တန်ဖိုးနည်း အိမ်ရာတွေတဲ့လား၊ ဘယ်သူတွေ အကျိုးရှိသွားနိုင်တဲ့ စီမံကိန်းတွေလဲ

တန်ဖိုးနည်း အိမ်ရာတွေတဲ့လား၊ ဘယ်သူတွေ အကျိုးရှိသွားနိုင်တဲ့ စီမံကိန်းတွေလဲ - Property News in Myanmar from iMyanmarHouse.com
20 Jan 2014 10:01 am တွင် တင်ခဲ့သည်
1590 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင်းနှင့် မြို့စွန်နေရာများ၊ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ဒေသအများအပြားတွင် ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ စီမံဆောင်ရွက်ပေးလျက် ရှိသော်လည်း အမှန်တကယ် လိုအပ်ချက်ရှိနေသည့် ပြည်သူလူထုအတွက် ထိရောက်မှု မရှိသေးသည့်အပြင် ယင်းစီမံကိန်းများမှာ အိမ်ရာလိုအပ်ချက် များစွာရှိနေသော လက်ရှိအနေအထားတွင် ပြည်သူအပေါ် ဖိစီးမှု ထပ်မံဖြစ်စေသည့် ပုံစံမျိုး ဖြစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေအရ ပြည်သူတို့ အိမ်ရာပိုင်ဆိုင်မှု လိုအပ်ချက် မြင့်မားနေခြင်း၊ ရှိရင်းစွဲ အိမ်ရာတန်ဖိုးများ မြင့်တက်ခြင်းကြောင့် အခြေခံ လူတန်းစားများအနေဖြင့် ကိုယ်ပိုင်အိမ်ရာ ပိုင်ဆိုင်ခွင့် ရရှိရေးအတွက် များစွာအလှမ်းဝေးနေဆဲ အခြေအနေတွင် ရှိနေကြောင်း ပြည်သူများ၏ ပြောဆိုဝေဖန်မှုများအရ သိရသည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ကိုယ်ပိုင်အိမ်ရာ ပိုင်ဆိုင်မှုမရှိသည့် လူဦးရေ များပြားနေပြီး နှစ်စဉ်တိုးပွားလာသည့် မြို့ပြလူဦးရေနှင့် နယ်မြို့များမှ ရွှေ့ပြောင်းရောက်ရှိလာသူများ တိုးပွားလာခြင်းကြောင့်လည်း နှစ်စဉ်အိမ်ရာလိုအပ်ချက် မြင့်မားလာခဲ့သည်။ ရန်ကုန်မြို့၌ အိမ်ထောင်စုဦးရေ နှစ်သောင်းကျော် နှစ်စဉ်တိုးပွားနေကြောင်း သိရပြီး အမှန်တကယ် အိမ်ရာဆောက်လုပ် ဖန်တီးပေးနိုင်မှုမှာ တစ်နှစ်တွင် အခန်းပေါင်း ခုနစ်ထောင်ခန့်သာ ရှိသည့်အတွက် အိမ်ရာလိုအပ်ချက်နှင့် ဖြည့်ဆည်းပေးနိုင်မှု အပိုင်းတွင် များစွာလိုအပ်လျက်ရှိကြောင်း သိရသည်။

“ရန်ကုန်မှာ အိမ်ငှားရမ်းခ ဈေးနှုန်းတွေက တဖြည်းဖြည်း မြင့်တက်လာတယ်။ ဒါကြောင့် နယ်ကတက်လာတဲ့ သူတွေအဖို့ ရန်ကုန်မှာ အိမ်တောင်ငှားမနေနိုင်တဲ့ အခြေအနေတွေဖြစ်ပြီး ရရာနေရာမှာ ကျူးကျော်နေထိုင်ရမှုတွေ ရှိလာတယ်။ ရန်ကုန်မြို့မှာ ကျူးကျော်နေထိုင်သူတွေ များလာလို့လည်း ကျူးကျော်ပြဿနာ ဖြေရှင်းလို့မနိုင်တဲ့ အခြေအနေမျိုးလည်း ဖြစ်လာပြီး ကျူးကျော်ကိစ္စကလည်း အစိုးရအတွက် ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။ ဒါတွေဟာ အစိုးရရဲ့ အိမ်ရာစီမံကိန်းတွေ၊ တန်ဖိုးမျှတတို့၊ တန်ဖိုးနည်းတို့ ဆိုတာတွေ ဒီလိုစီမံကိန်းတွေ အောင်မြင်တာ၊ မအောင်မြင်တာကို ပြနေတာပါပဲ” ဟု ရန်ကုန်တက္ကသိုလ်မှ ဌာနမှူးရာထူးဖြင့် အငြိမ်းစားယူခဲ့သည့် ဦးအောင်မြင့်က ပြောကြားသည်။

