အခန်းပေါင်း ၈၀၀ ကျော်ပါဝင်သည့် မင်္ဂလာတောင် ညွန့်မြို့နယ်မှ ဖဆပလ အိမ်ရာ ကိုအသစ်ပြန်လည်တည်ဆောက် ရန် တိုင်းတာမှုများစတင်ပြုလုပ် နေပြီဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်ကပြောသည်။
‘‘မြေနဲ့ အခန်းတွေနဲ့ အ ကျယ်အ၀န်းတွေကို တိုင်းနေပါ တယ်။ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက် ပြီး စာရွက်စာတမ်းတွေကိုလည်း မြို့နယ်အိုးအိမ်ကရုံးတွေမှာစစ်ဆေးနေပါပြီ’’ဟု ဦးယုခိုင်ကပြော သည်။ အထူးသဖြင့် မူလနေထိုင် သူများသည် ပြည်သူ့အိမ်ရာများ တွင် ယခင်ကတည်းကနေထိုင် ကြောင်းနှင့် အိမ်ငှားစာချုပ်များကို ဌာနသို့ လာရောက်ပြသခိုင်းနေပြီ ဖြစ်ကြောင်း သိရသည်။
နေထိုင်သူလူဦးရေ စာရင်း ဇယားနှင့် ပိုင်ဆိုင်မှုစာရွက်စာ တမ်းများ စုံလင်မှုရှိပါက ယင်း အိမ်ရာတွင် နေထိုင်သူများနှင့် ဌာနမှ သွားရောက်တွေ့ဆုံဆွေး နွေးသွားမည်ဖြစ်ကြောင်း ဦးယု ခိုင်ကပြောသည်။
လက်ရှိဖဆပလအိမ်ရာတွင် နေထိုင်သူများအား ပြင်ပမှ စီးပွား ရေးလုပ်ငန်းရှင်အချို့က အခန်း တစ်ခန်းလျှင် ပေအကျယ်နှင့် အ ထပ်အမြင့်ပေါ်မူတည်ပြီး သိန်း ၈၀၀ မှ သိန်း ၁,၀၀၀ အထိဈေး ကောင်းပေးဝယ်ယူမှုများလည်းရှိ နေကြောင်း ဖဆပလအိမ်ရာတွင် နေထိုင်သူအမျိုးသား တစ်ဦးကဆိုသည်။
‘‘ဒီရက်ပိုင်းအိမ်ရာဝင်းထဲ ကို ဆောက်လုပ်ရေးက ၀န်ထမ်း တွေ လာတယ်။ မြေတွေရဲ့ ပေ အကျယ်တွေ လိုက်တိုင်းနေတာ တော့တွေ့တယ်’’ဟု အထက်ပါ အမျိုးသားကပြောသည်။
သက်တမ်းအားဖြင့် နှစ် ပေါင်း ၅၀ ကျော်ကြာမြင့်နေပြီဖြစ် ပြီး အောင်ဆန်းအားကစားကွင်း၏ မြောက်ဘက်ရှိမင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဖဆပလအိမ်ရာမှာ ပြီးခဲ့သည့် နှစ်ကတည်းက အသစ် ပြန်တည်ဆောက်မည်ဟု သတင်း များထွက်ပေါ်ခဲ့ဖူးသည်။
လက်ရှိတွင် ရန်ကုန်ရှိ အိမ် ရာ ၁၃ ခုမှ လမ်း ၅၀ အိမ်ရာနှင့် လင့်ခ်လမ်း အိမ်ရာများကို ဖြိုဖျက် ၍ အသစ်စတင်တည်ဆောက်နေ ပြီဖြစ်ပြီး မူလနေထိုင်သူများအား ၂၀၁၅ ဇွန်လတွင် ပြန်လည်နေရာ ချထားရန် ဆောက်လုပ်ရေးဝန် ကြီးဌာနက ရည်ရွယ်သည်။
တတိယမြောက်စီမံကိန်း ဖြစ်သည့် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမှ အခန်း ၂၀၀ ကျော်ပါဝင်သည့် လမ်းသစ်အိမ်ရာကို အသစ်ပြန်လည်တည်ဆောက် ရန် မူလနေထိုင်သူများနှင့် ဆွေးနွေးလျက်ရှိသည်။
အစိုးရက ရန်ကုန်အပါအ ၀င် နယ်မြို့များရှိ သက်တမ်း ကြာမြင့်နေပြီဖြစ်သည့် အိမ်ရာ အဟောင်း ၄၂ ခုကို အဆင့်မြှင့် တင်ပြီး အသစ်ပြန်လည်တည် ဆောက်ရန် ရည်ရွယ်ထားသည်။
Credit : 7Day News Journal