အစိုးရ အဆက်ဆက်၏ အမှားကြောင့် မြေယာ ပြသနာများဖြစ်ပွားရ

အစိုးရ အဆက်ဆက်၏ အမှားကြောင့် မြေယာ ပြသနာများဖြစ်ပွားရ - Property News in Myanmar from iMyanmarHouse.com
25 Apr 2014 6:00 pm တွင် တင်ခဲ့သည်
758 ကြိမ် ကြည့်ရှု့ပြီး
ယခင် အစိုးရ အဆက်ဆက်လက်ထက်တွင် မသမာသော ဝန်ထမ်းအချို့၏ဥပဒေမဲ့ဆောင်ရွက်ခဲ့မှုများ၊ အထက်အဆင့်ဆင့် တာဝန်ရှိသူများ၏ ကြီးကြပ်မှု အားနည်းခဲ့မှုများစသည့် အမှားများကြောင့် ယခုအစိုးရ လက်ထက်တွင်လည်း မြေယာအရှုပ်အရှင်းများ၊ ပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာများ ဖြစ်ပွားရခြင်းဖြစ်သဖြင့် ယင်းအခြေအနေများကိုပြန်လည်သုံးသပ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းထိန်က ပြောသည်။

”ပြီးခဲ့တဲ့ ခေတ်ကာလတွေတုန်းက ကိုယ့်ရဲ့ ဝန်ထမ်းတွေကလည်း ဥပဒေနဲ့မညီတဲ့ ချိုးဖောက်မှုတွေ လုပ်ခဲ့ပါတယ်။ အထက် တာဝန်ရှိသူတွေကလည်း ဒီကိစ္စတွေအပေါ်မှာ ကြီးကြပ်မှု အားနည်းခဲ့ပါတယ်။ တချို့ ဝန်ထမ်းတွေ မလိမ့်တစ်ပတ်နဲ့ ချထားပေးခဲ့တာတွေကို ကိုယ့်ရဲ့ဝန်ထမ်းတွေကလည်း မသိလိုက်ဘဲ လုပ်လိုက် ရသလို ဖြစ်သွားပါတယ်။ အဲဒီကိစ္စတွေကို နောက်ပိုင်းမှာ ပြန်လည်သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ခေတ်အဆက်ဆက်တွင် မြေသိမ်းခံခဲ့ရသည့် ပြည်သူများက ယင်းတို့၏ ပိုင်ဆိုင်မှုများကို ပြန်လည်ရယူ ရန် အရေးဆိုမှုများ ပြုလုပ်လျက်ရှိသော်လည်း အခြေအနေ၊ အချိန်အခါ၊ ပထဝီအနေအထား ပြောင်းလဲမှုနှင့် ပိုင်ဆိုင်မှုဆိုင်ရာ နောက်ကြောင်း ရာဇဝင်များကို ပြန်လည်စိစစ်ကာ နစ်နာသူများအတွက် ဖြေရှင်းပေးနိုင်ရန် ဆိုသည်မှာ များပြားသော လုပ်ထုံးလုပ်နည်းများကို ဖြတ်ကျော်ရမည် ဖြစ်သည့်အပြင် ပါဝင်ပတ်သက်မှု များရှိခဲ့သည့် ဝန်ကြီးဌာနများ၊ တပ်မတော်အဖွဲ့အစည်းနှင့် မြေသိမ်းခဲ့သည့် ကုမ္ပဏီကြီးများအနေဖြင့် ဥပဒေနှင့်အညီ အတူတကွပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသဖြင့် ထိုသို့ အားလုံး ပြေလည်နိုင်ရေးအတွက် ဆောင်ရွက်ရန်မှာ အလှမ်းကွာဝေးလျက်ရှိနေဆဲဖြစ်သည်။

”ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို လက်ရှိဥပဒေတွေနဲ့သွားဖို့ ခက်နေသေးတဲ့ အခြေအနေပါ။ ဒါတွေကို ပြန်ပြီး သုံးသပ်သွားမှာပါ” ဟု ဦးမင်းထိန်က ဆက်လက်ပြောသည်။

