အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်ချက် ပြောင်းလဲနိုင်သေးသည်

အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်ချက် ပြောင်းလဲနိုင်သေးသည် - Property News in Myanmar from iMyanmarHouse.com
13 Nov 2013 4:51 pm တွင် တင်ခဲ့သည်
1172 ကြိမ် ကြည့်ရှု့ပြီး
အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ စံနှုန်း သတ်မှတ်ခြင်းမှာ နှုန်းသေမဟုတ်ဘဲ မြို့နယ်အလိုက် ပေါက်ဈေးပြောင်းလဲမှုပေါ် မူတည်၍ သတ်မှတ်နှုန်းထားများ ပြောင်းလဲမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကျော်ကျော်က The Voice သို့ပြောကြားသည်။

ယင်းသို့ ဈေးနှုန်းပြောင်းလဲခြင်းများသည် အချိန်အကန့်အသတ်မရှိပဲ ပြောင်းလဲမှုရှိလျှင်ရှိချင်း အခွန်စံနှုန်းများကို ပြောင်းလဲသတ်မှတ် မည်ဖြစ်ကြောင်း ဦးကျော်ကျော်က ဆိုသည်။

“ဈေးနှုန်းပြောင်းလဲတဲ့ မြို့နယ်ကိုပဲ ပြောင်းလဲမှာပါ။ ဘာမှ ပြောင်းလဲမှုမရှိတဲ့ မြို့နယ်တွေကိုတော့ မပြောင်းပါဘူး။ ဒီစံနှုန်းက ကိန်းသေ မဟုတ်ပါဘူး” ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးသတ်မှတ်ရခြင်းမှာ အဆမတန် ကြီးမြင့်နေသည့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို ထိန်းချုပ်ရန်မဟုတ်ပဲ အခွန်အပြည့်အ၀ ကောက်ခံရရှိနိုင်ရန်အတွက်သာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားထားသည်။

အခွန်ဆောင်ရန် မြေဈေးစံနှုန်းသတ်မှတ်ခြင်းကြောင့် လတ်တလော အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းတွင် ဈေးနှုန်းအပြောင်းအလဲ မရှိသေးသော်လည်း အရောင်းအ၀ယ်မှာ အေးစက်လျက်ရှိကြောင်း ဇေယျာမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးမင်းမင်းက ပြောဆိုသည်။

လက်ရှိမြေဈေးသတ်မှတ်ချက် အမြင့်ဆုံးမှာ တစ်ပေပတ်လည်လျှင် ကျပ် ၃၂၅,၀၀၀ မှ ကျပ် ၃၅,၀၀၀ သတ်မှတ်ထားသည့် ဗဟန်းမြို့နယ်ဖြစ်ပြီး အနည်းဆုံး သတ်မှတ်ချက်မှာ တစ်ပေပတ်လည် ၂၀၀ ကျပ် မှ ၁၁၀၀ ကျပ်ထိ သတ်မှတ်ထားသော ခရမ်းမြို့နယ် ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်ထုတ်ပြန်ရေးရုံး ကြောငြာချက်အရ သိရသည်။

Credit: The Voice Weekly

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service