အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်များ ကာလပေါက်ဈေးထက်လျော့ နည်းခြင်းက အခွန်ဆောင်သူများအတွက် အဆင်ပြေ

အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်များ ကာလပေါက်ဈေးထက်လျော့ နည်းခြင်းက အခွန်ဆောင်သူများအတွက် အဆင်ပြေ - Property News in Myanmar from iMyanmarHouse.com
13 Nov 2013 11:23 pm တွင် တင်ခဲ့သည်
1002 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတော်အစိုးရအနေဖြင့် အခွန်ပေး ဆောင်ရန်အတွက် ရန်ကုန်မြို့၏ တစ်ပေပတ်လည် မြေဈေးစံနှုန်း များကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အဆိုပါ စံနှုန်းအတိုင်း ပေးဆောင်ရန် စတင် သတ်မှတ်ခဲ့ရာ အဆိုပါစံနှုန်းများသည် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်းရှိ ကာလ ပေါက် ဈေးထက် လျော့နည်းလျက်ရှိသည့်အတွက် အခွန်ဆောင်သူများ အနေဖြင့် အဆင်ပြေနိုင်မည်ဖြစ် ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)သို့ ပြောသည်။

"အခု ရန်ကုန်မြို့ရဲ့ တစ်ပေပတ်လည် မြေစံနှုန်းတွေ သတ်မှတ်ပြီးတဲ့ နောက်မှာ အဲဒီမြေဈေးနှုန်းတွေက လက်ရှိရန်ကုန်မြို့ရဲ့ ကာလပေါက် ဈေးထက် နည်းနေတာကို တွေ့ရ ပါတယ်။ တချို့မြို့ပေါ်က ရပ်ကွက်ကြီး တွေမှာဆိုရင်လည်း လက်ရှိပေါက် ဈေးထက် တန်ဖိုးနည်းနေတာကိုတွေ့ရ ပါတယ်။ တန်ဖိုးနည်းသွားတယ် ဆို ကတည်းက ပြည်သူတွေအနေနဲ့ အဆင်ပြေမှာပါ။ ပြည်သူ တွေလည်း ကျေနပ်ကြမှာပါ" ဟု ရန်ကုန်တိုင်း ဒေသကြီး ပြည်တွင်းအခွန်ဦးစီးဌာနမှ ဦးစီးမှူးဖြစ် သူ ဦးကျော်ကျော်က ပြောသည်။

ယခုကဲ့သို့ ရန်ကုန်မြို့၏ မြေစံ နှုန်းဈေးများ လက်ရှိဈေးနှုန်းများ ထက် လျော့နည်းနေခြင်းသည် နိုင်ငံတော်အနေဖြင့် ပြည်သူများ မြေအခွန် သုံးဆယ်ရာခိုင်နှုန်း ပေး ဆောင်ရာတွင် သက်သာစေ ရန်အတွက် မြေတန်ဖိုးအား ကာလပေါက် ဈေးထက် လျော့ပေါ့ပေးခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။

"ပြည်သူတွေ အနေနဲ့ကလည်း လက်ရှိမြေဈေးနှုန်းတွေကလည်း များ နေသလို၊ အခွန်ကလည်း သုံးဆယ် ရာခိုင်နှုန်း ပေးဆောင်ရတယ်ဆိုတော့ နှစ်ခုစလုံးက အရမ်းများနေတယ်ဆိုပြီး ပြည်သူ တွေက ပြောပါတယ်။ အဲဒီလို နှစ်ခုစလုံးများနေတော့ ပြည်သူ တွေအတွက်လည်း အခွန်ဆောင် နိုင် မယ့်အနေအထားမျိုးလေးဖြစ်အောင် သတ်မှတ်ပေးလိုက်မယ်ဆိုရင် ပြည်သူတွေလည်း သက်သာသလို အခွန်ကိုလည်း မှန်မှန်ကန်ကန် ပေးဆောင်လာနိုင်ကြမယ်။ အခွန်က များနေမယ်ဆိုရင် အခွန်ရှောင်ကြမှာပေါ့။ သူတို့အခွန်ရှောင်ရင် နိုင်ငံတော်လည်း အခွန်မရနိုင်ပါဘူး။ အဲဒါကြောင့် အခုလို အခွန်ဆောင်ဖို့အတွက် မြေဈေးနှုန်းကို လျှော့ပေါ့သတ်မှတ် ပေးလိုက်တော့ အားလုံးအဆင် ပြေကြမှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံ၏ မြေဈေးနှုန်းစံ များအား သတ်မှတ်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့အား ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့က လက်ရှိမြေဈေးနှုန်း များကို လေ့လာကာ တန်ဖိုးသတ်မှတ် ပေးခဲ့ပြီး အခွန်ဦးစီးဌာနက အဆိုပါသတ်မှတ်ချက်အတိုင်း မြေအခွန်ကောက်ခံ သွားမည်ဖြစ်သည်။

