ပဲခူးမြို့တွင်းသာမက ရန်ကုန်-ပဲခူး လမ်းမပေါ်မြေများပါ အရောင်းအဝယ်ဖြစ်

ပဲခူးမြို့တွင်းသာမက ရန်ကုန်-ပဲခူး လမ်းမပေါ်မြေများပါ အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
13 Nov 2013 3:36 pm တွင် တင်ခဲ့သည်
2389 ကြိမ် ကြည့်ရှု့ပြီး
ဟံသာဝတီလေဆိပ်စီမံကိန်းကြောင့် ပဲခူးဒေသမြေဈေးနှုန်းများ မြင့်တက်လာပြီး နောက်တွင် ရန်ကုန်-ပဲခူး လမ်းပိုင်းမြေဈေးများပါ မြင့်တက်ကာ အရောင်းအဝယ်ဖြစ် လာသည်ဟု အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း ရှင်များက ပြောသည်။

စိုင်းခွန်နောင် အိမ်ခြံမြေဝန်ဆောင်မှု ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးရန်အောင် က ''ဟံသာဝတီလေဆိပ်စီမံကိန်းကြောင့်ပဲ ပဲခူးမြေဈေးတွေတက်တယ်။ ရန်ကုန်နဲ့ ပဲခူး ကြားကလည်း နောက်ဆိုရင် အဓိကကျလာ မှာဖြစ်တဲ့အတွက် အရောင်းအဝယ်ဖြစ်လာ ကြတယ်''ဟု ပြောသည်။

Estate Myanmar အိမ်ခြံမြေဝန်ဆောင် မှုကုမ္ပဏီ၏ ပဲခူးဒေသအကျိုးဆောင် ဦးပြည်ဟိန်းက အမှတ်(၂) လမ်းမကြီးတစ်လျှောက်တွင် ယခုရက်ပိုင်းအတွင်း၌ပင် မြေကွက် ရှစ်ကွက်ခန့် အရောင်းအဝယ်ဖြစ်ကြောင်း စီမံကိန်းမစမီကဆိုလျှင် အရောင်းအဝယ်မရှိ သည့်နေရာများဖြစ်ကြောင်း ဆိုသည်။ အခြားအကျိုးဆောင်လုပ်ငန်းများလည်း ယင်းလမ်းတစ်လျှောက်တွင် အရောင်းအဝယ် ဖြစ်ကြသည်ဟု ဆိုသည်။

ရန်ကုန် - ပဲခူး လမ်းမတစ်လျှောက်ရှိ လှည်းကူး၊ အင်းတကော်၊ အင်းတိုင်တို့တွင် မြေဈေးများ မြေအမျိုးအစားပေါ်မူတည်ကာ နှစ်ဆ ခန့်မြင့်တက်လာပြီး တစ်ပေပတ်လည် လျှင် ကျပ် ၄ဝ,ဝဝဝ ကျော် ဈေးပေါက်လာ ကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများ က ဆိုသည်။

ရန်ကုန်နှင့် ပဲခူး လမ်းမကြီးပိုင်းပေါ်ရှိ ရွာသာကြီးမြေဈေးများမှာ ပေ ၇ဝ ဍ္ဍ ၁ဝဝ လျှင် သိန်း ၂၅ဝဝ ဝန်းကျင်ခန့်အထိ ဈေးများမြင့် တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဆိုသည်။

ရန်ကုန်-ပဲခူး လမ်းပိုင်းကြားရှိ မြေနေရာ များမှာ လေဆိပ်စီမံကိန်းကြောင့် ကုန်သွယ်မှု အရ ရန်ကုန်နှင့် ပဲခူး တစ်ဆက်တည်းဖြစ်လာ ပြီး ဟိုတယ်များ၊ အခြားအဆောင်အအုံများစွာ တိုးပွားလာနိုင်သည့်အတွက် ရင်းနှီးမြှုပ်နှံလာ ကြခြင်းဖြစ်ကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများက ဆိုသည်။

ဦးပြည်ဟိန်းက ''အမှတ်(၂)လမ်းပိုင်းမှာ မြေရောင်းဝယ်တာတွေရှိတယ်။ လေဆိပ်ပြီး ရင် ကုန်ဝင်ကုန်ထွက်အရ ဒဂုံဆိပ်ကမ်းနဲ့နီး တယ်။ အဲဒီဘက်မှာ အရောင်းအဝယ်တွေ ဖြစ်လာတယ်''ဟု ပြောသည်။

ပဲခူး

ဟံသာဝတီလေဆိပ်စီမံကိန်းကြောင့် မြင့်တက်လာသော ပဲခူးဒေသမြေဈေးနှုန်း များမှာ အမြင့်ဈေးဖြင့်ပင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများက ဆိုသည်။

''ပဲခူးဘက်ကတော့ အမြင့်ဈေးနဲ့ပဲ အ ရောင်း အဝယ်ဖြစ်နေတယ်။ တချို့ဆိုကျပ် သိန်း ၂ဝဝဝ လောက်အကွက်တွေက ကျပ် သိန်း ၂၅ဝဝ လောက်အထိ ဈေးတိုးပြီးရသွားတာ တောင်ရှိတယ်ဟု ဦးရန်အောင်က ပြောသည။်

ဟံသာဝတီလေဆိပ်စီမံကိန်းဧရိယာအနီး ရှိ ပေ ၆ဝဍ္ဍ ၈ဝ မြေကွက်များမှာ ကျပ်သိန်း ၂၅ဝဝ ဝန်းကျင်ခန့်ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ဆိုသည်။

မြေဈေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်း အား အစိုးရမှ တစ်ပေပတ်လည်မြေဈေးနှုန်း ဖြင့် တိုင်း နှင့် ပြည်နယ် အလုပ် ထိန်း ချုပ်မည့်သတင်းများကြောင့် ရန်ကုန်မြို့ရှိမြေ ဈေးနှုန်းများ ကျဆင်းသွားခြင်းမရှိသော်လည်း အရောင်းအဝယ်မှာ ငြိမ်သက်သွားကြောင်း အိမ်ခြံမြေလုပ်ငန်းများက ပြောသည်။

ရန်ကုန်မြို့ရှိ မြေဈေးကွက်အတွင်း အရောင်းအဝယ်ငြိမ်သက်သွားသော်လည်း လေဆိပ်ဝန်းကျင်၊ ပဲခူးနှင့် ရန်ကုန်နှင့်ပဲခူး ကြားရှိ မြေဈေးများ အရောင်းအဝယ်သွက် လျက်ရှိကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များ က ပြောသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service