အကျိုးဆောင်တွေ သိမ်းထားတဲ့ ရန်ကုန်အိမ်ခြံမြေဈေးကွက်

အကျိုးဆောင်တွေ သိမ်းထားတဲ့ ရန်ကုန်အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
2 May 2014 4:32 pm တွင် တင်ခဲ့သည်
1651 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ အရောင်း၊ အ၀ယ်၊ အငှား ကဏ္ဍမှာ အကျိုးဆောင်တွေ၊ အရပ်ပွဲစားတွေက
အဓိက အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ အိမ်ငှားဖို့ ၀ယ်ဖို့အတွက် သူတို့နဲ့ မလွတ်ကင်းနိုင်ပါဘူး။
ကြားခံ အကျိုးဆောင်တွေ မပါဘဲ ဖြစ်မြောက်တယ် ဆိုတာက ရန်ကုန် အိမ်ခြံမြေ ဈေးကွက်မှာ ရှားပါးလာပါပြီ။

အိမ် ခြံ မြေ ရောင်း/၀ယ်/ငှားရာမှာ ကြားခံ ဆက်သွယ်ဆောင်ရွက်ပေးတဲ့ လုပ်ငန်းအတွက် စနစ်တကျ ဆောင်ရွက်ဖို့ ရုံးခန်းတွေ ဘာတွေနဲ့ လုပ်ကိုင်နေတာကို အကျိုးဆောင် လုပ်ငန်းလို့ အမည်တပ်ပါတယ်။
သူတို့က ပွဲစားလုပ်ငန်း ဖြစ်ပေမယ့် သူတို့ကို ပွဲစားလို့ ခေါ်ရင် အများအားဖြင့် မကြိုက်ကြဘူးလို့ သူတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
(အလုပ်ခန်း ရုံးခန်းမဖွင့်ဘဲ၊ ၀န်ထမ်းမငှားဘဲ ရပ်ကွက်ထဲမှာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတဲ့ သူတွေကိုတော့ အရင်လို ပွဲစားလို့ ခေါ်နေကြဆဲ ဖြစ်ပါတယ်။ )

သူတို့ဟာ ရန်ကုန်မြို့အနှံ့ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကွန်ဒို စတာတွေအထိ ရောက်တယ်၊
မိမိတို့ကုမ္ပဏီရဲ့ လက်ကမ်းစာစောင်တွေ ဝေတယ်၊ အချက်အလက်စုကြတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှာ လုပ်ကိုင်သူ တဦးဖြစ်တဲ့ မငုဝါက ပြောပါတယ်။

“နေ့တိုင်း တစ်မြို့လုံးကို မာကတ်တင်း လိုက်ဆင်းရပါတယ်။
အဲလို ဆင်းနေတဲ့အချိန်မှာ အိမ်ရောင်းတာ၊ ရောင်းတာတွေဟာ ကိုယ့်လုပ်ငန်းမှာ အပ်ထားသလို တခြား အကျိုးဆောင်တွေဆီမှာလည်း အပ်ထားတာ ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် တခြား အကျိုးဆောင်တွေ နဲ့ ဒေတာ (အချက်အလက်)တွေ တူနေတာရှိပါတယ်” လို့ သူက ပြောပါတယ်။

အိမ်ငှားခတန်ဖိုး ကျသင့်တဲ့ တစ်လစာကို အကျိုးဆောင်ခ/ပွဲခ ပေးရမှာ ဖြစ်ပါတယ်။
အိမ်လခက တလ တသိန်း ဆိုရင် အကျိုးဆောင်ခ/ပွဲခကလည်း တသိန်း ဖြစ်ပါတယ်။

အိမ်ငှားသူ စိတ်ကြိုက် လိုချင်တဲ့ အမျိုးအစားတွေ ပြောပြရမှာ ဖြစ်ပါတယ်။
အိမ်ငှားဖို့ သဘောတူစဉ်က ပါရှိတဲ့ အချက်တွေ နဲ့ မကိုက်ညီရင်တော့ အကျိုးဆောင်တွေက တာဝန်ယူပေးတယ်လို့ ဆိုပါတယ်။ အရပ်ဘက် ပွဲစားအချို့ကတော့
ဒါမျိုးတွေကိုတာဝန်မယူဘူးလို့ သိရပါတယ်။

