အိမ်ငှားခတွေ ဆက်တိုက်မြင့်လာ အိမ်ခြေရာမဲ့၊ ကျူးကျော်၊ မြို့စွန်ရောက်သူ များလာနိုင်

အိမ်ငှားခတွေ ဆက်တိုက်မြင့်လာ အိမ်ခြေရာမဲ့၊ ကျူးကျော်၊ မြို့စွန်ရောက်သူ များလာနိုင် - Property News in Myanmar from iMyanmarHouse.com
15 Nov 2013 10:38 am တွင် တင်ခဲ့သည်
1706 ကြိမ် ကြည့်ရှု့ပြီး
တရိပ်ရိပ် မြင့်တက်လာတဲ့ အိမ်ခြံမြေ အငှားဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာမယ်ဆိုရင် အိမ်ခြေရာမဲ့၊ ကျူးကျော်တွေနဲ့ မြို့တွင်းကနေ မြို့စွန်ဘက်ကို ပြောင်းရွှေ့နေထိုင်ရမယ့်သူတွေ များပြားလာမယ်လို့ ရန်ကုန်မြို့အတွင်း မြို့နယ်အချို့မှာရှိတဲ့ အိမ်ငှားဦးရေ ၁၀ဝ ခန့်ကို ကောက်ထားတဲ့ စစ်တမ်းအရ သိရပါတယ်။

သုံးနှစ်အတွင်း နှစ်ဆခန့်မြင့်လာ

အဆိုပါ စစ်တမ်းအရ အိမ်ငှားခနှုန်းထားတွေဟာ လွန်ခဲ့တဲ့သုံးနှစ်ကနေ ယခုနှစ်အထိ နှစ်ဆဝန်းကျင် မြင့်တက်လာတာကို တွေ့ရပါတယ်။ အချို့မြို့နယ်တွေမှာ လွန်ခဲ့တဲ့ သုံးနှစ်က ကျပ် ၇၀,ဝ၀ဝ ဝန်းကျင်နဲ့ ငှားရတဲ့ အခန်းတစ်ခန်းဟာ လက်ရှိမှာ ကျပ် ၁၄၀,ဝ၀ဝ နဲ့ ၁၅၀,ဝ၀ဝ ဝန်းကျင်ပေးပြီး နေကြရတယ်။ အချို့ဆိုရင် အရင်က လမ်းသွယ်ထဲက အိမ်အသေးတစ်လုံးကို ကျပ် ၂၅,ဝ၀ဝ ဝန်းကျင်သာ ပေးခဲ့ရပေမဲ့ အခုအချိန်မှာတော့ ကျပ် ၆၀,ဝ၀ဝ ကနေ ကျပ် တစ်သိန်းကြားအထိ ပေးနေရတာတွေ ရှိလာပါတယ်။
အိမ်ငှားခတွေတင်မကဘဲ စပေါ်နှုန်းထားတွေကလည်း အရင်ကထက် နှစ်ဆကနေ သုံးဆအထိ မြင့်တက်လာတာကို တွေ့ရတယ်။ လှိုင်မြို့နယ်မှာ အရင်က ကျပ် ၁၀ သိန်း စပေါ်ငွေနဲ့ အိမ်လခ တစ်လကို ၄၀,ဝ၀ဝ ခန့် ပေးရတဲ့ အခန်းဟာ အခုအခါ စပေါ်ငွေ ကျပ်သိန်း ၂၀ နဲ့ အိမ်လခ တစ်လ ၈၀,ဝ၀ဝ ခန့်ပေးနေရပါတယ်။ လှည်းတန်း၊ လမ်းမတော်နဲ့ လသာမြို့နယ်တွေမှာလည်း ၂၅ ပေ x ပေ ၅၀ ဟောင်ကောင် နှစ်ထပ်အခန်းတွေကို အရင်က ကျပ် လေးသိန်းခန့်သာ အငှားဈေးပေါက်ပေမဲ့ အခုအချိန်မှာ ကျပ် ၁၀ သိန်းအထိပေးပြီး ငှားလာရပါတယ်။
“အငှားဈေးကွက်က တစ်ရိပ်ရိပ်တက်နေတာ၊ တစ်နှစ်ကို ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်တော့ ပုံမှန်တက်နေတယ်၊ ကာလတစ်ခုကွာသွားတာနဲ့ ဈေးတွေက တက်ကြတယ်၊ ကွန်ဒိုတွေနဲ့ နိုင်ငံခြားသားတွေငှားတဲ့ ကွန်ဒိုအခန်းတွေဆိုရင် square feet (တစ်စတုရန်းပေ) ပေါ် မူတည်ပြီး ဈေးတွေပြောင်းလဲနေတာ” လို့ Estate Myanmar မှ Sale Manager မနွယ်နီဝင်းက ဆိုပါတယ်။

