မြေနီကုန်းခုံးကျော်တံတား ကျပ် ၁၆ ဘီလီယံကျော် အသုံးပြုရန်စီစဉ်

မြေနီကုန်းခုံးကျော်တံတား ကျပ် ၁၆ ဘီလီယံကျော် အသုံးပြုရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
28 Apr 2014 3:32 pm တွင် တင်ခဲ့သည်
1111 ကြိမ် ကြည့်ရှု့ပြီး
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ် ရန်ကုန်တိုင်းဒေသကြီး၏ အထူးစီမံကိန်း လုပ်ငန်းအဖြစ် မြေနီကုန်းခုံးကျော်တံတား ကို ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလီယံအ သုံးပြုကာတည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွား ရေးဝန်ကြီး ဦးသန်းမြင့်ကပြောသည်။

ဧပြီ ၂၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမ အကြိမ် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ယခု ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''မြေနီကုန်းလမ်းဆုံမှာ ယာဉ် ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေလို့ ခုံးကျော် တံတား တည်ဆောက်ရန် ရည်မှန်းထားပါ တယ်''ဟု ဝန်ကြီးဦးသန်းမြင့်က ပြောသည်။

အဆိုပါ မြေနီကုန်းခုံးကျော်တံ တားအပြင် ဘုရင့်နောင်တံတားစီမံကိန်း(၂) ကို ယခုနှစ်အတွင်း အပြီးသတ်တည်ဆောက် သွားမည်ဟု ယင်းက ဆက်ပြောသည်။

ထို့ပြင် ဒေါပုံနှင့် သင်္ဃန်းကျွန်း မြို့နယ်ဆက်သွယ်ထားသည့် ငမိုးရိပ်ချောင်း ကူးတံတားတည်ဆောက်ရန် ငွေကျပ် ၉ ဒသမ ၂၈၂ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
''ဒီကိစ္စကို တိုင်းဒေသကြီးက စီ စဉ်နေတာပါ။ စည်ပင်ကိုပြောထားတာ မရှိ သေးပါဘူး။ ဆောက်ဖြစ်မယ်ဆိုရင် ပြည် လမ်းပေါ်မှာပဲ ဆောက်သွားမှာပါ''ဟု ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မ တီ လမ်းနှင့်တံတား(အင်ဂျင်နီယာ)ဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။

အဆိုပါ မြေနီကုန်း ခုံးကျော်တံ တား တည်ဆောက်မည်ဆိုပါက ခုံးကျော် တံတား တည်ဆောက်ဆဲကာလတွင် မြေနီ ကုန်းအနီးတစ်ဝိုက် ယခုထက် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အငှား ယာဉ်မောင်းနှင်သူတစ်ဦးက ဆိုသည်။

''လှည်းတန်းတံတား ကျော်လာ တာနဲ့ ဟံသာဝတီအဝိုင်းမတိုင်မီကတည်း က ပိတ်နေပြီ။ မြေနီကုန်းရောက်ဖို့ကို ၁၅ မိနစ်လောက် စောင့်ရတယ်။ မြေနီကုန်းမှာ တံတားစဆောက်ရင် ပြည်လမ်းကြီးလဲပိတ် ရွှေဂုံတိုင်ဘက်နဲ့ ဗားဂရာတစ်ကြောပါ ပိတ် ကုန်မှာ''ဟု ယင်းက ဆက်ပြောသည်။

Credit : Myawady news

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service