အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်သော တမူးမြို့၏ အိမ်ခြံမြေဈေးမှာ ၃ နှစ်ကျော်ကာလအတွင်း တစ်ဟုန်ထိုးတက်လာကြောင်း ဒေသခံ များထံမှ သိရသည်။
''တမူးမှာ အိမ်ခြံမြေဈေးက အရင်က သိန်း ၄ဝ၊ ၅ဝ ဝန်းကျင်ပဲ။ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းကစပြီး ဈေးက တစ်ဟုန်ထိုး တက် လာတယ်။ အဓိကကတော့ တစ်ဖက်နိုင်ငံက ကုန်သည်တွေက ရင်းနှီးမြှုပ်နှံလာကြတော့ မြေဈေးက တစ်ဟုန်ထိုး တက်သွားတော့ တာ'' ဟု ဒေသခံတစ်ဦးက ပြောသည်။ တမူးမြို့တွင် မြို့မရပ်ကွက်၊ ဈေး တန်းရပ်ကွက်၊ စန္ဒကူးရပ်ကွက်နှင့် စော်ဘွားရပ်ကွက် ဟူ၍ ရပ်ကွက်ကြီး ၄ ရပ်ကွက်ရှိပြီး ဈေးတန်းရပ်ကွက်သည် မြို့လယ်ကောင် ကျသည့်အတွက် အိမ်ခြံမြေဈေးမှာ သိန်း ရာချီဈေးပေါက်နေပြီး တိုက်အဆောက်အအုံပါ ပါရှိပါက သိန်း ထောင်ချီ၍ ဈေးပေါက်နေကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။
''ဈေးတန်းရပ်ကွက်က မြို့လယ်ကောင် ကျတယ်ဆိုတော့ တခြားရပ်ကွက်တွေက ဈေး ကောင်းတယ်။ RC နှစ်ထပ်တိုက် ရော ပါမယ်။ မြေအကျယ်က ပေ ၈ဝ x ၆ဝ ဆိုရင် သိန်း ၁ဝဝဝ ကျော်လောက် ဈေးပေါက်နေ တယ်။ အိမ်မပါဘဲနဲ့ မြေချည်းပဲ ဆိုရင်တောင် ပေ ၃ဝ x ၆ဝ ဟာ သိန်း ၆ဝဝ လောက် ဈေးပေါက် နေတယ်'' ဟု တမူးမြို့မှ အိမ်ခြံမြေ ပွဲစားတစ်ဦးက ပြောပြသည်။
တမူးမြို့သည် အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်၍ စီးပွားရေး အချက်အချာကျလျက်ရှိကာ ဒေသတွင်း ကုန်သည်များအပြင် နှစ်နိုင်ငံ ကုန်သည်ကြီးများနှင့် ရန်ကုန်၊မန္တလေးမြို့များမှ ကုန်သည်ကြီးများ အဓိကစီးပွားကူးသန်း ရောင်းဝယ်ရာမြို့ ဖြစ်သည်။
ထို့ပြင် တမူး မြို့သည် စီးပွားရေးအချက်အချာကျလာသည်နှင့်အမျှ ရန်ကုန်၊ မန္တလေးမြို့ကြီးများမှ ရွှေ့ပြောင်းအခြေချနေထိုင်သူ များပြား လာခြင်းကြောင့် တမူးမြို့ အိမ်ခြံ မြေဈေးမှာလည်း မြင့်တက်လာလျက် ရှိသည်။ ထို့ပြင် တစ်ဖက် နိုင်ငံမှ ကသည်းလူမျိုးများက လည်း ဈေးကောင်းပေးဝယ်ကာ ရင်းနှီးမြှုပ်နှံမှုများ ရှိလာခြင်းကြောင့် တမူးမြို့ အိမ်ခြံမြေဈေးမှာ တစ်ဟုန်ထိုး တက်လာ ရခြင်းဖြစ်ကြောင်း ယင်းဒေသခံများက ဆို သည်။
Credit: Zay Gwet Journal