ခြောက်လတစ်ကြိမ်တက်

အိမ်ငှားခနှုန်းထားတွေဟာ အချို့မြို့နယ်တွေမှာ သုံးလတစ်ကြိမ်လောက် တက်နေသလို အများစုကတော့ ခြောက်လမှာ တစ်ကြိမ်လောက် မြင့်တက်လာတဲ့ နှုန်းထားတွေနဲ့ ငှားရမ်းနေထိုင်ကြရတယ်လို့ စစ်တမ်းအရ သိရပါတယ်။
“လွန်ခဲ့တဲ့သုံးနှစ်က ၅၀,ဝ၀ဝ ပေးနေရတယ်၊ အခုက ၁၅၀,ဝ၀ဝ၊ ဒီနှုန်းအတိုင်း တက်လို့ နောက်သုံးနှစ်မှာ လေးသိန်းလောက်ဖြစ်လာရင်တော့ ဒီထက်ဝေးတဲ့ နေရာပဲဖြစ်ဖြစ်၊ တိုက်ခန်းကျဉ်းလေးတွေဖြစ်ဖြစ် ပြောင်းရမယ်၊ လခစားတွေ အိမ်ဝယ်ဖို့ဆိုတာ ထီပေါက်မှပဲဖြစ်နိုင်မှာဆိုတော့ ဝေးလဲ အဆင်ပြေမယ့်နေရာတွေ အခုကတည်းက စဉ်းစားနေရတယ်” လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဒေါ်မြင့်စိန်က ဆိုပါတယ်။
ကျပန်းလုပ်ကိုင်တဲ့ လှိုင်မြို့နယ် (၆) ရပ်ကွက် အသက် ၅၈ နှစ် အရွယ် ဦး သောင်းဝင်းက “ဒီလိုတက်နေတဲ့ နှုန်းထားအတိုင်း သွားမယ်ဆိုရင် နောက်သုံးနှစ်မှာ အိမ်ငှားဖို့မတတ်နိုင်တဲ့ တစ်နေ့လုပ် တစ်နေ့စား မိသားစုတွေ မြို့ပြင်ကိုထွက်၊  အိမ်ခြေရာခြေမဲ့ ကျူးကျော်တွေဖြစ်၊ အဲဒီလိုလူတွေ ရာခိုင်နှုန်းတော်တော်များများ ဖြစ်လာနိုင်စရာ ရှိတယ်၊ ဝန်ထမ်းတွေလဲ လစာနဲ့မမျှတဲ့အပြင် ကုန်ဈေးနှုန်းကလဲ တရိပ်ရိပ်တက်နေတော့ တိုင်းပြည် အတွက် မကောင်းဘူး” လို့ ပြောပါတယ်။

