နေပြည်တော်တွင် ကျပ်သိန်း ၅ဝဝ အောက် မြေကွက်များ အရောင်းသွက်

နေပြည်တော်တွင် ကျပ်သိန်း ၅ဝဝ အောက် မြေကွက်များ အရောင်းသွက် - Property News in Myanmar from iMyanmarHouse.com
21 Apr 2014 5:03 pm တွင် တင်ခဲ့သည်
1005 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်တွင် အခြေချနေထိုင်ရန် ဝယ်ယူသူများပြားလာခြင်းကြောင့် ကျပ် သိန်း ၅ဝဝ အောက် မြေကွက်များမှာ အရောင်းအဝယ်သွက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

”နေပြည်တော်မှာ အခြေချနေ ထိုင်လိုသူတွေ ဝယ်ကြတယ်။ အခြားနယ်တွေမှာ စီးပွားရေးလုပ်ကြပြီး နေပြည်တော်ဖြစ်လာတဲ့ နောက်မှာပြန်လည်အခြေချနေလိုသူတွေ၊ ဌာနဆိုင်ရာ အရာရှိတွေ၊ ပင်စင်ယူပြီး ကိုယ့်ဒေသမှာ ပြန်နေချင်သူတွေနဲ့စီးပွားရေးလုပ်လိုသူတွေပေါ့” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ နေပြည်တော်ရုံးခွဲ အတွင်း ရေးမှူး ရွှေလက်ပံ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းမှ ဦးကျော်စွာမြင့်ကပြောသည်။

နေပြည်တော်မြို့နယ်များတွင် အိမ်ခြံမြေအရောင်းအဝယ် ပြန်ဖြစ်လာပြီးနောက် ကျပ် သိန်း ၅ဝဝ အောက် မြေကွက်အရောင်းအဝယ်အဖြစ်ဆုံးမှာ ပျဉ်းမနားမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် များဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

”ပျဉ်းမနားမြို့နယ်ကတော့ ရာဇဌာနီလမ်းတစ်ဝိုက် ပေါင်းလောင်းရပ်ကွက်တွေက သိန်း ၂၅ဝ၊ ၃ဝဝ ဝန်းကျင် မြေကွက်တွေကို နေဖို့ဝယ်ကြတယ်။ ပေါင်းလောင်းရပ်ကွက်က အဝေးပြေးကားဝင်း၊ ဘဏ်၊ ဆေးရုံ၊ ဆေးခန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ အများစုရှိတဲ့အတွက်လည်းနေဖို့ရွေးကြတယ်” ဟု ဦးကျော်စွာမြင့်က ပြောသည်။

ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေအင် ကြင်းရပ်ကွက်တွင် ကျပ် သိန်း ၉ဝ ခန့်မှ ၁၅ဝ ကြား၊ အသေးစား၊ အလတ်စား စက်မှုဇုန်အနီးရှိ ပေ ၆ဝ x ၆ဝ မြေကွက်များ အဝယ်လိုက်နေကြောင်းယင်းမြို့နယ်ရှိ ဟိန်းရာဇာအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသိန်းနိုင်က ပြောသည်။

”တချို့နေဖို့ဝယ်သလို တချို့ကတော့ အမြတ်ရချင်လို့ အရောင်းအဝယ် လုပ်ကြတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် နေပြည်တော်တွင် လုပ်သက် ငါးနှစ်အထက် တာဝန်ထမ်းဆောင်လျက် ပင်စင်ယူရန် နီးကပ် နေပြီဖြစ်သော ဝန်ထမ်းများအတွက် မိသားစုနေထိုင်ရန် ပုဗ္ဗသီရိမြို့နယ်၌မြေကွက်များ ချထားပေးလျက်ရှိပြီး မြေကွက်ရရှိသူဝန်ထမ်းများက ယင်းမြေကွက်များကို ရောင်းချ၍ နေရပ်တွင် ပြန်လည်အခြေချနေထိုင်လို ခြင်းကြောင့် မြေကွက်များ အရောင်းအဝယ်ဖြစ်နေကြောင်းလည်း ယင်း မြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင် များထံမှ သိရသည်။

” ကိုယ့်ဇာတိဒေသမှာပဲ ဝယ်ယူ နေထိုင်ချင်လို့ ဒီက မြေကွက်ကိုပြန်ရောင်းလိုကြတယ်။ ဒီမှာအခြေချ နေထိုင်လိုသူတွေ၊ အလုပ်ကိစ္စရှိလို့နေချင်သူတွေနဲ့ ရေရှည် အလားအလာကောင်းကို မျှော်ပြီး ဝယ်ကြတဲ့ သူတွေအတွက် အရောင်းအဝယ်ဖြစ်ကြပါတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း နေပြည် တော်ရုံးခွဲမှ တွဲဖက်အတွင်းရေးမှူး ဦးနန္ဒကျော်က ပြောသည်။

ယင်းမြေကွက်များမှာ ပုဗ္ဗသီရိမြို့၊ ဇဝနဒီပ၊ ဝဏ္ဏဒီပနှင့် မင်္ဂလာဒီပ ရပ်ကွက်များတွင် တည်ရှိပြီး ဈေး၊ ကျောင်း စသည်တို့နှင့် နီးကပ်လျှင် အရောင်းအဝယ်များကြောင်း၊ ချင်း တွင်းလမ်း၊ စွယ်တော်လမ်းတို့၏ အတွင်းဘက်ပိုင်း၌ ပေ ၄ဝ x ၆ဝ တစ်ကွက်လျှင် ကျပ် ၃၅ သိန်းခန့်၊ လမ်းမတန်း၌ ကျပ်သိန်း ၇ဝ ခန့်၊ အတွင်း ပိုင်း ကြားကွက်တွင် ပေ ၆ဝ x ၈ဝ တစ်ကွက်လျှင် ကျပ်သိန်း ၁၅ဝ ခန့်နှင့် လမ်းမတန်း၌ ကျပ်သိန်း ၁၅ဝ ခန့်မှ သိန်း ၂ဝဝ ကြား ဈေးရှိကြောင်း သိရသည်။

ကျန်ဥတ္တရသီရိမြို့နယ်တွင် နေအိမ်တည်ဆောက်ပြီးဈေးနှုန်း ကျပ်သိန်း ၁,ဝဝဝ ဝန်းကျင်သာရောင်းချ ရန် များကြောင်း၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်တွင် ကျပ်သိန်း ၂၅ဝ ခန့် မြေကွက်များ ရှိသော်လည်း ဈေးနှင့်ဝေးပါက အရောင်းအဝယ်နည်းပါးပြီး ဈေး၊ ကျောင်း၊ အလုပ်ရုံများ အနီးရှိ မြေကွက်များမှာ ကျပ်သိန်း ၄ဝဝ ခန့်မှကျပ်သိန်း ၁,ဝဝဝ ခန့်အတွင်းဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိကြောင်း သိရသည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service