ရန်ကုန်မြို့ တွင် ရောင်းချပေး မည့် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာ နှင့် ဗိုလ်မင်းရောင် အိမ်ရာများအား လာရောက် လျှောက်ထား သူ များပြား လွန်း၍ မဲစနစ်ဖြင့် ပြောင်းလဲ ရောင်း ချရာတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ မှ မဲနှိုက်၍သာ ရွေးချယ် ပေးသွား မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (အင် ဂျင်နီယာ အဆောက် အအုံ)ဌာနမှ သိရသည်။
ယခင် ဗိုလ်ဗထူး အိမ်ရာ ရောင်း ချရာတွင် ဦးရာလူ စနစ်ဖြင့် ရောင်းချ ပေးမည်ဟု ကြေညာ ခဲ့သော်လည်း ယခုအခါ လျှောက်ထားသူ အဆ မတန် များပြားလာ သောကြောင့် မဲနှိုက် စနစ်ဖြင့် ပြောင်းလဲ ရောင်းချ သွားမည်ဖြစ် ကြောင်း သိရသည်။
““အခု ဗိုလ်ဗထူး အိမ်ရာကို မဲ လျှောက်လွှာ တင်ခိုင်း ထားတာကို အခန်းက လေးရာကျော်ပဲ ရှိတာ။ လျှောက် ထားတာ သောင်းနဲ့ ချီနေပြီ။ အဲဒါကြောင့်ပဲ မဲစနစ်ပြောင်း လိုက် တာ။ မဲနှိုက်မယ့် ရက်ကိုလည်း မကြာခင် ကြေညာ ပေးသွားမှာပါ”” ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (အင်ဂျင်နီယာ အဆောက် အအုံ)ဌာနမှ ACE ဦးနေ၀င်း က ပြောသည်။
ဗိုလ်ဗထူး အိမ်ရာ ၀ယ်ယူခွင့် ကို ယခုနှစ်စ တွင် စတင်လျှောက် ထားခွင့်ပြု ခဲ့ပြီး မကြာမီ ဗိုလ်မင်း ရောင်အိမ်ရာ ကိုပါ ဆက်လက် လျှောက်ထားခွင့် ပြုတော့ မည်ဖြစ် ကာ၊ ယင်းအိမ်ရာ လျှောက်ထားသူ များအား မဲစနစ်ဖြင့်သာ ရောင်းချ ရန် စီစဉ် ထားကြောင်း သိရသည်။
““ဘယ်လိုပဲ ရောင်းရောင်း အခြေခံ ၀န်ထမ်း လစာနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက် သဘာဝမကျ ဘူး။ ဒါကြောင့် ရန်ကုန်မှာ အိမ်ရာ မဲ့ လူဦးရေ တွေကတော့ လျှော့သွား စရာ အကြောင်း မရှိဘူး””ဟု အိမ်ခြံ မြေအကျိုးဆောင် အသင်းမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိ ရောင်းချမည့် ဗိုလ်ဗထူး အိမ်ရာ စီမံကိန်း တွင် လေးခန်းတွဲ၊ ရှစ်ထပ်တိုက် (၁၄)လုံးရှိပြီး အခန်း ပေါင်း (၄၄၈) ခန်းကို အများပြည်သူ နှင့် အစိုးရ ၀န်ထမ်း ဆိုပါက လုပ် သက် (၂၀)နှစ်ရှိ သူများအား အရစ် ကျစနစ်ဖြင့် ရောင်းချ ပေးနေခြင်း ဖြစ်သည်။
““မဲနှိုက်ပြီး ရောင်းမယ် ဆိုရင် လည်း ပွင့်လင်း မြင်သာမှု ရှိဖို့လို တယ်။ ဒါဆိုရင် အားလုံး ကျေနပ် နိုင်တယ်။ သူတို့ ဘာသာ သူတို့ နှိုက် ပြီး ကြေညာမယ် ဆိုရင်တော့ ဒါ မရိုးသားတာပဲ””ဟု အိမ်ရာလျှောက် ထားသူ ကုမ္ပဏီ ၀န်ထမ်း တစ်ဦးက ပြောသည်။
အဆိုပါ အိမ်ရာများ အား မဲ စနစ်ဖြင့် ရောင်းချရာ တွင် မဲနှိုက် မည့် နေ့အား ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း၊ မဲနှိုက်သူ၏ နာမည်ကို ချက်ချင်း ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်ဗထူး အိမ်ရာ တွင် အခန်း (၄၄၈)ခန်းကို ရောင်းချရာ တွင် (၉၂၇) စတုရန်း ပေရှိ အခန်း တစ်ခန်း လျှင် ကျပ် (၃၄၇)သိန်း၊ (၈၇၇) စတုရန်းပေရှိ အခန်း တစ်ခန်းလျှင် ကျပ် (၃၂၉)သိန်း၊ (၆၁၄) စတုရန်း ပေရှိ အခန်း တစ်ခန်း လျှင် ကျပ် (၂၅၅)သိန်းနှင့် (၅၆၅) စတုရန်းပေး ရှိ အခန်း တစ်ခန်းလျှင် (၂၃၇)သိန်း ဖြင့် လည်းကောင်း ဈေးနှုန်း မြင့်မား စွာ ရောင်းချနေ သော်လည်း လျှောက် ထားသူ လက်ရှိတွင် (၁၅၀၀၀) ကျော်ခန့်ရှိ နေပြီဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။
ထို့အပြင် ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်းရှိ တိုက်ခန်းများ ကိုလည်း မကြာမီ လျှောက်ထားခွင့် ပြုသွား မည်ဖြစ် ကြောင်း၊ အဆိုပါ အိမ်ရာရှိ အခန်းဈေးနှုန်း ကိုလည်း တည် ဆောက်စရိတ် အတိုင်းသာ သတ်မှတ် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်မြို့တွင် တစ်နှစ် လျှင် လူဦးရေ နှစ်သောင်းခွဲကျော် တိုးတက်နေသော်လည်း တိုင်းဒေသ ကြီး အစိုးရမှ အိမ်ရာ ဖန်တီး ပေးနိုင်မှု မှာ (၇၂၀၀)သာ ရှိနေကြောင်း တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှသိရသည်။
Credit : The Messenger