အိမ်ငှားခအရှိန် ဝင်ငွေမလိုက်နိုင်

အိမ်ငှားခနှုန်းထားတွေ မြင့်တက်လာတဲ့ အရှိန်ကို မိသားစုဝင်ငွေ တိုးတက်မှုရဲ့ အရှိန်က မလိုက်နိုင်တာကြောင့် မိသားစုဝင်ငွေရဲ့ ရာခိုင်နှုန်းတော်တော်များများကို အိမ်ငှားခအတွက် ပေးနေရတာ တွေ့ရပါတယ်။ စစ်တမ်းအရ အများစုက မိသားစု ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်ကျော်ကို အိမ်ငှားခပေးနေရသလို တချို့ကတော့ မိသားစုဝင်ငွေရဲ့ ထက်ဝက်အထိ အိမ်ငှားခပေးနေရတယ်လို့ သိရပါတယ်။
ရပ်ကွက်တွေထဲမှာ အိမ်ငှားခတွေ မြင့်တက်နေတာနဲ့ ပတ်သက်ပြီး မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက်မှ ဆယ်အိမ်မှူး ဦးစောမင်းသူက “ရပ်ကွက်ထဲမှာတော့ ပွဲစားတွေ ဈေးကစားတာ၊ အိမ်ရှင်တွေက လိုတာထက် ပိုလိုချင်တာတွေကြောင့် ဈေးတက်တာများတယ်၊ တချို့အိမ်ရှင်နဲ့ အိမ်ငှား အဆင်ပြေနေတဲ့သူတွေဆိုရင် နှစ်တွေကြာတာတောင် ဈေးသိပ်တက်တာ မတွေ့ပါဘူး” လို့ ပြောပါတယ်။
အခုလို အိမ်ငှားခနှုန်း တရိပ်ရိပ်မြင့်တက်နေတာတွေဟာ သတိထားစရာ အခြေအနေ ဖြစ်လာပါပြီ။ ဒါကို သတိမမူ၊ ထိန်းချုပ်ခြင်းမရှိဘဲ သည်အတိုင်းဆက်သွားနေရင် လက်ရှိအိမ်ငှားဘဝတွေကနေ အိမ်ခြေရာခြေမဲ့တွေ၊ ကျူးကျော်တွေ ဖြစ်လာနိုင်သလို အချို့ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ မြို့တွင်းမှာနေသူတွေဟာ မြို့အစွန်အဖျားတွေကို ပြောင်းရွှေ့နေထိုင်ရတာတွေ ရှိလာနိုင်တယ်လို့ ပညာရှင်အချို့က သုံးသပ်ပါတယ်။

ပေါ်လစီနဲ့ ဥပဒေတွေ ချမှတ်သင့်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဥပဒေပညာရှင် ဒေါက်တာ ညိုညိုသင်းက “အိမ်ငှားခမြင့်တက်နေတာတွေကို ပေါ်လစီတွေ၊ လာဝ (ဥပဒေ) တွေ လုပ်ပြီးတော့ အိမ်ရှင်ရော အိမ်ငှားရဲ့ အကျိုးစီးပွားကိုပါ ကာကွယ်ပေးတဲ့ ဥပဒေတွေ လုပ်ရမယ်၊ ဥပဒေအဟောင်းက လွတ်လပ်ရေးရပြီးခါစမှာ ရှိပြီးသားပါ၊ အိမ်ငှားခကို ထိန်းချုပ်တဲ့ဥပဒေ ပြဋ္ဌာန်းခဲ့တာ ရှိတယ်၊ ဒါကြောင့် ဥပဒေအသစ်မပေါ်ခင် စပ်ကြားမှာလဲ ပြည်သူတွေ နစ်နာနေရင် စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ပေးဖို့ လိုမယ်” လို့ အကြံပြု ပြောကြားပါတယ်။
အိမ်ငှားခဈေးနှုန်းတွေဟာ ပွဲစားတွေရဲ့ ဈေးကစားမှုတွေကြောင့် မြင့်တက်နေတာတွေရှိပေမဲ့ ပွဲစားတွေဟာ ဝန်ဆောင်မှုကဏ္ဍတစ်ခုအဖြစ် နိုင်ငံတိုင်းမှာရှိတဲ့ အတွက် အရေးယူလို့မရတဲ့ အခွင့်အရေးတွေ ရှိနေပါတယ်။ ဒါပေမဲ့ ပွဲစားတွေကြောင့် မလိုလားအပ်တဲ့ ဈေးနှုန်းမြင့်တက်မှုတွေနဲ့ ဈေးကြီးတဲ့ ဝန်ဆောင်မှုတွေမဖြစ်အောင် အစိုးရအနေနဲ့ ပွဲစားတွေ ဆောင်ရွက်ပေးနေတဲ့ ဝန်ဆောင်မှုမျိုးဖြစ်တဲ့ သတင်းအချက်အလက် ထုတ်ပေးတဲ့ စနစ်မျိုးကိုလည်း ဖန်တီးပေးဖို့ လိုပါတယ်။ အဲသည်လို ဖန်တီးနိုင်မယ်ဆိုရင် ပွဲစားတွေကိုပေးရတဲ့ ဝန်ဆောင်ခတွေဟာ အလိုလိုဈေးကျပြီး နောက်ပိုင်းမှာ ပပျောက်သွားနိုင်တယ်လို့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

