ဝါကျွတ်အမီ အိမ်ခြံမြေ ဝယ်ယူသူများကြောင့် မုံရွာအိမ်ခြံမြေ ဈေးတက်

ဝါကျွတ်အမီ အိမ်ခြံမြေ ဝယ်ယူသူများကြောင့် မုံရွာအိမ်ခြံမြေ ဈေးတက် - Property News in Myanmar from iMyanmarHouse.com
13 Nov 2013 5:06 pm တွင် တင်ခဲ့သည်
605 ကြိမ် ကြည့်ရှု့ပြီး
အရောင်းအဝယ်အေးစက်ခဲ့သည့် မုံရွာမြို့ အိမ်ခြံမြေဈေးကွက်သည်ဝါကျွတ်ချိန်အမီ အိမ်ခြံမြေ စုဆောင်း ဝယ်ယူသူများကြောင့် စက်တင်ဘာလကုန်တွင် ဈေးအ နည်းငယ်တက်လာကြောင်း ဒေသ ခံအိမ်ခြံမြေရောင်းဝယ်သူများက ပြောသည်။

''ဝါတွင်းဆိုတော့ အိမ်ခြံမြေအရောင်းအဝယ် ပါးနေတာကြာပြီ။ ဈေးကွက်ပျက်တဲ့အထိ ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ ဒီရက်ပိုင်းတော့ ဝါမကျွတ်ခင် အိမ်ခြံမြေစုဆောင်းသူတွေကြောင့် အရောင်းအဝယ်ပြန်ဖြစ်လာသလို မြေဈေး လည်း နည်းနည်းတက်လာတယ်'' ဟု မုံရွာမြို့ ဝါရင့်အိမ်ခြံမြေအကျိုး ဆောင် ဦးအုန်းက ပြောကြား သည်။

မုံရွာမြို့ပေါ်ရှိ ရပ်ကွက်ကြီးများတွင် အိမ်ခြံမြေ ဈေးကွက် အနေဖြင့် နေရာနှင့် အကျယ်အဝန်းပေါ်မူတည်၍ မျက်နှာစာတစ်ပေလျှင် ကျပ်သိန်း ၃ဝ မှ သိန်း ၂ဝဝ ဝန်းကျင်အထိအရောင်း အဝယ်ဖြစ်လျက်ရှိသည်။

မြို့ပေါ် ရပ်ကွက်ကြီးများတွင် ရောင်းလိုအားနည်းပြီးဝယ်လိုအားများခဲ့သည်။ အဓိကလမ်းမကြီးများဖြစ်သော ဗိုလ်ချုပ်လမ်း၊ ကျောက္ကာလမ်း၊ ပြည်ထောင်စု လမ်းတို့တွင် အိမ်ခြံမြေရောင်းလို အားထက် မြေနေရာငှားရမ်းသူ ပိုမိုများပြားခဲ့ကြောင်း သတင်းရ ရှိသည်။

ယခင်နှစ်များက တိုင်းဒေသ ကြီးလွှတ်တော်အဆောက်အအုံ များ တိုးချဲ့ဆောက်လုပ်ခဲ့သည့် နောက်ပိုင်း အောင်ချမ်းသာရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်၊ အိုးဘိုထောင်ရပ်ကွက်တို့ရှိ အိမ်ခြံမြေများအရောင်းအဝယ်သွက်ခဲ့ရာမှ ယခုနှစ်တွင် အရောင်းအဝယ်ပြန် လည်အေးစက်လာကြောင်း အိမ် ခြံမြေအကျိုးဆောင်များကပြော ကြားခဲ့သည်။

အဆိုပါ ရပ်ကွက်များတွင် ဗိုလ်ချုပ်လမ်းနှင့် ပြည်ထောင်စု လမ်းဘေးတွင် နေရာအကျယ် အဝန်းပေါ်မူတည်၍ မျက်နှာစာ တစ်ပေလျှင် ကျပ်သိန်း ၃ဝ မှ ကျပ် သိန်း ၇ဝ ခန့်အထိ အရောင်း အဝယ်ဖြစ်ခဲ့သည်။

