ရန်ကုန်အိမ်၊ ခြံ၊ မြေဈေး စံနှုန်း September လကုန် စတင်ကြေညာမည်

ရန်ကုန်အိမ်၊ ခြံ၊ မြေဈေး စံနှုန်း September လကုန် စတင်ကြေညာမည် - Property News in Myanmar from iMyanmarHouse.com
13 Nov 2013 3:52 pm တွင် တင်ခဲ့သည်
940 ကြိမ် ကြည့်ရှု့ပြီး
အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်မားခြင်းကို လျှော့ချရန် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေး စံနှုန်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ သတ်မှတ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဈေးနှုန်းသတ်မှတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြေစာရင်း ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အရာရှိများ ပါဝင်သည့် အဖွဲ့ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကပြောဆိုသည်။

အခွန်ဆောင်ရန် ဈေးနှုန်းသတ်မှတ်ခြင်းသည် ပြောင်းလဲမှုများ ရှိနိုင်ပြီး ပြင်ပပေါက်ဈေး အပြောင်းအလဲရှိပါက စံနှုန်းပြောင်းလဲမှုများ ရှိနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်သူများ စရိတ်သက်သာစွာ အခွန်ထမ်းဆောင်ရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် ယခုကဲ့သို့ နှုန်းထား သတ်မှတ်ခြင်း ဖြစ်ကြောင်း ကာလတန်ဖိုး သတ်မှတ်ရေး အဖွဲ့ထံမှ သိရသည်။

“ပွဲစားတွေအတွက်တော့ အနည်းငယ်ထိခိုက်မှု ရှိနိုင်တယ်။ ပြည်သူတွေအတွက်တော့ စရိတ်သက်သာစေပါတယ်” ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြို့နယ်အလိုက် စံနှုန်းများအား ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံးတွင် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ စံနှုန်းများ ကြေညာသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“အခွန်နှုန်း သတ်မှတ်တယ်ဆိုတာက သတ်မှတ်တဲ့ ဈေးနှုန်း တစ်ခုထက် ကျော်လို့မရဘူးဆိုတဲ့ သဘောပဲ။ ဒီလိုသတ်မှတ်ရတယ်ဆိုတာ ရှိသင့်ရှိထိုက်တဲ့ ဈေးနှုန်းထက် ကျော်နေလို့ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ထက်နိမ့်အောင် ဘယ်လိုလုပ်ရမလဲ၊ ဘာကြောင့် ဒီလိုဈေးတွေ မြင့်နေရတာလဲ ဆိုတာကို အဖြေရှာသင့်တယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန် မြင့်မားနေခြင်းနှင့် အခွန်အကောက်များ ဆုံးရှုံးနေခြင်းကို ကာကွယ်ရန် ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်း မြို့နယ်အလိုက် တစ်ပေပတ်လည် ဈေးနှုန်းများ သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သြဂုတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်သော အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

ယင်းသို့ သတ်မှတ်မည် ဆိုခြင်းကြောင့် ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းတွင် စီပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးဆောင်များ လက်တွန့်နေခြင်းကြောင့် အရောင်းအဝယ်မှာ အလွန် အေးစက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

ဒလမြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည်လည်း ယခင်က အလျား ပေ ၂၀၊ အနံ ပေ ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၁၂၀၀ ခန့်မှ ယခုကျပ်သိန်း ၅၀၀ ထိ ထိုးကျသွားကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးနေမျိုးအောင်က ပြောကြားသည်။

Credit:The Voice Weekly

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service