ရန်ကုန် မြို့လယ်၌ ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး ပေါ်လာမည်

ရန်ကုန် မြို့လယ်၌ ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး ပေါ်လာမည် - Property News in Myanmar from iMyanmarHouse.com
13 Nov 2013 11:42 pm တွင် တင်ခဲ့သည်
1677 ကြိမ် ကြည့်ရှု့ပြီး
စင်ကာပူ နိုင်ငံအခြေစိုက် ဟိုတယ်လုပ်ငန်းစုကြီးဖြစ်သည့် Pan Pacific Hotels Group က ရန်ကုန်မြို့၌ ၎င်းတို့၏ ဒုတိယမြောက်ဟိုတယ်ဖြစ်လာမည့် Pan Pacific Yangon Hotel တည် ဆောက်ရေး ခြေလှမ်းစတင်လိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် မျက်နှာချင်းဆိုင်တွင်တည်ရှိသည့် ဗိုလ်ချုပ်ဈေးသစ်နှင့် လဟာပြင်ဈေး ဟောင်းနေရာ၌ ၂၅ ထပ်အမြင့်ရှိ ကြယ်ငါးပွင့်အဆင့်ဟိုတယ် တည်ဆောက်ရန် ရွှေတောင်ကုမ္ပဏီ နှင့် Pan Pacific Hotels Group တို့ အကျိုးတူရင်းနှီးမြှုပ်နှံမှုစာချုပ်အား အောက်တိုဘာ ၂၆ ရက် နေ့တွင် ချုပ်ဆိုခဲ့သည်။

အဆိုပါဟိုတယ်အုပ်စုသည် ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်ကို လွန်ခဲ့သည့် ၁၂ နှစ် ကတည်းက လုပ်ကိုင်နေသည်။ "မြန်မာနိုင်ငံမှာ ပါ့ခ်ရွိုင်ရယ်ရန်ကုန်အနေနဲ့ အရင်ကတည်းက အခြေချအောင် မြင်နေပြီး နောက် ကျွန်တော်တို့ဟာ အခုအခါမှာ ကျွန်တော်တို့ရဲ့ Pan Pacific ဆိုတဲ့ အောင်မြင် တဲ့ အမှတ်တံဆိပ်တစ်ခုကို မြန်မာနဲ့ နိုင်ငံတကာဧည့်သည်တွေထံ မိတ်ဆက်ပေးဖို့ စိတ်အားထက် သန်နေပါပြီ" ဟု အဆိုပါဟိုတယ်အုပ်စု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Gwee Lian Kheng က ပြောသည်။

"ကျွန်တော်တို့ ဆောက်လုပ်သွားမယ့် ဟိုတယ်က မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ ကြယ်ငါးပွင့် အဆင့်ဟိုတယ်ကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး Pan Pacific Yangon Hotel အမည်နဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင် သွားမှာပါ" ဟုရွှေတောင်ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါနေရာတွင် ကြယ်ငါးပွင့်အဆင့် ဟိုတယ်အပါအ၀င် ရုံးခန်းများ၊ လူနေအိမ်ခန်း များနှင့် ဈေး ၀ယ်စင်တာများပါဝင်မည့် ၂၃ ထပ် နှင့် ၂၅ ထပ် အဆောက်အအုံများအား ပထမ အဆင့်အနေဖြင့် တည်ဆောက်သွားမည်ဖြစ် ပြီး ဒုတိယအဆင့်တွင်မှု ယခုလက်ရှိ ဖွင့်လှစ်လျက်ရှိသည့် ဗိုလ်ချုပ်ဈေး သစ်ယာယီဈေးနေရာတွင် ၂၈ ထပ်အမြင့်ရှိ အဆောက်အအုံအား ဆက်လက်တည်ဆောက်သွားမည် ဖြစ်သည်။

ထို့ပြင် ကားအစီရေ ၁,၅၀၀ ခန့် ရပ်နား နိုင်မည့် နေရာလည်း ပါရှိမည်ဖြစ်သည်။ ဗိုလ်ချုပ်ဈေးသစ်မှ ဆိုင်ခန်းများကိုလည်း မူလနေရာမြေညီထပ်တွင် ပြန်လည်အစားထိုး တည်ဆောက်ပေးသွားမည်ဖြစ် ကာ ဗိုလ်ချုပ် ဈေးသစ်နှင့် ဆက်သွယ်မည့် မိုးလုံ၊ လေလုံ လေအေးပေးစက်ပါဝင်သည့် လူကူးတံတား သစ်ကိုလည်း တည်ဆောက်သွားမည် ဖြစ် ကြောင်းသိရသည်။ တည်ဆောက်မည့် အဆောက်အအုံ ဒီဇိုင်း များအား စင်ကာပူနိုင်ငံမှ DP Architect က ရေး ဆွဲပေးထားသည်။

Credit: MM TIMES

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...

အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service