ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် အတွင်း အဆောက်အအုံ ဆောက်လုပ် ခွင့်များအတွက် ပုံစံတင်ရာတွင် အွန်လိုင်း မှတစ်ဆင့် န ဗစစူငခအေငသည င်္သမာ ပုံစံဖြင့် တင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အ အုံ)မှ ဌာနမှူး ဦးမောင်မောင်ဇော်က အောက်တိုဘာ ၁ဝ ရက်တွင် ပြောသည်။
၎င်းက ယင်းသို့ပြောကြားခြင်းမှာ မရမ်းကုန်မြို့နယ်၌ ပြည်သူများနှင့်တွေ့ ဆုံပွဲတွင်ဖြစ်ပြီး မည်သည့် အချိန်တွင် ယင်းသို့အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက် နိုင်မည်ကိုမူ အတိအကျ သိရှိရခြင်းမရှိ သေးပေ။
လက်ရှိအချိန်တွင် စည်ပင်သာယာ နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက် လုပ်ခြင်းနှင့် ပတ်သက်ပါက ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရ ခြင်း ဖြစ်သည်။ ယင်းကြောင့် နောက်ပိုင်း တွင် ပိုမိုလွယ်ကူစေရန်အတွက် မြို့နယ်မှ တစ်ဆင့် e−Application Form နှင့် လျှောက် နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
သို့သော် မြေယာပိုင်ဆိုင်မှုအထောက် အထားများနှင့် ပတ်သက်၍မှု ရုံးသို့ လာ ရောက်ရဦးမည်ဖြစ်သည်ဟုလည်း ဌာန မှူးက ဆိုသည်။
၎င်းက ''နောင်ဆိုရင် မြို့နယ်မှာရှိတဲ့ စည်ပင်သာယာအုပ်ချုပ်မှုရုံးတွေကနေ လျှောက်လွှာ e application Form ပို့ လို့ရ မယ်။ သို့သော်လည်း အဆောက်အအုံ ဆောက်လုပ်တဲ့နေရာမှာ အဓိက အရေး ကြီးဆုံးအချက်က မြေယာပိုင်ဆိုင်မှုပဲဖြစ် တယ်။ အဲဒါကြောင့် မြေပိုင် ဆိုင်မှုအထောက်အထားတွေ ကိုကျတော့ န (အီလက်ထ ရောနစ်စနစ်)နဲ့ ပို့လို့မရတဲ့ အတွက်ကြောင့် တစ်ချိန် တစ်ခါ (သို့မဟုတ်) နှစ်ကြိမ် နှစ်ခါတော့ ရုံးမှာလာပြီး မူ ရင်းတွေ တိုက်ဆိုင်စစ်ဆေး ပေးဖို့အတွက် ဆောင်ရွက်ရ မှာဖြစ်ပါတယ်''ဟု ပြောသည်။
အဆောက်အအုံဆောက်လုပ် ခွင့်မှာ မြေမှာ ဂရမ်အမည် ပေါက်ဆိုပါက သတ်မှတ် ထားသောအမြင့်များ အတိုင်း ဆောက်နိုင်ပြီး မြေဂရမ်ပိုင် ဆိုင်မှု အဆင့်ဆင့်လွှဲပြောင်း လာသည့် အရပ်စာချုပ်ဆို လျှင် ပြဿနာရှိနိုင်သည့်အ တွက် အထပ်နိမ့်သာခွင့်ပြု သည်ဟုလည်း စည်ပင်မှ သိ ရသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လက်အောက်တွင် မြို့ နယ် ၃၃မြို့နယ်ရှိသည့်အနက် ခွင့်ပြုချက် မဲ့အဆောက်အအုံ ဆောက်လုပ်မှုအများ ဆုံးမြို့နယ်မှာ သင်္ဃန်းကျွန်းဖြစ်ပြီး တရား စွဲထားသောအမှု ၅ဝ၅ မှု ရှိသည်။ ဒုတိ ယအများဆုံးမှာ လှိုင်မြို့နယ်ဖြစ်ပြီး ၂၂၈ မှု နှင့် တတိယအများဆုံး မရမ်းကုန်းတွင် ၁၂၈မှု ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် မည့်သူမှခွင့်ပြုချက်မရှိဘဲ အဆောက်အ အုံ ဆောက်လုပ်ခြင်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ခြံစည်းရိုးခတ်ခြင်း များ မပြုလုပ်ရဟု တားမြစ်ထားသည်။
Credit: Mizzima