အစိုးရ တာဝန်ရှိသူများ အနေဖြင့် အခြေခံ လူတန်းစားများအတွက် လူနေမှုအဆင့်အတန်း အတိုင်းအတာ တစ်ခုအထိ မြင့်မားအောင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများနှင့် တန်ဖိုးနည်းအိမ်ရာများမှာ အမှန်တကယ် လိုအပ်သည့် ဆင်းရဲသားပြည်သူတို့၏လက်သို့ ရောက်ရှိခြင်း ရှိမရှိနှင့် အခြေခံလူတန်းစားတို့အတွက် ထိရောက်မှုရှိမရှိ အပေါ်တွင် အစိုးရအနေဖြင့် သေချာစွာသုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း အစိုးရ၀န်ထမ်း အသိုင်းအ၀ိုင်းမှ သုံးသပ်မှုများ ရှိနေသည်။

“အိမ်ရာတွေက တကယ်ဆင်းရဲတဲ့ အခြေခံလူတန်းစားတွေလက်ထဲ၊ အိမ်တစ်လုံးပိုင်ဖို့ အိပ်မက်မက်နေကြရတဲ့ လူတွေလက်ထဲ၊ တစ်သက်လုံး အစိုးရ၀န်ထမ်းဘ၀နဲ့ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ပေးခဲ့ပြီး အငြိမ်းစားယူခဲ့ရတဲ့ သူတွေလက်ထဲ အမှန်တကယ် ရောက်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမယ့် အနေအထားပါပဲ။ ဒီအတွက်လည်း အိမ်ရာစီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှအခွင့်အလမ်းမရှိတဲ့ ၀န်ထမ်းအသိုင်းအ၀ိုင်းမှာ ပြောနေတာတွေ အများကြီးရှိပါတယ်” ဟု လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်သော ပညာရေးဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးကဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်၌ ရတနာနှင့် ဧရာဝဏ် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ ဆောက်လုပ်လျက်ရှိပြီး ၂၀၁၅ ခုနှစ်မတိုင်မီ ပြီးစီးရန် ဆောင်ရွက်နေပြီး အခန်းတစ်ခန်းဈေးနှုန်းမှာ ကျပ်သိန်း ၂၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ ထို့ပြင် အချို့တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများမှာ ကျပ်သိန်း ၃၀၀ ၀န်းကျင်အထိ ရှိနေကြောင်းလည်း သိရသည်။

သို့ဖြစ်ရာ ယုဇနဥယျာဉ်မြို့တော်ရှိ တိုက်ခန်းများ၏ ပေါက်ဈေးမှာ ကျပ်သိန်း ၁၀၀ ကျော်ဝန်းကျင်တွင် ရှိသော်လည်း ယခုအသစ်ဆောက်လုပ်လျက်ရှိသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ၏ ဈေးနှုန်းများမှာ ကျပ်သိန်း ၂၀၀ ကျော် ၃၀၀ အထိ ရှိနေမှုအပေါ် ပြည်သူများအနေဖြင့် မေးခွန်းထုတ်ဝေဖန်မှုများ ရှိနေခဲ့ကြသည်။

“ဒဂုံဆိပ်ကမ်းလို နေရာမျိုးဟာ မြို့တွင်းနဲ့ တော်တော်အလှမ်းဝေးလို့ အဲဒီမှာရှိတဲ့ အိမ်ခန်းဈေးနှုန်းတွေက မြို့တွင်းနဲ့နီးတဲ့ နေရာတွေထက် ပိုပြီးသက်သာသင့်ပါတယ်။ လူနေထူထပ်ပြီး အသွားအလာအဆင်ပြေတဲ့ နေရာတွေမှာ အကွက်အကွင်းကောင်းရင် ကျပ်သိန်း ၂၀၀ လောက်သာ ဖြစ်သင့်ပေမယ့် အခုမှစပြီး ဆောက်လုပ်နေတဲ့နေရာတွေ မြို့နဲ့ဝေးတဲ့ နေရာတွေမှာ သိန်း ၂၀၀ ကျော် ၃၀၀ ဖြစ်နေတာကတော့ မဖြစ်သင့်ပါဘူးဗျာ။ အဲဒီပတ်ဝန်းကျင်မှာ ကျောင်း၊ ဈေး၊ ဆေးခန်းမရှိ၊ ကားဂိတ်နဲ့ကလည်း အလှမ်းဝေး၊ ကားလမ်းဘေး လယ်ကွက်လိုဖြစ်နေတဲ့ နေရာတွေမှာ ဆောက်နေတဲ့ အိမ်ရာတွေ ဈေးကြီးနေတာတော့ သဘာဝမကျဘူး။ အမှန်တကယ်လိုနေတဲ့ ပြည်သူတွေကိုလည်း အကျိုးပြုနိုင်မှာ မဟုတ်ဘူး” ဟု တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူခွင့်ရရှိရန် စုံစမ်းနေသော မြောက်ဥက္ကလာပမြို့နယ်မှ ဦးအောင်ကျော်က ပြောကြားသည်။

