ရန်ကုန်မြို့ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းနေရာဟောင်း အထပ်မြင့်အဆောက်အအုံ ၁၁ လုံး တည်ဆောက်နေ

ရန်ကုန်မြို့ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းနေရာဟောင်း အထပ်မြင့်အဆောက်အအုံ ၁၁ လုံး တည်ဆောက်နေ - Property News in Myanmar from iMyanmarHouse.com
28 Apr 2014 4:34 pm တွင် တင်ခဲ့သည်
869 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းနေရာဟောင်း အထပ်မြင့်အဆောက်အအုံ ၁၁ လုံး တည်ဆောက်နေ

ရန်ကုန်မြို့ကို နိုင်ငံတကာအဆင့်မီ စီးပွားရေးမြို့တော်အဖြစ် တည်ဆောက်မှုများ ပြုလုပ်လျက်ရှိရာ ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းမကြီးအနီး ယခင် ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း မြေနေရာတွင် မြို့ပြဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် အဆင့်မြင့်စီမံကိန်း အဆောက်အအုံများ တည်ဆောက်နေပြီဖြစ်သည်။

ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမြေနေရာသည် စုစုပေါင်းမြေပြင်အကျယ်အ၀န်းမှာ ၃၉၉၉၅၅ စတုရန်းမီတာရှိရာမှ ၁၂၀၇၄၃ စတုရန်းမီတာ အကျယ်အ၀န်းပေါ်တွင် လမ်းများ၊ ကားပါကင်များကို အများဆုံးဧရိယာအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

ကျန်ရှိသည့် မြေဧရိယာ ၂၇၉၂၁၂ စတုရန်းမီတာကို ကွန်ဒိုအခန်းပေါင်း ၄၅၉ ခန်းပါဝင်သည့် အဆင့်မြင့်ကွန်ဒို မီနီယံ ၁၁ လုံး တည်ဆောက်မည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Crown Advanced Construction Co.,Ltd တို့ အကျိုးတူတည်ဆောက်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဧပြီ ၂၅ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြောကြားသည်။

အဆိုပါ အဆောက်အအုံများမှာ စုစုပေါင်းအထပ် ၂၉ ထပ်ပါရှိသော စီးပွားရေးနှင့် ဟိုတယ်အဆောက်အအုံ၊ အထပ်ပေါင်း ၂၆ ထပ်ရှိသော အထပ်မြင့်အဆောက်အအုံ၊ စုစုပေါင်းရှစ်ထပ်ရှိသော ဈေးဝယ်စင်တာများ ပါရှိမည့် အဆောက်အအုံ၊ စုစုပေါင်း ၂၆ထပ်မြင့်သော အဆင့်မီအဆောက်အအုံ၊ စုစုပေါင်း အထပ်ရှစ်ထပ်ပါရှိသော ဈေးဝယ်စင်တာများပါရှိမည့် အဆောက်အအုံ၊ စုစုပေါင်းအထပ် ၃၀ ရှိပြီး ကွန်ဒိုအခန်းပေါင်း ၁၂၆ ခန်းပါရှိသည့် အဆောက်အအုံ၊ စုစုပေါင်းအထပ် ၃၀ ရှိပြီး ကွန်ဒိုအခန်း ၉၉ ခန်းပါရှိသော အဆောက်အအုံ၊ အထပ် ၃၀ရှိပြီး ကွန်ဒိုအခန်းပေါင်း ၅၆ ခန်းရှိသည့် အဆောက်အအုံတိုပါဝင်တည်ဆောက်လျက်ရှိသည်။

ထို့အပြင် စုစုပေါင်းအထပ် ၃၀ ရှိပြီး အခန်းပေါင်း ၅၆ခန်းပါရှိသည့် အထပ်မြင့်အဆောက်အအုံ၊မြေပေါ် ၂၈ထပ် စုစုပေါင်း အထပ် ၃၀ရှိပြီး အခန်းပေါင်း ၅၆ ခန်းပါရှိသည့် အဆောက်အအုံ၊ မြေပေါ် ၂၃ ထပ်ရှိပြီး အခန်းပေါင်း ၆၆ခန်းပါရှိမည့် အထပ်မြင့် အဆောက်အအုံများကို တည်ဆောက်လျက်ရှိသည်။

အဆိုပါ အဆောက်အအုံများနှင့် ပတ်သက်ပြီး အကျိုးတူဆောက်လုပ်သည့် ကုမ္ပဏီကရရှိမည့် အဆောက်အအုံနှင့် အခန်းများကို ယင်းကုမ္ပဏီ၏ အစီအစဉ်ဖြင့် စီမံခန့်ခွဲသွားမည် ဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကရရှိမည့် အဆောက်အအုံနှင့် အခန်းများကို ကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက်များဖြင့် စီမံခန့်ခွဲသွားမည် ဖြစ်သည်။

Credit : (မြန်မာ့အလင်း)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service