ငွေကြေးဖောင်းပွမှုကိုထည့်တွက်ပါက လွန်ခဲ့သောဆယ် နှစ်အတွင်း အင်္ဂလန်အိမ်ဈေးနှုန်းများသည်ကျဆင်းလျက်ရှိသည်။
Help to Buy and Funding For Lending ကဲ့သို့ အစိုးရ ၏အစီအစဉ်များကြောင့် အိမ်ဈေးနှုန်းမြင့်တက်ဖောင်းပွမှုများ ဖြစ်လာမည်ကို အချို့လေ့လာသူများကစိုးရိမ်လျက်ရှိသည်။ လွန် ခဲ့သောဆယ်နှစ်မှစ၍ လက်ရှိတတိယနှစ်ဝက်ထိ လက်လီဈေး နှုန်းကိန်းညွှန်းဖြင့်နှိုင်းယှဉ်ကြည့်ပါက အိမ်ဈေးနှုန်းမှာ ၅ရာခိုင် နှုန်းခန့်ကျဆင်းခဲ့ကြောင်း တစ်နှစ်ငံလုံးရှိကိန်းဂဏန်းများအရ Telegraph သတင်းစာကြီးကဖော်ပြခဲ့ပြီး လွန်ခဲသောငါးနှစ်အ တွင်း၌ဆိုပါက ဆယ်ရာခိုင်နှုန်းထိကျဆင်းခဲ့သည်။
အစိုးရ၏ဝင်ရောက်ကိုင်တွယ်မှုကြောင့် ၂၀၁၃တစ်နှစ်လုံး အိမ်ဈေးနှုန်းများမှာ တရိပ်ရိပ်မြင့်တက်လာခြင်းဖြစ်သည်။ Funding for Lending စီမံကိန်းသည်ပေါင်နှံမှုနှုန်းထားများကို လျှော့ချ၍ ငွေချေးဌားမှုကိုပိုမိုလွယ်ကူလာစေပြီး ပြည်သူများ၏ ဝယ်လိုအားကို ပိုမိုမြင့်တက်လာစေခြင်းဖြစ်သည်။
ထိုကြောင့် ဝယ်ပြီးသားသူများက ထပ်ကာထပ်ကာဝယ်ယူ ခြင်းဖြင့် ဈေးကွက်တွင်အိမ်ဈေးများမြင့်တက်လာခဲ့သည်။ အတိုး နှုန်းလျှော့ကျမှုနှင့် ဈေးကွက်တွင်အိမ်ရာမလုံလောက်မှုများပေါင်း စပ်ကာ အိမ်ဈေးကပြန်လည်ကောင်းမွန်လာသည့်ပုံပေါ်ခြင်းဖြစ် သည်။
သို့သော်လည်း အခက်အခဲများကရှိနေဆဲဖြစ်ပြီး လစာနှုန်း ထားများက အိမ်ဈေးမြင့်တက်မှုနှင့်ညီမျှခြင်းမရှိဘဲ ဗြိတိန်အိမ် ဈေးနှုန်းသည် ဝင်ငွေထက်၂၁ရာခိုင်နှုန်းမြင့်နေကြောင်း Orgination for Economic Cooperation and Development အဖွဲ့၏လေ့လာချက်တစ်ခုကဖော်ပြသည်။
မြင့်မားသောပေါင်နှံမှုများကိုဖြေရှင်းရန် အတိုးနှုန်းမြှင့်တင် လိုက်ပါက၄င်းတို့၏သုံးစွဲမှုအားကိုထိန်းချုပ်ရန် သို့မဟုတ် ဒုတိယ အလုပ်တစ်ခုကိုလုပ်ကြရန် အိမ်ရာပိုင်ဆိုင်သူသန်းပေါင်းများစွာ ကိုဖိအားပေးရလိမ့်မည်ဟုBank of England ၏လေ့လာချက် တစ်ခုကယခုအပတ်တွင်ဖော်ပြခဲ့သည်။
အတိုးနှုန်းသည် လက်ရှိဝ.၅မှ ၃ ရာခိုင်နှုန်းထိမြင့် တက်လာ ကာလက်ရှိအိမ်ရာပေါင်နှံထားသူပေါင်း ၁၁ သန်း၏တစ်ဝက် လောက်သည် အလုပ်ချိန်တိုးမြှင့်လုပ်ဆောင်ခြင်း သို့မဟုတ် အသုံးစရိတ်လျှော့ချခြင်းများကိုဆောင်ရွက်ရတော့မည်ဖြစ်သည်။
လုပ်ခလစာနှုန်းထားများအေးစက်နေပြီး အတိုးများမြင့်တက် နေသည့်အခြေအနေတွင် ငွေချေးဌားမှုစတော့ ၁.၂ထရီလီယံ၏ သုံးပုံ နှစ်ပုံအရေအတွက်ဖြစ်သော အပေါင်စာချုပ်ရှိသူ ထက်ဝက် ခန့်လောက်သည် သုံးစွဲမှုကိုလျှော့ချရမည်ဖြစ်ကြောင်း Bank of Englandက ပြောကြားသည်။