 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်၏ ဗဟိုဖြစ်သောဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်တွင် အိမ်ခြံမြေ ငှားရမ်းရန် နေရာ နည်းပါးလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

နေပြည်တော် သပြေကုန်းတွင် စီးပွားရေးလုပ်ငန်းအများစု တည်ရှိသည့် ပိတောက်လမ်းမကြီးနှင့် ဇမ္ဗူ့သပြေ လမ်းမကြီးတို့၌ အရောင်းဆိုင်ခန်းအများစု ဖွင့်လှစ်ကြသည့်အတွက်ငှားရမ်းရန်နေရာ မရှိသ လောက်နည်းပါးနေသဖြင့် သပြေကုန်း ရပ်ကွက်အတွင်းပိုင်း လမ်းသွယ်များ၌တိုးချဲ့ ငှားရမ်းလာကြောင်း နန်းရွှေပြည် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ သိရသည်။

”သပြေကုန်းရပ်ကွက်က မူလကတည်းကလည်း အရမ်းကြီး မကျယ်ဘူး။ အရောင်းအဝယ်လုပ်ငန်း အများစု တည်ရှိတာကလည်း ဇမ္ဗူ့သပြေလမ်းနဲ့ ပိတောက်လမ်းမကြီးမှာ ဖြစ်ပြီးတော့ လုပ်ငန်းတွေက အထိုင် ကျနေလို့ ငှားဖို့နေရာ မရှိတတ်ဘူး။ ဒီတော့ ရုံးခွဲဖွင့်လှစ်တာတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် လမ်း အတွင်းပိုင်းတွေမှာ ငှားရမ်းလာကြတယ်”ဟု နန်းရွှေပြည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးထွန်းက ပြောသည်။

တိုးချဲ့ငှားရမ်းလာကြသည့် နေရာများမှာ ပိတောက်လမ်းမကြီးနှင့်ဆက်သွယ်ထားသောလမ်းသွယ်များ၊ ဇမ္ဗူ့သပြေလမ်းမကြီးနှင့် ကျောကပ်လမ်းနှင့် ငုဝါလမ်း၊ အင်ကြင်းလမ်းစသည်တို့တွင် ဖြစ်ကြောင်း သိရသည်။

နေပြည်တော် သပြေကုန်းတွင် အိမ်ရှင်နှင့် တွဲဖက်နေထိုင်ပါက ငှားရမ်းခ အနည်းဆုံးကျပ်တစ်သိန်းခန့် ရှိပြီး လုံးချင်းဆိုပါက အိမ်အရည် အသွေးပေါ် မူတည်၍ ငါးသိန်းမှ သိန်း၂ဝ ခန့်အထိ ရှိကြောင်း၊ သပြေကုန်း ဈေးအနီးရှိ ပွဲရုံတန်းများတွင်မူ တစ်လ ငှားရမ်းခ သုံးသိန်းခွဲခန့်မှ ငါးသိန်း ခန့်အထိ ဈေးရှိကာ နေရာအကွက် အကွင်းကျမှုအပေါ် မူတည်၍ ဈေးနှုန်း အနည်းငယ် အလျှော့အတင်းရှိကြောင်း သိရသည်။

”လမ်းအတွင်းပိုင်း ဆိုပေမယ့် အသွားအလာလွယ်ကူတယ်။ တခြားစီးပွားရေးလုပ်ငန်းတွေဖွင့်လှစ်လုပ် ကိုင်တာတွေ ရှိတယ်ဆိုရင်လည်းဈေးက လမ်းမတန်းထက်တော့ အရမ်းမလျော့ဘူး”ဟု ဦးထွန်းက ပြော သည်။

သပြေကုန်းဈေးအတွင်းဘက်ပိုင်းတွင် ငှားရမ်းရန် ဆိုင်ခန်းများရှိသော်လည်း အရောင်းအဝယ်လုပ် ကိုင်လိုသူများမှာ ဈေးအပြင်မျက်နှာစာတန်းနှင့် ပွဲရုံတန်းများတွင်သာ ငှားရမ်းလုပ်ကိုင်လိုကြကြောင်း သိရ သည်။

သပြေကုန်းရပ်ကွက်သည် ဝန်ကြီးဌာနများသို့ သွားလာရန် လွယ်ကူသော်လည်း ငှားရမ်းနေထိုင်လိုသူ များအနေဖြင့် အိမ်ခြံမြေ ငှားရမ်းခနှုန်းထားများ ကြီးမြင့်သောကြောင့် သပြေကုန်းအနီးရှိ ရွှေကြာပင်၊ သာ ယာကုန်း စသည့် ရပ်ကွက်များတွင် ငှားရမ်းနေထိုင်လေ့ရှိကြောင်း သိရသည်။

”နေဖို့အတွက် ငှားတာပဲဆိုတော့ ရွှေကြာပင်ရပ်ကွက်အတွင်းဘက်ပိုင်းတွေမှာ အငှားများတယ်” ဟု ရွှေကြာပင်ရပ်ကွက်အတွင်းတွင်ဝန်ဆောင်မှုပေးနေသည့် အိမ်ခြံမြေ အကျိုးဆောင် ကိုဇော်မိုးထွန်းက ပြောသည်။

သပြေကုန်းရပ်ကွက်၌ နေထိုင်သူများမှာ ပြန်လည်ရောင်းချလိုခြင်းနည်းပါးသဖြင့် ပြန်လည်ငှားရမ်း မည့် အိမ်ခန်းများ နည်းပါးသကဲ့သို့ အရောင်းအဝယ်လည်း နည်းပါးလျက်ရှိကြောင်း သိရသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service