နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများအတွက် အနိမ့်ဆုံးဝယ်ယူရမည့် တန်ဖိုးမှာ ရင်းဂစ်ငါးသိန်းမှ ရင်းဂစ်တစ်သန်းထိ မြှင့်တင်သည့် ဥပဒေအပြောင်းအလဲများ ရှိသော်လည်း Wealth Mastery Academy မှ အမှုဆောင်ဥက္ကဌ ဒါတုတယ်ရီအွန်း၏ အဆိုအရ နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများအတွက် မလေးရှားအိမ်ခြံမြေမှာ ရင်းနှီးမြှပ်နှံစရာကောင်းသော အရာတစ်ခုပင် ဖြစ်နေသေးသည် ဟုဆိုသည်။
“အိမ်ရာရင်းနှီးမြှပ်နှံသူတွေ အကြိုက်တွေ့မယ့် မူဝါဒမျိုး တိုင်းပြည်မှာ ရှိပါတယ်၊ အထူးသဖြင့် နိုင်ငံခြားသားတွေအတွက် ပေါ့။
နိုင်ငံခြားဝယ်ယူသူတွေအတွက် အနိမ့်ဆုံးဝယ်ယူရမယ့်ဈေး ရင်းဂစ်တစ်သန်းဆိုတာက အာရှနိုင်ငံတွေရဲ့ အနိမ့်ဆုံးဈေးထဲမှာပဲ ရှိနေပါသေးတယ်”ဟု မစ္စတာအွန်ကပြောကြားခဲ့သည်။
အချို့သောနိုင်ငံများထက် မလေးရှားနိုင်ငံက လွပ်လပ်စွာ အိမ်ဝယ်ခွင့်မျိုး ပေးထားသောကြောင့် မလေးရှားသည် ရင်းနှီးမြှပ်နှံသူများကြိုက်သော နိုင်ငံဖြစ်ကြောင်းလည်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။
အဓိကရင်းနှီးမြှပ်နှံသူများမှာ မလေးရှားနှင့် စင်္ကာပူများပင် ဖြစ်နေသေးသော်လည်း တရုတ်၊ အိန္ဒိယနှင့် တောင်အာဖရိကမှ ရင်းနှီးမြှပ်နှံသူများလည်း ပါဝင်ကြောင်း မစ္စတာအွန်က ပြောကြားခဲ့သည်။
မလေးရှာအိမ်ခြံမြေဈေးကွက်သည် ယခုနှစ်တွင် ဈေးကွက်ကောင်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း CIMB ၏ သုသေတနတစ်ခုက ခန့်မှန်းထားပြီး ရင်းနှီးမြှပ်နှံသူများကြောင့် ၂၀၁၄ ၏ ပထမခြောက်လအတွင်း အိမ်ခြံမြေဈေးကွက်သည် မာမာထန်ထန် ဖြစ်ပေါ်လာမည်ဖြစ်သည်။
၂၀၁၃တွင် ဈေးကွက်သည် ခပ်မာမာအဆုံးသတ်ခဲ့ပြီး ၂၀၁၃မလေးရှားအိမ်ခြံမြေကိန်းညွှန်းသည် ယခင်နှစ်ကထက် ၂၃ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
နိုင်ငံတစ်ဝန်းအိမ်ခြံမြေဝယ်ယူမှု များတွင် ငွေချေးဌားခြင်းများနှင့် တာဝန်ခံခြင်းမရှိသော ငွေများကြေးထည့်သွင်းခြင်းအား ကန့်သတ်သော ဆောင်ရွက်ချက်များ ရှိခဲ့သော်လည်း ကောင်းမွန်သောအခြေအနေကို ဈေးကွက်က ပြသခဲ့သည်။
www.iMyanmarHouse.com