အမေရိကန်ဒေါ်လာ ၈၅ သန်းရင်းနှီးမြှုပ်နှံမည့် Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း ရန်ကင်းတွင်ဆောက်မည်ကာပူကုမ္ပဏီ

အမေရိကန်ဒေါ်လာ ၈၅ သန်းရင်းနှီးမြှုပ်နှံမည့် Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း ရန်ကင်းတွင်ဆောက်မည်ကာပူကုမ္ပဏီ - Property News in Myanmar from iMyanmarHouse.com
27 Feb 2014 10:28 am တွင် တင်ခဲ့သည်
656 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးကဏ္ဍတစ်ခုထဲတွင် ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက်အအုံကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာ စီမံကိန်းအား ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရန်ကင်းလမ်းမကြီးပေါ်ရှိ CMA ရုံးဟောင်း မြေနေရာတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လေးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ Golden Land အဆင့်မြင့်အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီမှ သိရသည်။

အိမ်ရာစီမံကိန်းဆောက်လုပ်မှု အခြေအနေများနှင့်ပတ်သက်၍ Golden Land အဆင့်မြင့်အိမ်ရာ ဖွံ့ဖြိုးရေးကုမ္ပဏီမှ ဥက္ကဌ Alex Zhu က“ အခုစီမံကိန်းမှာ အဆောက်အအုံ ကိုးလုံး တည်ဆောက်သွားမှာ ဖြစ်တယ်။ ပထမအဆင့်အနေနဲ့ လူနေသီးသန့် အထပ်မြင့် ၃၃ ထပ်ပါ အဆောက်အအုံလေးလုံးကို နှစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမယ်။ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုလုံး လေးနှစ်ကျော်ကြာမှာ ဖြစ်တယ်။ အဲ့အတွက် အမေရိကန်ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံထားတယ်” ဟု ပြောကြားသည်။

အဆင့်မြင့်အိမ်ရာစီမံကိန်းတွင် ပထမတန်းစားအဆင့်ရှိ အဆင့်မြင့်လူနေတိုက်ခန်း၊ ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်၊ Grade A အဆင့်ရှိ စီးပွားရေးရုံးခန်းများ ဖွင့်လှစ်နိုင်မည့်တာဝါ၊ ဈေးဝယ်စင်တာနှင့် အခြားသော အပန်းဖြေနားနေနိုင်သည့် နေရာများလည်း ပါဝင်ကြောင်း သိရသည်။

လူနေတိုက်ခန်းအတွက် အခန်းပေါင်း ၁၂ဝဝ နီးပါး ပါဝင်ပြီး အခန်းပေါင်း ၅ဝဝ အား စတင်ရောင်းချပေးနေကြောင်း တစ်ပေ ပတ်လည်လျှင် အမေရိကန်ဒေါ်လာ ၂၅ဝ မှ ၃ဝဝ အထိ ရှိကြောင်းလည်း သိရသည်။

“၃၃ ထပ်အမြင့်ရှိတဲ့ အဆောက်အအုံ ကိုးလုံး ရှိတယ် အဲ့ဒီကိုးလုံးထဲမှာမှ တစ်လုံးက စီးပွားရေးရုံးခန်းပါဝင်တဲ့ တာဝါတစ်ခု ပါတယ်။ နောက်တစ်ခုကတော့ ဝန်ဆောင်မှုပေးတဲ့ဟာ ဖြစ်တယ်။ နောက်တစ်ခုက ဟိုတယ်ဖြစ်တယ်။ နောက်ထပ်တစ်ခုက ဈေးဝယ်စင်တာဖြစ်တယ်။ နောက်တစ်ခုက နိုင်ငံတကာရဲ့ကုန်အမှတ်တံဆိပ်တွေ ဝယ်ယူရရှိနိုင်တဲ့ ဈေးတန်းလေးရှိမယ်။ အဲ့ဒါကြောင့်မို့လို့ နေထိုင်တဲ့သူအားလုံးက ဘယ်မှမသွားဘဲနဲ့ အကုန်ရနိုင်တယ်။ ဒါပေမဲ့ စီးပွားရေးစင်တာနဲ့ လူတွေနေထိုင်တဲ့ နေရာကတော့ ခွဲထားတယ်။ စီးပွားရေးလုပ်တဲ့သူတွေက လူတွေနေထိုင်တဲ့နေရာကို သွားလို့မရဘူး” ဟု Golden Land အဆင့်မြင့်အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီဥက္ကဌ Alex Zhu က ပြောကြားသည်။

Golden City အဆင့်မြင့်အိမ်ရာ စီမံကိန်း၏ အကျယ်အဝန်း စုစုပေါင်းသည် ၃၃၉၇၇ စတုရန်းမီတာ ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် အဆင့်မြင့်တိုက်ခန်းအများစုသည် ကားရပ်နားရန် အခက်အခဲများစွာ ကြုံတွေ့နေရပြီး ယင်းစီမံကိန်းတွင် ကားအစီးရေ ၂ဝဝဝ နီးပါး ရပ်နားနိုင်မည့် ကားပါကင်ပါရှိကြောင်းလည်း သိရသည်။

အဆိုပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်းအား Joint Venture စနစ်ဖြင့် စင်ကာပူနိုင်ငံမှ UGP ကုမ္ပဏီနှင့် Jewellery Luck Group ကုမ္ပဏီတို့က ရင်နှီးမြှုပ်နှံထားကြောင်း သိရသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service