ကွန်ဒိုဥပဒေမူကြမ်းအရ နိုင်ငံခြားသားများ ပိုင်ဆိုင်ခွင့်ရှိနိုင်

ကွန်ဒိုဥပဒေမူကြမ်းအရ နိုင်ငံခြားသားများ ပိုင်ဆိုင်ခွင့်ရှိနိုင် - Property News in Myanmar from iMyanmarHouse.com
27 Nov 2013 9:37 pm တွင် တင်ခဲ့သည်
1796 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားသားများအတွက် ကွန်ဒိုမီနီယံ တိုက်ခန်းများ ပိုင်ဆိုင်နိုင်ရေး အခွင့်အလမ်းများရရှိအောင်
ဆောင်ရွက်ပေးခြင်းဖြင့် ကွန်ဒိုဥပဒေကြမ်းသည် အဆင့်မြင့်သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာ
တည်ဆောက်ရေး လုပ်ငန်းဈေးကွက်ဖြစ်ပေါ်လာအောင် လမ်းညွှန် မှုပေးနိုင်ကြောင်း အိမ်ခြံမြေ
ကဏ္ဍ ကျွမ်းကျင်သူများက ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြခဲ့သည့် ကွန်ဒိုမီနီယံဥပဒေကြမ်းတွင်
နိုင်ငံခြားသားများသည် ကွန်ဒိုအဆောက် အအုံများ၏ ခြောက်လွှာနှင့်အထက် တိုက်ခန်းများကို
ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ပါရှိသည်။ ထို့ပြင် နိုင်ငံခြားသားများသည် ခြောက်လွှာနှင့်အထက်
ကွန်ဒိုတိုက်ခန်း များအား အမြင့်ဆုံး ၄၀ ရာခိုင်နှုန်း အထိ ၀ယ်ယူခွင့်ရှိကြောင်း အဆိုပါကွန်ဒိုဥပဒေ
မူကြမ်းအပြည့်အစုံတွင် သတ်မှတ် ပြဋ္ဌာန်းထားသည်။

နိုင်ငံခြားသားများအတွက် အိမ်ရာပိုင်ဆိုင်မှုများကို ခွင့်ပြုပေးခြင်းဖြင့် အိမ်ရာဈေးကွက် အခြေအနေ
သည် ယခုထက် ပိုမိုအားကောင်း အသက်ဝင် လာမည်ဖြစ်ကြောင်း Capital Development၏
အထွေထွေမန်နေဂျာ ဦးစိုးသီဟလှိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဒီဥပဒေကြောင့် မြန်မာ့အိမ်ခြံမြေ ဈေးကွက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ပိုပြီးရလာနိုင်ပါတယ်။
ဒီအိမ်ခြံ မြေလုပ်ငန်းဟာ မြန်မာနိုင်ငံက အိမ်ပိုင်ရှင်တွေ အိမ်ဝယ်သူတွေအတွက် အကျိုးဖြစ်ထွန်း
စေမှာပါ။ မြန်မာနိုင်ငံရဲ့ အိမ်ရာဈေးကွက်မှာ နိုင်ငံခြားသားများဆီက အထိုက် အလျောက် စိတ်ဝင်
စားမှုတွေ ရရှိထားပြီးသားပါ။ အထူးသဖြင့် အိမ်နီးချင်း အာရှနိုင်ငံတွေကပါပဲ။ နောက်ပြီး ဒီဥပဒေ
အရ နိုင်ငံခြားသား အိမ်ရာပိုင်ဆိုင်မှုတွေကို ခွင့်ပြုပေးလိုက်တာ ကြောင့် မြန်မာ့အိမ်ရာဈေးကွက်
အတွင်း များပြားလှတဲ့ ငွေကြေးထည့်ဝင် မှုတွေ ရရှိလာအောင် ဖန်တီးပေးနိုင်ပါတော့မယ်"ဟု
၎င်းကပြောသည်။

Scipio Services ၏ အုပ်ချုပ်မှုဒါရိုက်တာ ဘရက်မေလာကလည်း မြန်မာနိုင်ငံ၏ ကွန်ဒိုမီနီယံ
ဈေးကွက်သို့ ၀င်ရောက်ရန် စိတ်ဝင်စားနေသည့် နိုင်ငံခြားသားများ ရှိနေပြီးသား ဖြစ်ကြောင်း ပြော
သည်။

"အခု ကျွန်တော်တို့ဆီမှာ မြန်မာ့ အိမ်ခြံမြေဈေးကွက်ကို စိတ်ဝင်စားနေ ကြတဲ့ နိုင်ငံခြားအဖွဲ့အစည်း
၃၆၉ ဖွဲ့ ရှိနေပါတယ်။ ဒီစာရင်းအရ ရည်ရွယ် ထားတဲ့စီမံကိန်းတွေ၊ တည်ဆောက် တော့မယ့် စီမံ
ကိန်းတွေကို ဒီလို စိတ်ဝင်စားနေတဲ့ နိုင်ငံခြားအဖွဲ့ အစည်းအတွေကို အသိပေးပြောကြား နိုင်တော့
မှာဖြစ်တာကြောင့် ရင်းနှီး မြှုပ်နှံဖို့အတွက် ကြိုရောင်းတိုက်ခန်း တွေကို သူတို့စဉ်းစားနိုင်တယ်လေ"
ဟု မစ္စတာမေလာက ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service