ထို့ပြင် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သူ ဒေါ်မိုးမိုးကလည်း “ဧရာဝဏ်နဲ့ ရတနာ တန်ဖိုးနည်း စီမံကိန်းတွေကို ကျောင်းဆရာ၊ ဆရာမ အစိုးရ၀န်ထမ်းတွေနဲ့ နိုင်ငံရေးပါတီတွေကို ဦးစားပေး ရောင်းချသွားမယ်လို့ ကြားရတဲ့အတွက် တကယ်အိမ်မပိုင်သေးတဲ့သူတွေ ရန်ကုန်မြို့မှာ နေရေး၊ ထိုင်ရေး ခက်နေတဲ့ သူတွေအတွက်ရော ဘယ်လိုစီစဉ်ပေးမှာလဲဆိုတာ စိတ်ပူမိတယ်။ စိုးရိမ်မိတယ်။ အိမ်ပိုင်နဲ့နေရဖို့ တစ်သက်လုံး အိပ်မက်တောင် မက်ခွင့်ရှိပါဦးမလား။ တကယ်တမ်း အဲဒီလူတွေကို ချပေးမယ်ဆိုရင် ဌာနဆိုင်ရာ ပိုင်တဲ့သူတွေ ရသွားမယ်။ သူတို့တွေလက်ထဲရောက်မှ ပြန်ပြီးတော့ ဈေးကစားရောင်းချမယ်ဆိုရင် တကယ်နေချင်တဲ့ အိမ်ပိုင်မရှိတဲ့ ဆင်းရဲသားတွေအတွက် ပိုပြီးတော့ ခက်ခဲသွားမှာပါ” ဟု ပြောကြားသည်။

အိမ်ရာတွေက တကယ်ဆင်းရဲတဲ့ အခြေခံလူတန်းစားတွေလက်ထဲ၊ အိမ်တစ်လုံးပိုင်ဖို့ အိပ်မက်မက်နေကြရတဲ့ လူတွေလက်ထဲ၊ တစ်သက်လုံး အစိုးရ၀န်ထမ်းဘ၀နဲ့ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ပေးခဲ့ပြီး အငြိမ်းစားယူခဲ့ရတဲ့ သူတွေလက်ထဲ အမှန်တကယ် ရောက်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမယ့် အနေအထားပါပဲ။ ဒီအတွက်လည်း အိမ်ရာစီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှအခွင့်အလမ်းမရှိတဲ့ ၀န်ထမ်းအသိုင်းအ၀ိုင်းမှာ ပြောနေတာတွေ အများကြီးရှိပါတယ်

လှိုင်သာယာမြို့နယ်တွင် ရွှေလင်ဗန်းနှင့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို မကြာမီ စတင်ရောင်းချမည်ဟု သတင်းထွက်ပေါ်လျက်ရှိပြီး ကျပ်သိန်း ၁၂၀ ၀န်းကျင်အထိရှိကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်းဖြစ်သည့် ဒဂုံမြောက်ပိုင်းတွင် အခန်းဈေးနှုန်းများမှာ အရစ်ကျဝယ်ယူပါက အနည်းဆုံး ကျပ် ၂၃၇ သိန်းမှ အများဆုံး ကျပ် ၃၂၉ သိန်းအထိ ပေါက်ဈေးရှိနေကြောင်း စုံစမ်းသိရှိရသည်။ ဘဏ်ချေးငွေဖြင့် ၀ယ်ယူပါက လေးနှစ်ပေးချေရမည်ဖြစ်ကာ ဘဏ်တိုးနှင့် ၀န်ဆောင်ခမှာ အရစ်ကျဝယ်ယူသည့် ဈေးနှုန်းထက် ကျပ်သိန်း ၆၀ မှ ၇၀ အထိ အပိုထပ်ဆောင်း ပေးရဖွယ်ရှိကြောင်း သိရသည်။