အတွင်းဘက်အိမ်ခြံမြေများ တွင် ပေ (၈ဝ)x(၆ဝ)တစ်ကွက် လျှင် ယခင်ကျပ်သိန်းတစ်ရာဝန်းကျင်မှ ကျပ်သိန်း ၂ဝဝ ကျော်အထိ ဈေးကောင်းရခဲ့သည်။

ယခုနှစ်အတွင်း အိမ်ခြံမြေစု ဆောင်းသူအများစုသည် ဝါတွင်း ကာလ အိမ်ခြံမြေ အရောင်းအ ဝယ်ပါးချိန်တွင် မုံရွာ-မန္တလေး ကားလမ်းမကြီး၊ မုံရွာ-အရာ တော်ကားလမ်းမကြီးနှင့် မုံရွာသာစည်ကျေးရွာ ခရိုင်ချင်းဆက် ကားလမ်းမကြီးဘေး ဝဲယာတစ်လျှောက်ရှိ ယာမြေများကို အိမ်ခြံ မြေအဖြစ် ဝယ်ယူသူပိုမိုများပြား လာသည်ဟုဆိုသည်။

''မုံရွာ-မန္တလေး ကားလမ်းဘေးက မြေနဲ၊ မင်းရွာအနီးတစ်ဝိုက်က ယာမြေတွေအဝယ်လိုက်နေတယ်။ မုံရွာအရာတော်လမ်း တစ်လျှောက်နဲ့ မုံရွာ-သာစည်လမ်းဘေးက ယာမြေတွေကိုလည်း မြေစုသူတွေကဝယ်တယ်။ အဲဒါတွေက ယာမြေတွေအနေနဲ့စုတဲ့သူ တွေကဝယ်ကြတာ''ဟု မုံရွာမြို့ ဒေသခံအိမ်ခြံမြေအကျိုးဆောင် တစ်ဦးကပြောသည်။

အဆိုပါလမ်းမကြီးများဘေး ရှိ ယာမြေတစ်ကွက် (တစ်ဧကလျှင်)ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၇ဝဝ ခန့်အထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မုံရွာမြို့ရှောင် ကွင်းလမ်းဖြစ်သော မုံရွာစက်မှု ဇုန်-ဇလုပ်-အက်တော-ကျွဲရဲ အဝေးပြေးလမ်းဘေးဝဲယာရှိ ယာ မြေများတွင်လည်း တစ်ဧကကျပ် သိန်း ၂ဝဝ မှ ၅ဝဝ ခန့်အထိ မြေ နေရာအကျယ်အဝန်းပေါ်မူတည် ၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာမြို့ပေါ်ရှိ အိမ်ခြံမြေ အရောင်းအဝယ်နှင့်ပတ်သက်၍ သလ္လာမြို့သစ်ဒေသခံအိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ''တက္က သိုလ်နယ်မြေမှာ ဘော်ဒါဆောင် ဖွင့်ဖို့ မြေဝယ်တဲ့သူတွေမရှိတဲ့ နောက်ပိုင်း အိမ်ခြံမြေဈေးကွက် ကအေးစက်သွားတာကြာပြီ။ အခု ရက်ပိုင်းမှာ ချင်းတွင်းမြစ်အထက် ပိုင်းဒေသက စီးပွားရေးလုပ်ငန်း ရှင်တွေရော မန္တလေးဘက်ကလုပ် ငန်းရှင်တွေပါ မြေရင်းနှီးမြှုပ်နှံလို သူတွေကြောင့် သလ္လာမြို့သစ်က မြေတွေ ဈေးနည်းနည်းတက်လာ တယ်''ဟုဆိုသည်။

မုံရွာစက်မှုဇုန်နှင့် နန္ဒဝန်ရပ် ကွက်များတွင် အသွားအလာများ သောလမ်းမကြီးများတွင် နေရာ အလိုက် ကျပ်သိန်း ၅ဝဝ မှ ကျပ် သိန်း ၁,ဝဝဝ ခန့်အထိ အရောင်း အဝယ်ဖြစ်ခဲ့ပြီး အတွင်းပိုင်းလမ်း မကြီးများတွင် ကျပ်သိန်း ၂ဝဝ မှ ကျပ်သိန်း ၃ဝဝ ကျော်အထိ အရောင်းအဝယ်ဖြစ်နေသည်ဟု ဆိုသည်။

Credit: 7days News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service