ပုဂ္ဂလိကအိမ်ရာများတွင် လုံခြုံရေးငှားရမ်းမှု မြင့်မားလာ

ပုဂ္ဂလိကအိမ်ရာများတွင် လုံခြုံရေးငှားရမ်းမှု မြင့်မားလာ - Property News in Myanmar from iMyanmarHouse.com
26 Apr 2014 5:08 pm တွင် တင်ခဲ့သည်
1282 ကြိမ် ကြည့်ရှု့ပြီး
ပုဂ္ဂလိက အိမ်ရာများအတွက်လုံခြုံရေးဝန်ထမ်းငှားရမ်းမှုများ မြင့်တက်လာကြောင်း လုံခြုံရေး ဝန် ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှသိရသည်။

”ပုဂ္ဂလိက အိမ်တွေအတွက်လည်း လုံခြုံရေးဝန်ထမ်းငှားတာတွေများပါတယ်။ ငှားရင် သုံးယောက် လောက်အထိကို ငှားကြတာပါ”ဟု Innwa Security and General Services Co., Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်အောင်က ပြောသည်။

ပုဂ္ဂလိက အိမ်ရာများအတွက်လုံခြုံရေးဝန်ထမ်း ငှားရမ်းမှုများမှာ ၂ဝဝ၇ ခုနှစ်ဝန်းကျင်ခန့်တွင် စတင် ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပို၍များလာခြင်းဖြစ်ကြောင်း သိရသည်။

”အိမ်ရှင်တွေက ငှားရမ်းတဲ့အကြောင်းတော့ မပြောလို့ မသိဘူး။ များသောအားဖြင့် ခရီးသွားများတဲ့ သူတွေ ငှားတာများတယ်”ဟု လုံခြုံရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီမှတာဝန်ရှိသူက ပြောသည်။

ပုဂ္ဂလိက အိမ်ရာများအတွက်လုံခြုံရေးဝန်ထမ်း ငှားရမ်းရာတွင်အနည်းဆုံး ခြောက်လမှ စတင်၍ ငှားလေ့ရှိပြီး ငှားရမ်းခမှာ အိမ်အမျိုးအစားပေါ် မူတည်၍ ကွဲပြားကြောင်းသိရသည်။

”လူကြီး၊ လူငယ် ရွေးထားတာကတော့ မမှန်ဘူး။ ဒါကတော့ ငှားတဲ့သူရဲ့ သဘောပဲလေ။ တချို့အိမ်ရှင် တွေဆို လုံခြုံရေးဝန်ထမ်းဆိုတာကိုလူယုံလို သဘောထားကြတာ”ဟု ­ဦးမြင့်အောင်က ပြောသည်။

လုံခြုံရေး ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီများတွင် အသက် ၁၈ နှစ်မှစတင်၍ ၅၅ နှစ်အထိ အလုပ် ခန့်အပ်မှုများရှိနေပြီး လူငယ်များအနေဖြင့်လုံခြုံရေးဝန်ထမ်းလျှောက်ထားမှုနည်းပါးနေကြောင်း သိရသည်။

အသက် ၅ဝ ကျော် လုံခြုံရေးဝန်ထမ်းများအား အိမ်ရာများတွင်အလုပ်ခန့်အပ်မှု များနေပြီး အကျင့် စာရိတ္တနှင့်ကျန်းမာရေးကိုသာ အလေးထား၍ ကြည့်ကြောင်း ဝန်ထမ်းများထံမှ သိရသည်။

”ဒီမှာက လစာ ကျပ် ၆ဝ,ဝဝဝ ရတယ်။ တစ်ရက်မှာ ၁၂ နာရီ လုပ်ရတယ်။ တစ်ပတ် ခြောက်ရက် လုပ်ရတယ်။ တချို့ဆို အသက်က ၆၅ နှစ်လောက်ရှိနေပြီ။ အများစုကတော့ဒီအလုပ်နဲ့ ရပ်တည်နေကြတယ်” ဟု အစိုးရဝန်ထမ်းဟောင်းဖြစ်သူအသက် ၅၉ နှစ် အရွယ်ရှိ နဝရတ်စင်တာမှ လုံခြုံရေးဝန်ထမ်း ဦးဝင်းထိန်က ပြောသည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service