သို့ဖြစ်ရာ ဘဏ်တိုးပေးရမည့်နှုန်းကို ကျပ်သိန်း ၅၀ ခန့် ထပ်မံပေါင်း၍ သုံးစွဲမည်ဆိုပါက ရန်ကုန်မြို့တွင်းနှင့်နီးသော သင်္ဃန်းကျွန်း၊ သာကေတတို့တွင် တိုက်ခန်းတစ်ခန်း ၀ယ်ယူနိုင်မည်ဖြစ်ရာ အမှန်တကယ် အိမ်ရာလိုအပ်နေသော ပြည်သူများအနေဖြင့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ၏ ဈေးနှုန်းများအပေါ် တွက်ချက်ဝေဖန်မှုများ ရှိနေသည်။

“ပထမတော့ တန်ဖိုးမျှတအိမ်ရာ လျှောက်မလို့ပါပဲ။ လေးနှစ်ခွဲ သွင်းရမယ်ဆိုလို့ ဒါပေမဲ့ တစ်လကို ငါးသိန်းသွင်းရမယ်ဆိုလို့ အစိုးရ၀န်ထမ်းအနေနဲ့ ဘယ်လိုလုပ် သွင်းနိုင်မှာလဲ။ ပြီးတော့ တည်နေရာတွေကလည်း ဟိုးအစွန်အဖျားမှာ။ ဒါကြောင့် မလျှောက်ဖြစ်တော့ပါဘူး။ ရုံးက အခြားအိမ်ပိုင်မရှိတဲ့ ၀န်ထမ်းတွေလည်း ဈေးနှုန်းကြောင့် မလျှောက်ကြဘူး” ဟု အိမ်ပိုင်မရှိသေးသည့် အစိုးရ၀န်ထမ်းတစ်ဦးက ဆိုသည်။

အိမ်ရာစီမံကိန်းများ စတင်အကောင်အထည်ဖော်စဉ်က အခြေခံလူတန်းစား အလွှာနှင့် အစိုးရ၀န်ထမ်း အများစု စိတ်ဝင်စားမှု များခဲ့ပြီး စည်ပင်သာယာ၏ တန်ဖိုးမျှတအိမ်ရာများတွင် အိမ်ခန်းရရှိရန် လျှောက်လွှာတင်သူများလည်း များပြားခဲ့သည်။ သို့သော်လည်း အမှန်တကယ် ၀ယ်ယူခွင့်ရရှိရန် ကြိုးပမ်းမှုများကို ငွေကြေးတတ်နိုင်သည့် အသိုင်းအ၀ိုင်းမှ ပိုမိုလုပ်ဆောင်မှု များပြားပြီး ဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားအလွှာ အနေဖြင့် အမှန်တကယ် ၀ယ်ယူရရှိနိုင်ခွင့် အခွင့်အရေး နည်းပါးကြောင်း ပြောဆိုမှုများ ရှိနေသည်။

ထို့ပြင် အခြားတစ်ဖက်တွင်လည်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဆောက်လုပ်ရာ၌ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အကျိုးအမြတ်များစွာ ရရှိရန် မျှော်ကိုးလုပ်ဆောင်မှုများ ရှိလာပြီး တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဟု ခေါ်ဆိုရန်ပင် မသင့်သည့် ဈေးနှုန်းများဖြင့် ပြည်သူထံသို့ ရောင်းချရန် ကြိုးစားလာမှုများ ရှိနေကြောင်းလည်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ လက်ရှိအချိန်တွင် တန်ဖိုးနည်းအိမ်ရာများ၏ ဈေးနှုန်းများမှာ ၀င်ငွေနည်း မိသားစုများနှင့် ပုံမှန်ဝင်ငွေရှိသော မိသားစုများအတွက် ၀ယ်ယူခွင့်ရရန် အခြေအနေတွင် မရှိနိုင်ကြောင်းလည်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်ထောက်ပြမှုများ ရှိလာသည်။ အစိုးရအနေဖြင့် အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သော်လည်း အမှန်တကယ် ၀ယ်ယူလိုသည့် ပြည်သူများအတွက် သက်သာချောင်ချိမှု မရှိသည့်အပြင် သတ်မှတ်ချက် စည်းကမ်းများမှာလည်း အိမ်ရာလိုအပ်နေသည့် ပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။