ဝန်ကြီးဌာနများနှင့် တပ်မတော်က ပုဂ္ဂလိကကုမ္ပဏီများနှင့်ပေါင်းကာ လယ်ယာမြေများကို လျော်ကြေး လုံးဝမပေးဘဲ ဥပဒေမဲ့သိမ်းပိုက်ခဲ့ခြင်းများ၊ မဆိုစလောက်သောလျော်ကြေးငွေမျှသာ ပေးအပ်ကာ အတင်း အကျပ် သိမ်းယူခဲ့ခြင်းများ စသည့်ဖြစ်စဉ်တို့ ယခင်အစိုးရအဆက်ဆက်လက်ထက်တွင် ပြုလုပ်ခဲ့သဖြင့် ယခု အစိုးရလက်ထက်၌ ထိုသို့ အဓမ္မအသိမ်းခံခဲ့ရသော မြေရှင်များကမိမိတို့သဘောမပါဘဲ လက်လွှတ်ခဲ့ရသော မြေများကို ပြန်လည်ရရှိရန် အရေးဆိုတောင်းခံနေသော ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်လာနေကြသည်။ ထိုသို့ တောင်းခံလျက်ရှိကြသော မြေယာမူလပိုင်ဆိုင်သူ လယ်သမားများအနေဖြင့် ယခင်ပိုင်ဆိုင်မှု အထောက်အထား များ အပြည့်အဝလက်ဝယ်ရှိထားကြပြီး မိမိတို့မြေယာများ မိမိတို့လက်ဝယ်သို့ တရားသဖြင့် ပြန်လည်ရောက် ရှိလာစေရန် ဆောင်ရွက်လိုကြခြင်းသာ ဖြစ်သည်။

ထိုသို့ ဆန္ဒထုတ်ဖော်ပွဲများ၊ အရေးဆိုပွဲများ နေ့စဉ်နှင့်အမျှ ဆိုသလိုဖြစ်ပေါ်နေရခြင်းမှာ ယခင်အစိုးရ အဆက်ဆက်လက်ထက် တာဝန်ရှိသူများ၏ ဥပဒေမဲ့ဆောင်ရွက်မှုကြောင့် ဖြစ်ပွားခဲ့ရခြင်းသာ ဖြစ်ကြောင်း မြေသိမ်းခံလယ်သမားများက ပြောသည်။

”အရင် အိုးအိမ်ဦးစီးဌာန ညွှန်ချုပ် ဦးအံ့ကျော် လက်ထက်တုန်းကကျွန်တော်တို့လယ်ကိုသိမ်းတာ တစ် ဧက ၂ဝ,ဝဝဝ ပဲ ရတယ်။ သူပြောတာက လျော်ကြေးယူမလား၊ ဟိုမှာရပ်ထားတဲ့ အချုပ်ကားပေါ် တက်မလား လို့ ဆိုပြီး ကျွန်တော်တို့လယ်တွေကို သိမ်းခဲ့တယ်” ဟု လယ်မြေများအဓမ္မအသိမ်းခံခဲ့ရသည့် သီလဝါ ဒေသခံ လယ်သမားကြီး ဦးမြင့်လှိုင်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ ပြောသည်။

အစိုးရစီမံကိန်းလုပ်ငန်းကြီးများ၊ ကုမ္ပဏီကြီးများ၏ စိုက်ပျိုးရေး စီမံကိန်းကြီးများအတွက် မြေနေရာများ ရယူသိမ်းပိုက်ခဲ့ရာတွင် လယ်ယာမြေများသာမက ဥယျာဉ်ခြံမြေများ၊ ရွာမြေများပါ သိမ်းပိုက်ခံခဲ့ရပြီး လျော်ကြေး မရရှိသူများမှာ အများစု ဖြစ်သည့်အတွက် လုပ်ကိုင်စားစရာ မြေကွက်နှင့် နေထိုင်စရာ နေရာထိုင်ခင်း မပြည့်စုံမှုကြောင့် မြို့ကြီးများအနီး ကျူးကျော်နေထိုင်သူများဘဝဖြင့် အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန် ဖြတ်ကျော်ခဲ့ရသည်။ ပွင့်လင်းလွတ်လပ်မှု အထိုက်အလျောက်ရှိလာပြီဖြစ်သော ယခုအစိုးရလက်ထက်တွင် နစ်နာသူများက အခြေခံလုပ်သားပြည်သူများအရေး ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းအဖွဲ့များမှတစ်ဆင့် တာဝန်ရှိသူများ သိစေရေးအတွက် တိုင်တန်း အရေးဆိုမှုများပြုလုပ်လာ လျက်ရှိသည်။

”ကျွန်တော့ခြံကို အမြန်လမ်းနဲ့မလွတ်လို့ဆိုပြီး သိမ်းသွားတုန်းကလျော်ကြေး တစ်ပြားမှ မရခဲ့ပါဘူး။ အစိုးရအဆက်ဆက် အခွန်ဆောင်ထားတဲ့ စာရွက်တွေလည်း အခုထိ ကျွန်တော့မှာ ရှိသေးတယ်။ အခုခွပ် ဒေါင်းပါတီကို ဒီကိစ္စ တိုင်ထားပြီးပါပြီ။ သူတို့က လိုက်လုပ်ပေးမယ် လို့တော့ ပြောတယ်” ဟု ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဘေးရှိဘိုကုန်ကျေးရွာမှ တောင်သူ ဦးအုံးလှိုင်က ပြောသည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service