ကားတွေသွင်းသလို စဉ်းစားဖို့လို

စီးပွားရေး ဥပဒေပညာရှင် ဦးတင်သန်းဦးကတော့ “အိမ်ခြံမြေကိုလဲ နှုန်းထားတွေ လျှော့ချချင်ရင် ကားတွေသွင်းသလို အလားတူစဉ်းစားလို့ရတယ်၊ ဈေးကစားလို့လား၊ ငှားနေတဲ့သူများလို့လား ဆိုတာကို လေ့လာရမယ်၊ တကယ့်ကို ငှားတဲ့သူများလို့ နေရာအခက်အခဲတွေကြောင့် ဈေးတက်တာဆိုရင် ဈေးသက်သက်သာသာနဲ့ ပြည်သူတွေ ငှားရမ်းနိုင်မယ့် နေရာတွေကို အစိုးရက ဖော်ဆောင်ပေးမှ အဆင်ပြေနိုင်မယ်” လို့ ပြောပါတယ်။
သတင်းအချက်အလက်တွေ အတွက် စစ်တမ်းကို လမ်းမတော်၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ မှော်ဘီနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လက်ရှိငှားရမ်းနေထိုင်သူ ၁၀ဝ ဦးကို ကုမုဒြာသတင်းထောက်တွေကိုယ်တိုင် စစ်တမ်းကောက်ယူ ရေးသားထားတာ ဖြစ်ပါတယ်။ သည်အထဲမှာ ၉၀ ရာခိုင်နှုန်းခန့်က အခြေခံလူတန်းစား အများစုပါဝင်ပြီး ကျပန်းလုပ်ကိုင်သူ၊ ဝန်ထမ်းတွေနဲ့ လက်လုပ်လက်စား မိသားစု အများစုကို အခြေခံကောက်ယူထားတာဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းက မြို့တွင်းဘက်မှာ ဈေးအမြင့်နဲ့ ငှားရမ်းနေထိုင်သူတွေကို ကောက်ယူထားတာ ဖြစ်ပါတယ်။
စစ်တမ်းကောက်ထားတဲ့ အခြေခံလူတန်းစား ၉၀ ရာခိုင်နှုန်းထဲက သုံးပုံနှစ်ပုံခန့်ဟာ အခန်းကန့်ပြီး ငှားတဲ့အိမ်တွေမှာ ငှားရမ်းနေရသူတွေဖြစ်ပြီး ကျန်တစ်ပုံခန့်ကတော့ သီးခြားတိုက်ခန်းတွေနဲ့ ပျဉ်ထောင်သွပ်မိုး လုံးချင်းအိမ်လေးတွေမှာ ငှားရမ်းနေထိုင်နေသူတွေ ဖြစ်ပါတယ်။

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service