“နိုင်ငံတော်က အောက်ခြေလူတန်းစားတွေ လူနေမှုအဆင့်အတန်းမြင့်မားဖို့ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတွေ လုပ်ပေးတာ ရည်ရွယ်ချက်ကောင်းပါတယ်။ ဒါပေမဲ့ ၀ယ်ယူတဲ့သူက သက်သာချောင်ချိဖို့ လိုပါတယ်။ အခု အဲဒီအိမ်ရာတွေအတွက် သတ်မှတ်တဲ့ ဈေးနှုန်းတွေက တော်တော်ကိုမြင့်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီအိမ်ရာတွေက ငွေကြေးတတ်နိုင်တဲ့သူတွေ လက်ထဲကို တစ်ဆင့်ခံရောက်သွားမှာ စိုးရိမ်တယ်။ ဒါကလည်း စောင့်ကြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။ အခုဆို ရန်ကုန်မြို့တော်စည်ပင်က တန်ဖိုးမျှတဆိုပြီး ဒဂုံမြောက်ပိုင်းမှာရောင်းမယ့် အိမ်ရာဈေးနှုန်းတွေက ကျပ်သိန်း ၂၃၀ ကျော်၊ အဲဒီအိမ်ရာ ၀ယ်ချင်တဲ့သူတွေအတွက် စည်းကမ်းသတ်မှတ်ချက်တွေလည်း အများကြီး။ အိမ်ရာဝယ်ဖို့ လျှောက်မယ့်သူတွေက လစာအနည်းဆုံး ကျပ်သုံးသိန်းအထက် ရှိရမယ်။ ဒါကို ၀န်ထမ်းအနေနဲ့ ဘယ်လိုလုပ် ၀ယ်နိုင်မလဲ။ လုပ်သက်ကလည်း နှစ် ၂၀ အထက်ရှိရမယ်။ မဖြစ်သင့်ပါဘူး။ သင်္ကန်းကျွန်းလို နေရာမျိုးမှာတောင်မှ ကျပ်သိန်း ၁၅၀၊ ၂၀၀ လောက်ဆိုရင် အကျယ်အ၀န်း အသင့်အတင့်ရှိတဲ့ တိုက်ခန်းရတယ်။ ဒါတောင်ကန်ထရိုက်တွေဆောက်တာ။ ဒါကြောင့် နိုင်ငံတော်က တာဝန်ပေးပြီးဆောက်တဲ့ စီမံကိန်းတွေက ဒီထက်သက်သာသင့်တယ်လို့ ထင်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကသုံးသပ်သည်။

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းလုပ်ငန်းများ ရရှိလုပ်ဆောင်နေသော ဆောက်လုပ်ရေးကုမ္ပဏီ အချို့မှာ အစိုးရကချမှတ်ပေးသည့် မြေနေရာများတွင် မြေဖိုးကုန်ကျစရိတ်မရှိဘဲ စီမံကိန်းဆောက်လုပ်ခွင့် ရရှိပြီး ဆောက်လုပ်စရိတ်သာ ရှိသော်လည်း အများပြည်သူသို့ ပြန်လည်ရောင်းချရာတွင် အခြေခံလူတန်းစားအလွှာ လိုက်မမီနိုင်သော ဈေးနှုန်းများ သတ်မှတ်ထားခြင်းမှာ မဖြစ်သင့်ကြောင်းလည်း ဆောက်လုပ်ရေး အသိုင်းအ၀ိုင်းက ဝေဖန်မှုများ ရှိနေသည်။

သိန်း ၂၀၀ လောက်ကို ပြန်တွက်ကြည့်မယ်ဆိုရင် တစ်လကို လေးငါးသိန်းလောက် ၀င်ငွေရှိတဲ့ အရာရှိ အဆင့်လောက်ပဲ ၀ယ်ယူနိုင်မယ့် အနေအထားမှာရှိတယ်။ အစိုးရ၀န်ထမ်းတွေနဲ့ သာမန်အခြေခံ လူတန်းစားတွေ ၀ယ်ယူဖို့က တော်တော်ကိုခဲယဉ်းတဲ့ အခြေအနေမှာ ရှိပါတယ်။ အဲဒီဈေးနှုန်းဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေကပဲ လက်ဝေခံ အရောင်းအ၀ယ် ပြုလုပ်ရင်းနဲ့ အကျိုးအမြတ်တွေကို ရရှိသွားပါလိမ့်မယ

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service