မြောင်းမြမြို့ အိမ်ခြံမြေဈေးကွက်ဆယ်ဆကျော်မြင့်တက်

မြောင်းမြမြို့ အိမ်ခြံမြေဈေးကွက်ဆယ်ဆကျော်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
25 Nov 2013 10:05 pm တွင် တင်ခဲ့သည်
4396 ကြိမ် ကြည့်ရှု့ပြီး
ယခုအခါ မြန်မာနိုင်ငံနေရာဒေသ အသီးသီးတွင် အိမ်ခြံမြေဈေးနှုန်း များမြင့်တက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၏ အိမ်ခြံမြေဈေးကွက်များမှာလည်း မြင့်တက်လာခဲ့သည်။ မြောင်းမြမြို့၏ အိမ်ခြံမြေဈေးကွက် ဈေးနှုန်းမြင့်တက်လာမှုမှာ
ခြောက်လအတွင်းမှာပင်ဆယ်ဆကျော်မြင့်တက်လာခဲ့ကြောင်း မြောင်းမြမြို့သတင်းများအရသိရသည်။

ထိုသို့အိမ်ခြံမြေဈေးကွက် ဆယ်ဆကျော်မြင့်တက် လာသည့်နေရာဒေသများမှာ မြောင်းမြမြို့၏ရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ထိစပ်လျက်ရှိသောနေရာများဖြစ်သည်။

အဆိုပါနေရာဒေသများရှိ မြေကွက်၊ဥယျာဉ်ခြံမြေဈေးနှုန်းများမှာ ခြောက်လတာအတွင်းစံချိန်တင်ဆယ်ဆကျော်မြင့်တက်လာခဲ့ပြီးအရောင်းအ၀ယ် ကောင်းနေသဖြင့် ဈေးကွက်သွက်လက်လှုပ်ရှားနေသည်ဟုဆိုသည်။ မြောင်းမြမြို့ရှိယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဦးစီးဌာနမှကျောက်တိုင်စိုက်ထူထားသောမြောင်းမြရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
နှင့်ထိစပ်လျက်ရှိသော မြေယာများအရောင်းအ၀ယ်သွက်လက်လှုပ်ရှားနေသည်မှာမြောင်းမြမြို့နယ်ဒေသခံများမှ ၀ယ်ယူနေမှုနည်းပါးနေပြီး

ရန်ကုန်၊မန္တလေးနှင့်အခြားသောနေရာဒေသများမှရင်းနှီးမြှုပ်နှံသူများမှ လာရောက်ဝယ်ယူသူတွေက ပိုမိုများပြားနေသောကြောင့်ဖြစ်သည်ဟု ဒေသခံများကဆိုသည်။ မြောင်းမြမြို့၏အိမ်ခြံမြေဈေးကွက်တွင် ယခင်ကတစ်ဧကကို ငွေကျပ်ဆယ်သိန်းခန့်သာပေါက်ဈေးရှိနေခဲ့သည့် မြေကွက်များမှာ ယခုအခါ ငွေကျပ်သိန်းနှစ်ရာခန့်အထိ ပေါက်ဈေးရှိနေကြောင်းသိရသည်။

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service