ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတွင်လည်း မြေဈေးစံနှုန်းများ သတ်မှတ်သွားမည်

ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတွင်လည်း မြေဈေးစံနှုန်းများ သတ်မှတ်သွားမည် - Property News in Myanmar from iMyanmarHouse.com
13 Nov 2013 3:56 pm တွင် တင်ခဲ့သည်
622 ကြိမ် ကြည့်ရှု့ပြီး
အိမ်၊ခြံ၊မြေဈေးကွက်အတွင်း ဈေးနှုန်းမြင့်မားခြင်း နှင့် အခွန်ဆုံးရှုံးခြင်းများရှိနေသဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးတွင် တစ်ပေပတ်လည်မြေဈေးနှုန်း များ သတ်မှတ်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်သိမ်းက စက်တင်ဘာ ၁၂ ရက်တွင် မီဒီယာများသို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ မြို့နယ်အလိုက် တစ်ပေပတ်လည်မြေဈေးနှုန်း များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကာလတန်ဖိုး သတ်မှတ်ရေးအဖွဲ့မှ သတ်မှတ်ရေးဆွဲပြီးဖြစ်၍ မကြာမီ ကာလအတွင်း ဈေးနှုန်းများကို ထုတ်ပြန်ကြေညာသွား မည်ဟုလည်း ပြောသည်။ ဆက်လက်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများကိုပါ သတ်မှတ်သွားမည်ဖြစ်သည်။

''ရန်ကုန်ကို အရင်ဆုံးစမ်းသပ်ပြီးလုပ်တာ။ ရန်ကုန်မှာ အောင်မြင်ရင် တစ်နိုင်ငံလုံး ပြည်နယ် နှင့် တိုင်းဒေသ ကြီးအသီးသီးကို ဆက်ပြီးသတ်မှတ်သွားဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကို အကူအညီတောင်းထား တယ်''ဟု ဦးမောင်မောင်သိမ်းက ပြောသည်။

ယင်းသို့ဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီး အခွန်ဆုံး ရှုံးမှုမရှိစေရန် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ၁ဝဝ တန် ဝယ်ပြီး ၅ဝ နှင့် စာချုပ်,ချုပ်ကာ ၅ဝ အတွက်သာ အခွန် ဆောင်ပြီး အခွန်သက်သာအောင် ဆောင်ရွက်ခြင်းများကို တားဆီးနိုင်မည်ဖြစ်ကြောင်း ရှင်းပြသည်။

''အဓိက,ကတော့ အခွန်ဆုံးရှုံးမှုတွေမဖြစ်အောင် လုပ်တာ။ ၁ဝဝ တန်ကိုဝယ်ပြီး ၅ဝ နဲ့ တံဆိပ်ခေါင်းနဲ့ စာချုပ်,ချုပ်တဲ့အခါ ၁ဝဝ မှာ ခုနစ်ကျပ်ရမယ့်အခွန်က လျော့သွားတယ်။ အစိုးရက နစ်တာတယ်ပေါ့။ ဒါကြောင့် လုပ်တာ''ဟု ဦးမောင်မောင်သိမ်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဈေးနှုန်းသတ် မှတ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေစာရင်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလကုန် တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်၊ခြံ၊မြေစံနှုန်း များကို ကြေညာသွားမည်ဟုလည်း သိရသည်။

ယင်းသို့ဈေးနှုန်းသတ်မှတ်ခြင်းနှင့်ပတ်သက်ပြီး စီးပွား ရေးနှင့် ဥပဒေပညာရှင် ဦးတင်သန်းဦးက ''ဒီလိုသတ်မှတ် ဆောင်ရွက်ခြင်းအားဖြင့် မြေဈေးကျအောင်လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဈေးကွက်ဝယ်လိုအားနဲ့ ရောင်းလိုအားက အစိုးရသတ်မှတ်တဲ့အပေါ်မှာ လုပ်နေတာမဟုတ်ဘူး။ စီးပွားရေး အရ ရောင်းလိုအား နဲ့ ၀ယ်လိုအား ဟာ သူ့ဘာသာ စီးဆင်းနေတဲ့သဘောပါ''ဟု မဇ္ဈိမသို့ ပြောထားသည်။

နိုင်ငံတော်လူမှုစီးပွားဖွံ့ဖြိုးရေး အကြံပေးကောင်စီ အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ကလည်း မြေဈေးနှုန်းများ ကြီးမြင့်ခြင်းသည် ဈေးကွက်စီးပွားရေး အရ ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ် မူတည်ကာ ဖြစ်ပေါ်နေခြင်းကြောင့် အစိုးရအနေဖြင့် ဝင်ရောက်ထိန်း ချုပ်ခြင်း လုံးဝမလုပ်သင့်ကြောင်း ဇူလိုင်ကအတွင်းက ကျင်းပသည့် အိမ်ခြံမြေဆိုင်ရာဟောပြောပွဲတစ်ခုတွင် ပြောဆိုထားသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service