အောက်တိုဘာ ၁ ရက်နေ့မှ စတင်ခါ အဆိုပါစံနှုန်းများအတိုင်း မြေ၀ယ်သူများထံမှ အခွန်များ ကောက်ခံသွားမည်ဖြစ်သော်လည်း ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်သည် ယင်းစံနှုန်းသတ်မှတ် ချက်များကြောင့် မြေဈေးနှုန်းများ ကျဆင်းခြင်း၊ အရောင်းအ၀ယ်လျော့နည်းခြင်းများ မရှိကြောင်း မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင်မှ အကြီးတန်းအကျိုး ဆောင်ဖြစ်သူ ကိုမင်းမင်းစိုးက ပြော သည်။

"ဒီစံနှုန်းသတ်မှတ်ပြီးတဲ့နောက် ပိုင်းမှာတော့ အိမ်ခြံမြေဈေးနှုန်းတွေ ကျသွားတာမျိုးတွေ မရှိပါဘူး။ အရောင်းအ၀ယ်လည်း ပုံမှန်သွားနေ ပါတယ်။ ဒီကိစ္စကြောင့် လောလောဆယ်တော့ အိမ်ခြံမြေ ဈေးကွက် မပြောင်းလဲနိုင်ပါဘူး။ ဒါပေမဲ့ ဒီလိုသတ်မှတ်ချက်တွေ မထွက်ခင်မှာ တော့ နိုင်ငံတော် က ဈေးတွေသတ်မှတ် ပေးမယ်ဆိုတဲ့ စကားတွေကြောင့် တော့ အရောင်းအ၀ယ်တွေအေးသွား တာမျိုးတွေရှိပါတယ်။ တချို့နေရာမှာ မြေဈေး အိမ်ဈေးတွေ ကျသွားတာမျိုးတွေ ရှိပါတယ်။ ဒါပေ မဲ့ အခုတော့ ပုံမှန်ပါပဲ"ဟု ၎င်းကပြောသည်။ ထို့ပြင် အစိုးရက သတ်မှတ်သည့် မြေစံနှုန်းများသည် လက်ရှိအိမ်ခြံ မြေဈေးကွက်တွင် ဈေးအမြင့်ဆုံး နေရာများ၌ပင် ဈေးများများစွာ သက်သာကြောင်း ၎င်းကဆက်ပြော သည်။

"အစိုးရက သတ်မှတ်ပေးတဲ့ ဈေးနှုန်းတွေက တော်တော်သင့်မြတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန် မြို့ရဲ့ ဈေးအမြင့်ဆုံးထဲမှာပါတဲ့ ပြည်လမ်းမက မြေဈေးကိုတောင် တစ်ပေပတ်လည်ကို ကျပ်၂၇၅,၀၀၀ ပဲ သတ်မှတ် ပေးထားတယ်။ တကယ့်အပြင် က ပြည်လမ်းမပေါ်က မြေပေါက် ဈေးတွေက တစ်ပေပတ်လည်ကို ကျပ် ၈၀၀,၀၀၀ ကနေ ၁၀ သိန်းကြားမှာရှိတယ်။ အဲဒါကြောင့် ဒီလိုသတ်မှတ်ပေးတာ ကောင်းပါတယ်" ဟု ၎င်းကပြောသည်။ အစိုးက အခွန်ဆောင်ရန်အတွက် မြေဈေးစံနှုန်းများ သတ်မှတ်ပေးသော်လည်း ရန်ကုန်မြို့၏အိမ်ခြံမြေ ဈေးကွက်တွင် ဈေးနှုန်းများ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း အိမ်ခြံမြေ လုပ်ငန်းလုပ်ဆောင်သူများက ပြောသည်။

ယခုကဲ့သို့ အခွန်ဆောင်ရန်အတွက် မြေဈေးစံနှုန်းများ လျော့နည်းသက်သာခြင်းကြောင့် အခွန်ဦးစီး ဌာနအနေနှင့် လည်း ယခင်ထက်ပိုမိုကာ အခွန်များ ရရှိလာနိုင်ကြောင်း အခွန်ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။ "အခုလို အခွန်တွေ သက်သာသွားတဲ့အတွက် လူတိုင်းလိုလိုမြေ၀ယ် ပြီးတဲ့နောက်မှာ အခွန်တွေဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အရင်တုန်း ကတော့ မြေဈေးနှုန်း တွေ မြင့်သလို အခွန်နှုန်းကလည်း အခုလိုစံနှုန်းမရှိတော့ အခွန်နှုန်းတွေများတဲ့အခါမှာ ပြည်သူ တွေအနေနဲ့ကလည်း အခွန် ရှောင်လာတွေ ရှိခဲ့ကြပါတယ်။ အခု တော့ အဲဒီလိုအခွန်ရှောင်တာ တွေ လည်း လျော့နည်းသွားမယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းကပြော သည်။

Credit: MM TIMES

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service