ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ စတင်ရောင်းချ ရန် လျှောက်လွှာခေါ်ယူ

ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ စတင်ရောင်းချ ရန် လျှောက်လွှာခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
5 Jan 2014 4:58 pm တွင် တင်ခဲ့သည်
2927 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီပိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများအား အစိုး ရဝန်ထမ်းများသာမက ဝယ်ယူ လိုသူအားလုံး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သို့ လျှောက်ထားနိုင်ပြီဖြစ် ကြောင်း သိရသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ် ရာတိုက်ခန်းများအား ဝယ်ယူလို သူများ အနေဖြင့် လျှောက်လွှာပုံ စံကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော် မတီ အင်ဂျင်နီ ယာဌာနတွင် လာရောက်ကြည့်ရှု ၍ လျှောက်လွှာများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ၁ရက်မှ စတင် ၍ လက်ခံလျက်ရှိပြီး ဇန်နဝါရီ ၃၁နောက်ဆုံးထားပေးပို့ရ မည်ဖြစ်ကြောင်း သိရသည်။

ရောင်းချမည့်တိုက်ခန်း ဈေးနှုန်းများမှာ U900 အမျိုး အစားတွင် Type A ၌စတုရန်း ပေ ၉၂၇ပေရှိ အခန်း ၉ဝအား တစ်ခန်းလျှင် ကျပ်၃၄၇သိန်း ဖြင့်လည်းကောင်း Type B တွင် စတုရန်းပေ ၈၇ရပေရှိအခန်း ခြောက်ခန်းရှိပြီး တစ်ခန်းလျှင် ကျပ် ၃၂၉သိန်းဖြင့်လည်းကောင်း၊ U600 အမျိုးအစား Type A တွင် စတုရန်းပေ ၆၁၄ပေရှိ အခန်း ၃၃ဝရှိပြီး တစ်ခန်းလျှင် ကျပ် ၂၅၅သိန်းဖြင့်လည်းကောင်း Type B တွင် စတုရန်းပေ၅၆၅ ပေရှိအခန်း ၂၂ခန်းရှိပြီး တစ် ခန်းလျှင် ကျပ် ၂၃၇ သိန်းဖြင့် လည်းကောင်း ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာတိုက်ခန်း ဝယ်ယူလျှောက် ထားသူ သည် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ် ပြီး အစိုးရဝန် ထမ်းဖြစ်ပါက လုပ်သက်အနည်းဆုံး၂ဝနှစ်ရှိ ရမည်ဖြစ်ပြီး အခြားပြင်ပ မှ လျှောက်ထားသူများအနေဖြင့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင် သူ (အိမ်ထောင်ဦးစီး)သည် အ သက်၂၅နှစ်ထက် မငယ်သူဖြစ်ရ မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်း(သို့)ကုမ္ပဏီ ဝန်ထမ်းဖြစ်ပါက သက်ဆိုင် ရာဌာန၏ အကြီးအကဲထောက် ခံချက်ပါရမည်ဖြစ်ပြီး အဆိုပါ တိုက်ခန်းများအား နည်းလမ်း နှစ်သွယ်ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး

(က)အရစ်ကျစနစ်ဖြင့် ဝယ်ယူရန်၊

(ခ)ဘဏ်ချေးငွေ ဖြင့်ဝယ်ယူရန်နှင့် ဘဏ်ချေးငွေ မှာ လေးနှစ်အများဆုံး သတ် မှတ်ထားကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီအင်ဂျင်နီယာဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

''ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာတိုက်ခန်းတွေကို အ မှန်တကယ် ဝယ်ယူမယ့် သူတွေ ကိုပဲ ရောင်းချပေးသွားမှာပါ။ ဝယ်ယူထားတဲ့သူတွေက ငါး နှစ်အတွင်း မှာ ရောင်းချတာ တွေ ငှားရမ်းတာတွေတွေ့ရင် အရေးမယူဘူး။ အဲဒီတိုက်ခန်း တွေကို ပြန်သိမ်းယူမယ်။ အရစ် ကျစနစ်နဲ့ ဘဏ်ချေးငွေ စနစ်ကို ဝယ်ယူမယ့်သူတွေ ဘယ်လိုပြန် ဆပ်ရမယ်ဆို တာတိုင်းဒေသ ကြီးအစိုးရက ဆုံးဖြတ်ပေးမှာ ပါ''ဟုပြောသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများကို လျှောက်ထားသူ၏ (မိသားစု)ပျှမ်းမျှလစဉ်ဝင်ငွေစုစုပေါင်း အနည်းဆုံးကျပ်သုံးသိန်းရှိ ရ မည်ဖြစ်ပြီး လျှောက်ထားသူ ၏(ဆွေမျိုးများပါသော မိသား စု)ပျမ်းမျှလစဉ် ဝင်ငွေ စုစုပေါင်း ခုနစ်သိန်းအောက် ရှိရမည်ဖြစ် ကြောင်း၊ လျှောက် ထားသူသည် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ဖြစ်ပါ က ယင်းတို့၏စုဆောင်းငွေဖြင့် အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူ ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

''ချေးငွေစနစ်နဲ့ ဝယ်ယူ လျှောက်ထားသူက သူရဲ့မိသား စုဝင်တွေရဲ့ လစဉ်ဝင်ငွေအတွက် တိကျခိုင်မာတဲ့အထောက်အ ထားကိုတင်ပြရပါမယ်။ လာ လလျှောက်တဲ့ လျှောက်လွှာ တွေပေါ်မူတည်ပြီး အစိုးရဝန် ထမ်းက ဘယ်နှခန်း၊ အခြားအ ပြင်ဝန်ထမ်းတွေက ဘယ်နှခန်း ဆိုတာသတ်မှတ်ပြီး မဲနှိုက်ရွေး ချယ်ပေးသွားမှာပါ''ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

''မျှတတဲ့တန်ဖိုးဆိုပေမယ့် ဒီတိုက်ခန်းတွေက တိုက်ခန်း ကျယ်တွေဖြစ်နေတော့ ဝယ် နိုင် ဖို့ကစဉ်းစားနေရတယ်။ ရေရှည် မှာ ဝန်ထုပ်ဝန်ပိုးဖြစ်လာမှာလဲ စိုးပါတယ်''ဟု အိမ်ငှားနေထိုင်သူ ကုမ္ပဏီဝန် ထမ်းတစ်ဦးဖြစ်သည့် ကိုညီညီ ကပြောသည်။

Credit : Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service