တစ်နိုင်ငံလုံးရှိ ၀န်ထမ်းအိမ်ရာများနှင့် ပြည်သူ့အိမ်ရာများ၏ အိမ်ငှားရမ်းခများတိုးမြှင့်ကောက်ခံမည်

4 May 2014 9:06 am တွင် တင်ခဲ့သည်
684 ကြိမ် ကြည့်ရှု့ပြီး
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံခန့်ခွဲထားသည့် ၀န်ထမ်းအိမ်ရာများနှင့် ပြည်သူ့အိမ်ရာများကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ အိမ်ငှားရမ်းခများကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် နှုန်းထားသစ်များဖြင့် တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

"မဆလခေတ် လက်ထက်ကတည်းက ဆောက်ထားတဲ့ အဆောက်အအုံတွေရှိတယ်။ အလားတူ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်က ဆောက်ထားတဲ့ အဆောက်အအုံတွေရှိတယ်။ ကျွန်တော်တို့ ယခင်ကောက်ခံခဲ့တဲ့ အိမ်လခနှုန်းထားတွေက အခုခေတ်နဲ့ပြန်ပြီး ကြည့်မယ်ဆိုရင် အင်မတန် နည်းပါးနေပါတယ်။ ပြည်သူ့အိမ်ရာတွေ ၀န်ထမ်းအိမ်ရာတွေဟာ နှစ်ကာလ ကြာမြင့်လာတာနဲ့အမျှ ပြုပြင်ထိန်းသိမ်းမှု နည်းပါးလာတာနဲ့အမျှ မြို့ပြအင်္ဂါရပ်နဲ့ မညီညွတ်တာတွေ တွေ့လာရမယ်။ ဒီအတွက် ကျွန်တော်တို့က သင့်တော်တဲ့ ရန်ပုံငွေထုတ်ပြီးတော့ ပြုပြင်ရမယ့် အနေအထား ရှိလာပါတယ်။ ဒီလိုထုတ်သုံးနိုင်ဖို့ အတွက်ကို တစ်ဖက်တစ်လမ်း ကနေပြီးတော့ ဘယ်လိုဆောင်ရွက်လို့ ရမလဲဆိုပြီးတော့ သင့်တော်မယ့် နည်းလမ်းတွေကို စဉ်းစားလိုက်တဲ့အခါမှာ အိမ်လခတွေကို သင့်တော်တဲ့ နှုန်းထားတွေနဲ့ တိုးမြှင့်ကောက်ခံပြီးတော့ နှစ်စဉ်နှစ်စဉ် နိုင်သမျှ ရန်ပုံငွေထုတ်သုံးပြီးတော့ ပြုပြင်သွားမယ်ဆိုရင် အဆောက်အအုံတွေရဲ့ ရုပ်ပြလည်း ကောင်းလာမယ်ဆိုတဲ့ အမြင်နဲ့ အဆင့်ဆင့် တင်ပြဆောင်ရွက်ပြီး အိမ်လခတိုးမြှင့် ကောက်ခံဖို့ ဖြစ်လာတာပါ" ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်စိန်က ပြောကြားသည်။

ယင်းသို့ တိုးမြှင့်ကောက်ခံမည့် နှုန်းထားသစ်အရ ရန်ကုန်မြို့ မြို့စွန်ဧရိယာရှိ အိမ်ရာများကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ နှုန်းထားများနှင့် တစ်ပြေးညီသတ်မှတ် ကောက်ခံသွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်း ဧရိယာရှိ အိမ်ရာများတွင်မူ ၂၅ ရာခိုင်နှုန်း အပိုထပ်ဆောင်း ကောက်ခံသွားမည်ဟု သိရသည်။

"ဥပမာအားဖြင့် မြို့စွန်မှာ ၁၀၀၀၀ ကျမယ်ဆိုရင် မြို့တွင်းမှာ ၁၂၅၀၀ ပေးရမှာဖြစ်တယ်။ အမှုထမ်းဆိုရင် လစာရဲ့ သုံးရာခိုင်နှုန်းဖြစ်ပြီး အရာထမ်းဆိုရင် လစာရဲ့ ငါးရာခိုင်နှုန်း ဖြစ်ပါတယ်။ ဦးစီးအရာရှိဆိုရင် သူ့လစာမူရင်း ၁၄၀၀၀၀ ကျပ်ဖြစ်တယ်။ ၁၄၀၀၀၀ ရဲ့ ငါးရာခိုင်နှုန်းဆိုရင် ၇၀၀၀ ကောက်ခံမှာ ဖြစ်ပါတယ်။ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးဆိုရင် သူ့ရဲ့အမြင့်ဆုံးလစာက ၂၅၀၀၀၀ ဖြစ်တဲ့အတွက် သူ့ရဲ့ငါးရာခိုင်နှုန်း ၁၂၅၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။ ရုံးအကူ၊ ရုံးစောင့်၊ သန့်ရှင်းရေး ၀န်ထမ်းတွေဆိုရင် နောက်ဆုံးလစာ ၇၅၀၀၀ ရတယ်။ သူ့ရဲ့သုံးရာခိုင်နှုန်း ၂၃၀၀ ကျခံရမှာဖြစ်တယ်" ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်စိန်က ပြောကြားသည်။

အဆိုပါတိုးမြှင့် ကောက်ခံမည့် နှုန်းထားများအရ အိမ်ခန်း၏ အကျယ်အ၀န်းကိုလိုက်၍ တစ်လလျှင် အနိမ့်ဆုံးကျပ် ၃၀၀၀ မှ အမြင့်ဆုံးကျပ် ၁၂၅၀၀ အထိရှိမည်ဖြစ်ပြီး အမှုထမ်းအိမ်ရာများကို အနိမ့်ဆုံးကျပ် ၂၃၀၀ မှ အမြင့်ဆုံး ကျပ် ၃၂၀၀ အထိ၊ အရာထမ်း အိမ်ရာများကို အနိမ့်ဆုံးကျပ် ၇၀၀၀ မှ အမြင့်ဆုံးကျပ် ၁၂၅၀၀ ရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ခန်းစုစုပေါင်း ၁၁၆၀၀ ခန်းရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စုစုပေါင်း ၅၃၀၀ ခန်းရှိကြောင်းနှင့် မြို့ပြအိမ်ရာနှင့် ညီညွတ်အောင် ပြန်လည်ပြုပြင် နိုင်ရေးအတွက် ရည်ရွယ်ပြီး တိုးမြှင့်ကောက်ခံ ရခြင်းဖြစ်ကြောင်း သိရသည်။

Credit: Myawady News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service