“ကျွန်မကတော့ အိမ်ငှားဖို့အတွက် ပွဲစားကို အပ်လိုက်တယ်။ နှစ်ယောက်ထဲ နေမှာ ဖြစ်လို့ အိမ်ရှင်နဲ့ တွဲလျက် အခန်းတစ်ခန်းပဲ ငှားလိုက်တယ်။ ငှားရမ်းတုန်းက
ကြားထဲက ပွဲစားတစ်ယောက်က စပ်ပေးတာပါ။ အဲဒီမှာလည်း နေတော့ အရင်က သဘောတူထားတဲ့အတိုင်း မီတာခ တစ်ယောက် တစ်ဝက်ကျခံ ရမယ်ဆိုတာက
မဟုတ်တော့ဘဲ မီတာခကို ပိုတောင်းတယ်။ ပြီးရင် ကျွန်မတို့ ငှားထားတဲ့အခန်းထဲကို အကြောင်းပြချက်ရှာပြီး သူတို့ ပစ္စည်းတွေ လာထည့်တယ်။
နောက်တော့ စာချူပ် တောင် မပြည့်သေးဘူး သူတို့ နောက်တင်မယ့် လူက ဈေးပိုပေးလို့ ဆိုပြီး ကျွန်မတို့ကို ပြောင်းခိုင်းတော့တယ်။
ရန်လည်း မဖြစ်ရဲတာကြောင့် နောက် တစ်လုံးပဲ ရှာလိုက်တော့တယ်”
လို့ ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်တိုက်ခန်းမှာ ငှားနေခဲ့တဲ့ မ၀င်းသန်း ကပြောပါတယ်။

အိမ်ငှားနေလိုသူတချို့လည်း ပွဲခ/အကျိုးဆောင်ခ အတွက် အကုန်အကျ မခံလိုပါဘူး။

“ပွဲစားကို မပေးချင်လို့ ကိုယ်တိုင်ရှာတော့လည်း အိမ်ငှားမယ့်သူတွေက ဟိုပွဲစားနဲ့ ချိတ်ထားလို့ ဒီပွဲစားနဲ့ ချိတ်ထားလို့ ဆိုပြီး မငှားဘူး။ သူတို့ ချိတ်ထားတဲ့ ပွဲစားကိုပဲ သွားရှာရတယ်” လို့ အိမ်အခန်းငှားနေထိုင်သူ တစ်ဦးက ပြောပါ တယ်။

အိမ်ရှင်နဲ့ အိမ်ငှား တိုက်ရိုက်တွေ့ တာတောင် ငှားလို့မရဘဲ ပွဲစားတစ်ဆင့်ခံနဲ့မှ ငှားလို့ရတယ် ဆိုတော့ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ ကုန်ကျတာပေါ့ လို့ သူက ဆက်ပြောပါတယ်။

အကျိုးဆောင်အားကိုးကြသူ အများအပြား ရှိပေမယ့် တချို့အတွက်တော့ အဆင်မပြေတာကို တွေ့ရ ပါတယ်။
အိမ်ငှားရမ်းခအတွက် အကျိုးဆောင်တွေ က၀န်ဆောင်မှု အဖြစ်ငှားရမ်းခ တစ်လစာကို အိမ်ရှင်ရော အိမ်ငှားဘက်ကပါ ယူတယ်၊
ရောင်းမယ် ဆိုရင်တော့ အိမ်ရောင်းမယ့်သူဆီကနေ ၂ ရာခိုင်နှုန်း ယူတယ်လို့ ရွှေဂုံတိုင်မှာ ရှိတဲ့ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီက တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့မှာ အိမ်တစ်လုံး တိုက်ခန်းတစ်ခန်းပဲ ဖြစ်ဖြစ် ၀ယ်ယူမယ်၊ ငှားရမ်းမယ်ဆိုရင်တော့ အကျိုးဆောင် တွေ မပါဘဲ ရနိုင်ဖို့က မလွယ်ကူပါဘူး။
ရန်ကုန်မြို့ရဲ့ အိမ်၊ ခြံမြေ ဈေးကွက်ကတော့ သူတို့လက်ထဲမှာ အများဆုံးရှိနေပြီး သူတို့ရဲ့ ဖြန့်ကျက်ထားမှုကလည်း ကျယ်ပြန့်နေကြောင်း သိရပါတယ်။

Credit : The Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service