ရွှေဂုံတိုင် ခုံးကျော်တံတား ဒီဇင်ဘာ ၁ရက်တွင် သွားလာနိုင်မည်

ရွှေဂုံတိုင် ခုံးကျော်တံတား ဒီဇင်ဘာ ၁ရက်တွင် သွားလာနိုင်မည် - Property News in Myanmar from iMyanmarHouse.com
13 Nov 2013 11:47 pm တွင် တင်ခဲ့သည်
1236 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ဆဲဖြစ်သော ရွှေဂုံတိုင် ခုံးကျော်တံတားမှာ ဒီဇင်ဘာ ၁ရက်မှ စတင်ကာ ကားများသွားလာနိုင်မည်ဖြစ်ပြီး ယင်းတံတားတွင် ကားများသွား လာသည့်အသံကြောင့် ဆူညံမှုလျှော့ချ နိုင်ရန် အသံထိန်းစနစ် တပ်ဆင်သွားမည် ဟု အဆိုပါတံတား စီမံကိန်းဒါရိုက်တာ ဦးအေးသော်က နိုဝင်ဘာ ၅ ရက်တွင် ပြောသည်။

၎င်းက ယင်းသို့ပြောကြားခြင်းမှာ နိုဝင်ဘာ ၅ရက် ရွှေဂုံတိုင်ခုံးကျော်တံတားစီမံကိန်းဧရိယာအတွင်းရှိ ယာယီ ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ် စဉ်က ဖြစ်ပြီး ယင်းတံတားမှ ကားများ သွားလာရာတွင် အသံကြောင့် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် Excel Tower နှင့် ရွှေဂုံပလာဇာအနီးတံတားပေါ်တွင် အသံ ထိန်းကိရိယာ (Sound Barriers)တပ်ဆင် သွားမည်ဖြစ်သည်ဟုလည်း ၄င်းက ပြောသည်။

ဦးအေးသော်က ''တံတားတည်ဆောက်ခြင်းကို ညရော၊ နေ့ရောလုပ်ရင် သတ်မှတ်ထားတဲ့ကာလထက် စောပြီး မယ်။ ဒီဇင်ဘာ ၁ ရက်မှာ မော်တော်ကားများ စတင်သွားလာနိုင်မယ်။ ဒါပေမဲ့ ဖွင့်ပွဲကိုတော့ ရက်အတိအကျမရွေးရ သေးဘူး''ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး ''လူနေအိမ်နဲ့ နီးတဲ့နေရာတွေမှာ အသံထိန်းကိရိယာ တပ်ဆင်သွားမယ်။ မော်တော်ကားက ထွက်တဲ့အသံကြောင့် ထိခိုက်မှုအနည်း ဆုံးဖြစ်အောင် တပ်ဆင်ခြင်းဖြစ်တယ်။ ဂျပန်နိုင်ငံရဲ့ နည်းပညာနဲ့ တပ်ဆင်သွား မယ်''ဟု ပြောသည်။

ရွှေဂုံတိုင်ခုံးကျော်တံတားတည် ဆောက်ရေးစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက် အရ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့ Capital Development Ltd. မှ တာဝန်ယူတည် ဆောက်ခြင်းဖြစ်သည်။

ယင်းသို့ အသံထိန်းကိရိယာများ တပ်ဆင်ခြင်းနှင့်ပတ်သက်၍ မိုးလွင်အိမ် ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးချိုက ''လူတွေက မီးပွိုင့်ဇုန် တွေမှာ နေကြတာ အရင်တုန်းကတော့ ခုံးကျော်တံတားရှိလာမယ်လို့ မျော်မှန်း ပြီးနေကြတာမဟုတ်ဘူး။ ရွှေဂုံတိုင်ခုံး ကျော်တံတားဆောက်ပြီး အသံထိန်း ကိရိယာတပ်ပေးတဲ့အတွက် အဲဒီနားပတ် ဝန်းကျင်က တိုက်ခန်းတွေ၊ လူနေအိမ် တွေအတွက် ကားအသံ၊ ဆူညံအသံတွေမကြားရတဲ့အတွက် ကောင်းသွားတာ ပေါ့''ဟု ပြောသည်။

ရွှေဂုံတိုင်ခုံးကျော်တံတားတည်ဆောက်ရေးစီမံကိန်းကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂ရက်က စတင်ဆောက်လုပ်ခဲ့ ကာ နိုဝင်ဘာ ၃ဝ ရက်တွင် လုပ်ငန်းပြီးစီး မည်ဖြစ်သည်။ တံတားတည်ဆောက်ရေး အတွက် ခန့်မှန်းကုန်ကျငွေမှာ ၁၇ ဒသမ ၄၄ ဘီလီယံ အဆိုပြုတင်ပြထားပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုထားသည့်ငွေပမာဏမှာ ၁၃ ဒသမ ဝ၈ ဘီလီယံဖြစ်သည်။

အဆိုပါတံတားအမျိုးအစားမှာ သံကူ ကွန်ကရစ်ဖြစ်ပြီး ယာဉ်သွားလမ်း လေး လမ်းသွားဖြစ်သည်။ တံတားအရှည်မှာ ၂ဝ၅၉ ဒသမ ၅၅ ပေရှိပြီး တံတားအ ကျယ်မှာ ၄၅ ဒသမ ၅၉ပေရှိသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service