ရန်ကုန်မြို့လယ်ရှိ ဆိုင်ခန်းများ ဈေးတက်

ရန်ကုန်မြို့လယ်ရှိ ဆိုင်ခန်းများ ဈေးတက် - Property News in Myanmar from iMyanmarHouse.com
7 Mar 2014 8:43 pm တွင် တင်ခဲ့သည်
1466 ကြိမ် ကြည့်ရှု့ပြီး
အချို့ဆိုင်ပိုင်ရှင်များမှာ နေရာပြောင်းရွှေ့ သွားကြကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

မြို့၏အချက်အချာကျသည့် နေရာများတွင် အိမ်ခြံမြေဈေးကွက်မှာ အတက်ဘက်သို့သာ ဦးတည် နေပြီး ယခုအခါ နိုင်ငံတကာနှင့် ဆက်သွယ်မှုများလည်း ပိုမိုကျယ်ပြန့်လာကာ ပစ္စည်းများရောင်း ချရန် ဆိုင်ခန်းများ လိုအပ်လာသည့် အတွက် မြို့လယ်ရှိဆိုင်ခန်းအငှားဈေးကွက်မှာ အဆမတန် တက်နေကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေမှ အထွေထွေမန်နေဂျာ ဦးရန်အောင် က ပြောသည်။

"မြို့ထဲလမ်းမတန်းက အငှားဈေးတွေက မြေညီထပ်က ၁၅ ပေလောက်အကျယ်ရှိတဲ့ အခန်းတွေ ဆိုရင် တစ်လကို ၂၅ သိန်းကနေ စပြီး သိန်း ၅၀ နဲ့ ၁၀၀ ၀န်း ကျင်လောက်ရှိတယ်။ အရောင်းပြ ခန်းဖွင့်မယ်ဆိုရင်တော့ ဈေးက တစ်မျိုးပေါ့"ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့၏ အချက်အချာ ကျသည့် မြို့လယ်လမ်းမများသည် စီးပွားရေးပြုလုပ်ရာ တွင် အရေးပါသည့်နေရာများဖြစ်သည့် အတွက် ဈေးမှာပုံမှန်တက်နေပြီး ငှားရမ်းမည့်သူများ၍ ဆိုင်ခန်းနည်းနေသည့်အတွက် ဈေးမှာ အတက် ဘက်သာဦးတည်နေကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

"မြို့ထဲဘက်ကဆိုင်ခန်းတွေက တစ်နှစ် တစ်ခါ စာချုပ်ပြီးငှားကြတာများတယ်။ တစ်ခါ ချုပ်ပြီး နောက်တစ်ခါထပ်ချုပ်ရင် ဈေးကတက် သွားတာပဲ။ တချို့ဒီဘက်က ဆိုင်ခန်းဈေးကို မတတ်နိုင်တဲ့ သူတွေကတော့ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်းနဲ့ ပုဇွန်တောင်ဘက် က လမ်းမတန်း တွေကို ပြောင်းငှားကြတယ်"ဟု ရွှေကံမြေ အိမ်ခြံမြေမှ ဦးခင်မောင်အေးက ပြောသည်။

ရန်ကုန်မြို့လယ် လမ်းမတန်းပေါ်ရှိ ဆိုင်ခန်း ဈေးနှုန်းများ မြင့်မားမှုကြောင့် ဆိုင်ပိုင်ရှင်အချို့ သည် ဈေးသင့်သည့် အခြားဆင်ခြေဖုံးမြို့နယ်များရှိ လမ်းမတန်းများသို့ ပြောင်းရွှေ့ဖွင့်လှစ် ခြင်းကြောင့် ၎င်းနေရာများတွင်လည်း ဈေးနှုန်းများမြင့်တက်လာကြောင်း ထိုနေရာတွင် နေထိုင်သူများက ပြော သည်။

"တောင်ဥက္ကလာနဲ့ သင်္ဃန်းကျွန်းလမ်းမတွေ ဆိုရင် ဈေးနှုန်းတွေတက်လာတယ်။ ရတနာ လမ်းမ ပေါ်မှာဆို ရင် ပေ ၄၀ ထ ၆၀ ကို တစ်လ သိန်း ၅၀ ၀န်းကျင် ပေးရတယ်။ တချို့နေရာ တွေက တော့ သိန်း ၃၀ ၀န်းကျင်လောက်ရှိတယ်"ဟု မြပန်းသခင်အိမ်ခြံမြေမှ ကိုမင်းမင်း စိုးက ပြောသည်။

ဆိုင်ခန်းများငှားရမ်းသည့်အခါ အချို့မှာ တစ်နှစ်စာချုပ်ချုပ်ကြပြီး နှစ်ဦးသဘောတူညီမှုနဲ့ တစ်နှစ် လျှင်ရာခိုင်နှုန်းမည်မျှတက်မည်ကို ကြိုတင်သဘောတူညီမှုများရှိကြပြီး အချို့မှာမူ ကာလပေါက် ဈေးပေါ်မူတည်၍ ဈေးတက် ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

မြို့လယ်လမ်းမတန်းရှိ မြေညီထပ်တိုက်ခန်းအငှားဈေးကွက်မှာ မြင့်တက်လျက်ရှိသကဲ့သို့ ပထမ ထပ်တွင် ဆိုင်ခန်းဖွင့်ရန် သင့်တော်သည့် အတွက် ဈေးနှုန်းများလည်း မြင့်တက်လာပြီး ၁၅ ပေ အကျယ်ခန့်ရှိ တစ်ခန်းကို အနည်းဆုံး တစ်လလျှင် ကျပ် ၅၀၀,၀၀၀ ၀န်းကျင်ရှိကြောင်း လသာမှ အိမ်ငှားနေထိုင်သူတစ်ဦးက ပြော သည်။

"ကျွန်တော်က ၀ယ်ယူသူတွေအဆင်ပြေပြေ နဲ့ ၀ယ်လို့ရအောင်ဖွင့်ချင်လို့ မြို့ထဲမှာပဲရွေး ပြီး ဖွင့်ဖြစ်တာပါ။ ဆိုင်ခန်းခကဈေးကြီးပေမယ့် လည်း ရောင်းအားက ကောင်းနေမယ်ဆိုရင် တော့ အဆင်ပြေပါတယ်။ ဆိုင်ခန်းငှားခက အိမ်ရှင်ရဲ့ အခြေအနေပေါ်မှာလည်း အဓိက မူတည်နေပါ သေးတယ်။ တချို့က အဆင်ပြေ ပေမယ့် တချို့တွေကတော့ တဖြည်းဖြည်းနဲ့ တိုးပြီးတောင်း တယ်။ ဆိုင်ခန်းငှားခ ဈေးတက် ပြီး ရောင်းအားကပုံမှန်ပဲဆိုရင်တော့ အဆင် မပြေဘူး"ဟု ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသော RUN YGN အထည်ဆိုင်က ပြောသည်။

Credit: MM TIMES

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service